လက်ဘနွန်မှာ စက်တင်ဘာ ၁၇ ရက်နေ့က လူပေါင်း ၃၀၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တဲ့ Pager သတင်းပို့ကိရိယာတွေ ပေါက်ကွဲမှုဖြစ်ရပ်ဟာ Hezbollah အဖွဲ့ရဲ့ သမိုင်းမှာ "အကြီးမားဆုံး လုံခြုံရေးကျိုးပေါက်မှု" ဖြစ်တယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။ ရိုက်တာသတင်းဆောင်းပါးကို ကိုဝင်းခန့်မောင်ပြောပြထားပါတယ်။
အမေရိပြည်ထောင်စုဟာ အာရှပစိဖိတ်ဒေသတွင်း ဂျပန်နဲ့ တောင်ကိုရီးယားအပါအဝင် မဟာမိတ် လက်တွဲဖက် နိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မကြာသေးခင်နှစ်တွေအတွင်း ပိုပြီး နက်နက်ရှိုင်းရှိုင်းတိုး ဆောင်ရွက်လာခဲ့ပါတယ်။
တိုင်းပြည်အခြေအနေ ယိုယွင်းပျက်ပြားနေပြီး နိုင်ငံရေး လွတ်လပ်မှု ကင်းမဲ့နေတဲ့အချိန်မှာ ကျင်းပမယ့် ဒီရွေးကောက်ပွဲရဲ့ အလားအလာက ဘယ်လိုရှိနိုင်သလဲဆိုတာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ကရင်နီဒေသမှာ စာသင်ကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက်ကာကွယ်ပေးဖို့ ကရင်နီလူငယ်ကျောင်းဆရာ၊ ဆရာမတွေက တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ ရွေးကောက်ပွဲကိုတော့ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအဝင် ၇ ယောက်ဝင်အရွေးခံမှာဖြစ်ပါတယ်။ ပရီမီးယာလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် မန်စီးတီးအသင်းကို လွတ်လပ်တဲ့ကော်မရှင်က စတင်စစ်ဆေးနေပါပြီ။
တရုတ်တက္ကသိုလ်တွေမှာ တက်နေတဲ့ အမေရိကန်ကျောင်းသားတချို့ရှိပေမဲ့ အမေရိကန်တက္ကသိုလ်တွေမှာ လာတက်နေတဲ့ တရုတ်ကျောင်းသားအရေအတွက်နဲ့ ယှဉ်ရင် အလွန်ကိုနည်းပါးပါတယ်။ အမေရိကန်ရောက် တရုတ်ကျောင်းသားတွေအကြောင်း Katherine Michaelson သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပါမယ်။
El Salvador နိုင်ငံက Nejapa မြို့မှာ နှစ်စဉ် မီးလုံးကြီးတွေနဲ့ ပစ်ပေါက်ကစားတဲ့ ပွဲတော်ကျင်းပပါတယ်။ ထူးခြား အန္တရာယ်များလှပေမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ မီးပစ်ပွဲတော်ကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
အာဏာသိမ်းကာစကနေ ယခုအချိန်ထိ ပြည်အကူအညီတွေကို ထိထိရောက်ရောက်မရရှိတဲ့ တဲ့ မြန်မာ့ပြည်တွင်းစစ်က လိုအပ်နေတဲ့အကူအညီတွေကို မြန်မာပြည်သူတွေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ရံပုံငွေတွေ ရှာဖွေပြီး တတ်နိုင်သလောက် ကူညီနေကြပါတယ်။
ယိုယွင်းနေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ရင်ဆိုင်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို အဓိကထားဖို့ ဗြိတိန်သံအမတ်ကြီးဟောင်းလည်းဖြစ်၊ မြန်မာ့စီးပွါးရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB ရဲ့ ညွှန်ကြားရေးမှုးလည်းဖြစ်တဲ့ Vicky Bowman က ထောက်ပြသွားပါတယ်။
အစ္စရေး အလယ်ပိုင်းကို မစ်ဇိုင်းနဲ့ တိုက်ခိုက်တာကြောင့် တူညီတဲ့ အကျိုးဆက် ရင်ဆိုင်ရစေမယ်လို့ အစ္စရေးဝန်ကြီးချုပ်က ကြိမ်းဝါး ပြောဆိုလိုက်ပါတယ်။ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်နိုင်ငံက ဟူသီစစ်သွေးကြွတွေက ခုလိုတိုက်ခိုက်ခဲ့တာပါ။
မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍမှာ ၂၀၂၄ ခုနှစ်အတွင်း ၂.၆ ရာခိုင်နှုန်း ကျဆင်းမယ်လို့ သုတေသနစာစောင်တခုက ထောက်ပြလိုက်ပါတယ်။ နယ်စပ်ဒေသတွေမှာတော့ ဆောက်လုပ်ရေးတချို့ ဆက်လက် ဖြစ်ထွန်းနေပြီး ပြည်မကြီးဘက်မှာ နှေးကွေးသွားတာလို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ စီးပွားရေးအစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။