ဆီးရီးယားနိုင်ငံဟာ မြန်မာတိုအတွက် ကျရှုံးနိုင်ငံ မဖြစ်အောင် နမူနာထားဆင်ခြင်ရမဲ့ ပြယုဂ်တခုဖြစ်ခဲ့ရာက အာဏာရှင် အာဆတ်အုပ်ချုပ်ရေး ပြုတ်ကျသွားပြီးတဲ့နောက်မှာတော့ အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေအတွက် အားကျအတုယူစရာ ဖြစ်လာခဲ့ပါတယ်။
လေကြောင်းကုမ္ပဏီတွေက လျှပ်စစ်စွမ်းအင်သုံး လေယာဉ်အမျိုးအစား ရဟတ်ယာဉ် taxi သစ်တွေကို အများပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ စမ်းသပ်နေကြပါတယ်။ ဒီရဟတ်ယာဉ် taxi တွေက မြေပြင်တက္ကစီကားတွေထက် အချိန်ကုန်သက်သာစေပါတယ်။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီးအလိမ္မာပြောပြပေးပါမယ်။
ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၀ မှာ သမ္မတတာဝန် လွှဲပြောင်းယူတဲ့အခါ အစိုးရအသုံးစရိတ်တွေ လျှော့ချသွားမယ်လို့ ကတိပြုထားပါတယ်။ ဒီလို အစိုးရရဲ့ အခန်းကဏ္ဍ လျှော့ချဖို့ စိတ်ကူးက အခုမှမဟုတ်ပဲ အရင်ကလည်း အမေရိကန်ခေါင်းဆောင်တွေ လုပ်ဆောင်ချင်တဲ့ ကိစ္စဖြစ်ပါတယ်။ ကိုစည်သူ တင်ပြထားပါတယ်။
အင်ဒိုနီးရှားနည်းပြသစ် Patrick Kluivert က လာမယ့် ကမ္ဘာ့ဖလားအတွက် သူ့ရဲ့ ရည်မှးန်ချက်ကို ပြောလိုက်ပါတယ်။ အမေရိကန်ရဲ့ အိုလံပစ်ရေကူးချန်ပီယံဟောင်းတဦး LA တောမီးလောင်ကျွမ်းမှုအတွင်း သူ့ရဲ့ဆုတံဆိပ်တွေကို ထားပြီးထွက်ပြေးခဲ့ရပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က သူရာထူးက မထွက်ခွာခင် တပတ်အလို တနင်္လာနေ့က သူ့နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ရှင်းလင်းမိန့်ခွန်း ပြောခဲ့ပါတယ်။ Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ကယ်လီဖိုးနီးယားပြည်နယ် L.A တဝိုက် အဆိုးဝါးအပြင်းထန်ဆုံး တောမီး ကူးစက်လောင်ကျွမ်းမှုတွေရှိနေရာမှာ၊ ဒေသခံတွေထဲ အမေရိကန်ရောက် မြန်မာမိသားစုတွေလည်း ရှိနေကြပါတယ်။ မီးကြောင့် သေဆုံးသူ ၂၄ ဦးထက်မနည်းရှိနေပြီး၊ အခုအချိန်ထိတော့ မြန်မာမိသားစုအများစု ဘေးကင်းနေတယ်လို့သိရပါတယ်။
ကမ္ဘာ့အံ့ဘွယ် ၇ ခုမှာပါတဲ့ ဂျော်ဒန်ရှေးဟောင်း Petra မြို့ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေဟာ အရှေ့အလယ်ပိုင်းဒေသစစ်ပွဲတွေကြောင့် ဧည့်သည်အင်မတန်နည်းသွားပေမဲ့ အရောက်လာတဲ့ ဧည့်သည်တွေအတွက် ပြင်ဆင် ကြိုဆိုနေတဲ့ Petra မြို့ဟောင်းဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြရအောင်ပါ။
မြန်မာနိုင်ငံမှာ တောင်သူလယ်သမားအများစုဟာ စိုက်ပျိုးရေးအတွက် ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲ အသုံးပြုတဲ့ အလေ့အထ သိပ်မရှိကြပဲ မလိုအပ်တဲ့နေရာတွေမှာ ဖြုန်းတီးကြတာက များပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က ဒီတပတ် မြေကြီးသြဇာ အစီအစဥ်ကနေ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ ဒရုန်းတွေကို တိုက်ခိုက်ရေးမှာ ထိထိရောက်ရောက်အသုံးပြုခဲ့ကြတဲ့အတွက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ နယ်မြေတွေ အများအပြား ဆုံးရှုံးခဲ့ကြရပါတယ်။ ဒီအကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။
ဘုရင့်မင်္ဂလာဆောင်၊ နန်းတက်ပွဲ၊ ဂူသွင်းပွဲတွေ ပြုလုပ်လေ့ရှိပြီး ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိတဲ့ လန်ဒန်မြို့က ဝက်စ်မင်စတာဘုရားကျောင်းထဲကို တနင်္လာနေ့မနက်က ရာသီဥတုအရေးလှုပ်ရှားသူနှစ်ဦး ဝင်ရောက်လာပြီး ဒါဝင်ရဲ့ဂူပေါ်မှာ မှုတ်ဆေးဖြန်းခဲ့တယ်လို့ လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေက အရင် စစ်အစိုးရခေတ်တွေကလို အလွတ်တကူ “အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေးယူရအောင်” ဆိုရုံလောက်နဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူးလို့ လူငယ် နိုင်ငံရေး အင်အားစုတွေက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။