အကောက်ခွန်စနစ် အပြောင်းအလဲကြောင့် ကုန်ဈေးနှုန်းထပ်တက်မှာကို စားသုံးသူတွေစိုးရိမ်ကြသလို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက လုပ်ငန်းတွေ ဆက်လက် မလည်ပတ်နိုင်တော့မယ့် အရေးကို စိုးရိမ်နေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အင်္ဂလန်တောင်ပိုင်း ထုံးကျောက်တွင်းတခုမှာ ရွှံ့စေးတူးနေတဲ့ အလုပ်သမားတယောက်က ထူးဆန်းတဲ့အဖုတွေကို သတိပြုမိခဲ့ရာကနေ နှစ်သန်းပေါင်း ၁၆၆ သက်တမ်းရှိ ဒိုင်နိုဆော ခြေရာပေါင်း ၂၀၀ နီးပါးနဲ့ "ဒိုင်နိုဆောလမ်းမကြီး" တခုကို တွေ့ရှိခဲ့ပါတယ်။
ဟာဝိုင်အီမှာ တရားမဝင် မီးရှူးမီးပန်းတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုတွေက သိပ်မအောင်မြင်ပဲ မကြာခင်ရက်ပိုင်းကလည်း မီးရှူးမီးပန်း မတော်တဆမှုကြောင့် လူသေဆုံးရတာတွေ ရှိခဲ့ပါတယ်။ ဟာဝိုင်ယီကို တရားမဝင်မီးရှူးမီးပန်းတွေ နေ့စဉ်လိုလို ပြည်ပကနေ ခိုးသွင်းနေတာ ဖြစ်ပါတယ်။
၂၀၂၅ နှစ်သစ်ကတော့ ကူးပြောင်းခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာတဝန်းက လူ သန်းပေါင်း များစွာအတွက် မြွေနှစ် စမယ့် တရုတ်နှစ်သစ်ကူး ကတော့ မစသေးပါဘူး။ ဒီ ဇန်နဝါရီ လကုန်လောက်မှာမှ နဂါးနှစ်ကို နှုတ်ဆက်ပြီး မြွေနှစ်ကို ကူးပြောင်းမှာ ဖြစ်ပါတယ်။
မူကြိုကနေ GED Level အထိ သင်ကြားပေးသလို ထိုင်းပညာရေးစနစ်နဲ့ ဆက်သွယ်ပေါင်းကူးပေးတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပါမြို့ကရွှေ့ပြောင်းမြန်မာကလေးများ အထက်တန်းကျောင်း (ULC) အကြောင်း ဦးသိန်းထိုက်ဦး ရိုက်ကူးတင်ပြထားပါတယ်။
ဒီတပတ်တော့ နော်သဇင်က ချက်သမ္မတနိုင်ငံ ပရာဂ်မြို့တော်ကိုရောက်ရင် သွားကိုသွားလည်သင့်တဲ့ နေရာ ၅ ခု ကို စုစည်းတင်ပြပေးထားပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ မိုင်ပေါင်း ထောင်နဲ့ချီခရီးနှင်ပြီး လာကြည့်ကြတဲ့ ထူးခြားတဲ့ နေရာလေးတွေကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
လက်ရှိအနေအထားတွေအရ လာမယ့် ၂၀၂၅ မှာ မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုရှိနိုင်သလဲ။ ၂၀၂၅ ကမ္ဘာကြီးကရော နည်းပညာသစ်တွေအရ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲဆိုတာ မီဒီယာတွေရဲ့ ကြိုတင်ခန့်မှန်းရေးသားချက်တွေကို ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
အီးယူဥရောပသမဂ္ဂအနေနဲ့ ၂၀၃၅ ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင်တဲ့ကားတွေအသုံးပြုမှုကိုရပ်ဆိုင်းဖို့ စီမံချက်ချမှတ်ထားတာမှာ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ နော်ဝေနိုင်ငံအနေနဲ့ ဒေသတွင်း Ev လျှပ်စစ်ကား ပိုမိုအသုံးပြုလာစေဖို့ဆောင်ရွက်နေတဲ့အကြောင်း ရိုက်တာသတင်းဆောင်းပါးကို ကိုစံကျော်က ပြောပြပေးပါမယ်။
တရုတ် အစိုးရကို ဆန္ဒပြတာက မူဝါဒတွေ ပြောင်းဖို့ ဖြစ်ပြီး တရုတ် မုန်းတီးရေး လုံးဝ ဖြစ်စရာ မရှိဘူးလို့ ဝါရှင်တန်ဒီစီ တရုတ် နိုင်ငံ သံရုံးရှေ့မှာ မြန်မာ အင်အားစုတွေ ကန့်ကွက် ဆန္ဒပြခဲ့ရာမှာ ဦးဆောင် လှုပ်ရှားခဲ့သူ တေးရေး/တေးဆို လင်းထက်က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်တွေ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းဝန်းကျင်ကတော့ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲပါ။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ အခုတပတ် ISP-Myanmarရဲ့ မြင်ကွင်းကျယ်မှတ်စုမှာ အချက်အလက် အခြေပြုပြီး ဖော်ပြထားပါတယ်။
တောင်ကိုရီးယားမှာရပ်ဆိုင်းခံသမ္မတယွန်စွတ်ယိုးကိုဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူးနိုင်ငံတကာအခြေအနေတွေကြောင့်ထိုင်ဝမ်ကာကွယ်ရေးတိုးမြှင့်သွားမယ်လို့သမ္မတလိုင်ချင်တေကပြောပါတယ်တရုတ်အနေနဲ့စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မှာဖြစ်တယ်လို့သမ္မတရှီကျင်းပင်ကပြောပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
မြန်မာစစ်ကောင်စီကို မိတ်ဖက်အဖြစ် ဆက်ဆံနေတဲ့ တရုတ်ကို ဖိအားပေးဖို့ ရီပါပလင်ကန်တွေ ကြီးစိုးထားတဲ့ အမေရိကန်လွှတ်တော်သစ်ကို မြန်မာနွယ်ဖွားတွေ ချဥ်းကပ်ဆောင်ရွက်ဖို့ရှိကြောင်း LA2M လော့စ်အိန်ဂျိလိ မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းစ်ရွှေက ဗွီအိုအေကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။