ထရမ့်ကိုလုပ်ကြံဖို့ကြိုးပမ်းတာဟာ သေနတ်ကိုင်ဆောင်ထားတဲ့ သေနတ်ပိုင်ရှင်တွေကတော့ အခုလို လုပ်ကြံဖို့ ကြိုးပမ်းမှုတွေကြောင့် သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အမြင်တွေ ပြောင်းမသွားဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂမှာ မြန်မာ့အရေး ထိရောက်တဲ့ ဆုံးဖြတ်ချက် ထွက်လာဖို့ အလားအလာ ဘယ်လောက်အထိ မျှော်လင့်နိုင်ပါလဲ။ အာဆီယံနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အခန်းကဏ္ဍ ကရော ဘယ်လိုရှိပါလဲ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မခင်ဖြူထွေးက တွေ့ဆုံ မေးမြန်းထားပါတယ်။
ကိုဗစ် ၁၉ လို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ ထဲမှာ ရေဆိုးနမူနာကို စောင့်ကြည့်စစ်ဆေးမှု လည်းပါဝင်ပါတယ်။ ဘာကြောင့် စစ်ဆေးတာပါလဲ။ Utah ပြည်နယ် ကျန်းမာရေးဌာနက ဒေါ်ခင်ဇာဝင်းပြည့် ကို မေးမြန်းပြီး တင်ပြပေးမှာပါ ။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်ကာလမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာလူထုအတွက် ဆက်လက်ကိုယ်စားပြုနိုင်ရေး နယူးယောက်မြို့မှာ ထောက်ခံဆန္ဒထုတ်ဖေါ်ကြပါတယ်။
အိန္ဒိယနိုင်ငံက Samsung ကုမ္ပဏီ အလုပ်သမားတွေဟာ သူတို့တောင်းဆိုချက်တွေ ရလာတဲ့အထိ ဆက်လက် ဆန္ဒပြသွားဖို့ ဆုံးဖြတ်ထားတဲ့အကြောင်းနဲ့ သြစတြေးလျနိုင်ငံမှာတော့ ဈေးချပေးထားသယောင် လှည့်စားနေတဲ့ ကုန်တိုက်ကြီး ၂ ခုကို စားသုံးသူ ကာကွယ်ပေးရေးအဖွဲ့က တရားစွဲလိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ရေကြီးလာချိန် ကူးစက်ရောဂါဖြစ်ဖို့ အန္တရာယ် ဘာကြောင့်ပိုများသွားပြီး၊ ဘယ်လို ကူးစက်ရောဂါတွေကို ဘယ်ပုံကိုင်တွယ်သင့်ပါလဲ။ မြန်မာနိုင်ငံထဲ မိုးကြီးရေကြီးတာ ပြင်းပြင်းထန်ထန် ဖြစ်လာနေချိန်၊ ကူးစက်ရောဂါတွေဖြစ်ဖို့ အန္တရာယ်ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။
ကင်ညာ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး KWS အဖွဲ့ဟာ ခိုးပြီး အမဲလိုက်လေ့ရှိတဲ့ မုဆိုးတွေကို ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေမှာ ပြန်အသုံးပြုနေပါတယ်။ ဒီစီမံကိန်းကြောင့် ခိုးဝင်သတ်ဖြတ်မှုတွေ သိသိသာသာ လျော့ကျသွားတယ်လို့ KSW တာဝန်ခံတွေက ပြောပါတယ်။
ရုရှားနိုင်ငံမှာ လုံခြုံရေးအကူ အလုပ်တခုရမယ်ဆိုပြီး လိမ်လည်လှည့်ဖျားခံရကာ၊ ယူကရိန်းနဲ့တိုက်နေတဲ့ စစ်ပွဲမှာ ရုရှားတပ်သားအဖြစ် စုဆောင်းခံရတဲ့ အိန္ဒိယနိုင်ငံသားတွေထဲက လူငယ်တဦးဟာ အစိုးရရဲ့ကြားဝင်ကူညီပေးမှုကြောင့် မကြာသေးခင်က အိန္ဒိယကို ပြန်ရောက်လာပါတယ်။
သစ်သီးဝိုင်ထုတ်လုပ်ရေးမှာ အနောက်နိုင်ငံတွေဟာ ရှေ့တန်းမှာ ရောက်နေပြီး အစဥ်အလာအားဖြင့် လုပ်ငန်းစဥ်တရပ်လုံးကို အမျိုးသားတွေကပဲ အဓိကလုပ်ဆောင်ကြတာများပါတယ် ။ ဒါပေမယ့်လည်း သစ်သီးဝိုင် ထုတ်လုပ်ရေး အခုမှ စတင်ဖွံဖြိုးလာတဲ့ တရုတ်နိုင်ငံမှာတော့ အမျိုးသမီးတွေကသာ လုပ်ငန်းစဥ်တခုလုံးကို ဦးဆောင်ပါ၀င်နေကြပါတယ်။
သံဖြူဇရပ်မြို့အခြေစိုက် လူမှုကူညီရေး အသင်းဝင် ၁၁ ယောက်ကို PDF တွေနဲ့ ပတ်သက်မှု ရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ မွန်တော်လှန်ရေး အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ဖို့ မွန်လူငယ်အဖွဲ့တွေကြား ဘုံသဘောတူညီချက် ရရှိခဲ့တဲ့အကြောင်း တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း Helene ဝင်ရောက်တိုက်ခတ်နေတာကြောင့် မုန်တိုင်းလမ်းကြောင်းကျရာ မြို့တွေက ဒေသခံတွေ သိန်းနဲ့ချီပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ခိုလှုံနေပါတယ်။ မုန်တိုင်းတိုက်ခတ်နေတဲ့ နောက်ဆုံး အခြအနေကို Tampa မြို့ခံ ကိုအောင်မြတ်သူ ရှင်းပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။