ခရစ်တိုငွေကြေးမှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာမယ့်အပေါ် မျှော်လင့်ချက်ကြီးတွေ နဲ့ စောင့်မျှော်နေကြပါတယ်။ ထရမ့်ဟာ ဒီဂျစ်တယ်ငွေကြးတွေ ဘက်ကနေ ကာကွယ်ပေးမယ့် သူအနေနဲ့ မဲဆွယ်ခဲ့တာပါ။ Scott Stearns သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတရပ် ပြဌာန်းလိုက်တဲ့အကြောင်း Angelina Bagdasaryan ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ထိုင်ဝမ်သမ္မတလိုင်ချင်းတေအမေရိကန်ပြည်ထောင်စုမှာ ခေတ္တရပ်နားမယ့်ကိစ္စတရုတ်ကအပြင်းအထန်ကန့်ကွက်ပါတယ်။တရုတ်ရုရှားစစ်လေယဉ်တွေ လည်းဂျပန်ပင်လယ်ထဲကင်းလှည့်ခဲ့ပါတယ်။အစ္စရေးနဲ့ဟစ်ဇဘိုလာအပစ်ဖို့သဘောတူလိုက်တဲ့အတွက်အိုးအိမ်စွန့်ခွါရသူတွေပြန်လာနေကြပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ဒီအပတ် နော်သဇင်က ဂျာမနီက အကြီးဆုံးပွဲတော်ဖြစ်တဲ့ ခရစ်စမတ် ဈေးရောင်းပွဲတော်ကို သွားခဲ့ပါတယ်။ သဇင့်ရဲ့ ပထမဦးဆုံး စတူးဂတ်မြို့ ခရစ်စမတ်ဈေးရောင်းပွဲတော်ဖွင့်ပွဲကို လိုက်ကြည့်ကြရအောင်။
နိုင်ငံခြားမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို စစ်မှုထမ်းပြန်ခေါ်ဖို့ စစ်ကောင်စီရဲ့ စီမံချက်ကြောင့် မြန်မာနိုင်ငံကို အရေးယူမယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)က ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ ဒီအကြောင်း ပြည်သွေးနိုင်က ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆွေးနွေးတင်ပြထားပါတယ်။
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နဲ့ ထိုင်းစစ်တပ်အကြား နယ်မြေအငြင်းပွားနေပါတယ်။ တပ်စခန်းတွေကို ဆုတ်ပေးဖို့လည်း ထိုင်းစစ်တပ်က တောင်းဆိုထားပါတယ်။ ISP-Myanmar ရဲ့ အခုတပတ်မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ဒီအကြောင်းအရာကို လေ့လာဆန်းစစ် ဖော်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုဟာ လူ့ကျန်းမာရေးကို ထိခိုက်လာတဲ့အဆင့်ထိ စံချိန်တင်ရောက်ရှိလာပြီး မိုးခေါင်ရေရှားတာ၊ ရေကြီးလျှံတာကနေ အငတ်ဘေးဆိုက်တဲ့ အထိတောင်ရောက်လာပြီလို့ The Lancet ကမ္ဘာ့ထိပ်တန်းကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ICC နိုင်ငံတကာရာဇ၀တ်ခုံရုံးက ဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေချုပ် Karim Khan ရဲ့ ကြိုးပမ်းချက်ကို စစ်ကောင်စီက ကန့်ကွက်ခဲ့ပေမဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူရေး တရားမျှတမှုလမ်းကြောင်းအဖြစ် NUG အစိုးရနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက အထူးကြိုဆိုခဲ့ကြပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ICC နိုင်ငံတကာရာဇ၀တ်ခုံရုံးက ဖမ်း၀ရမ်းထုတ်ဖို့ ရှေ့နေချုပ် Karim Khan ရဲ့ ကြိုးပမ်းချက်ကို စစ်ကောင်စီက ကန့်ကွက်ခဲ့ပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် နိုင်ငံတကာဥပဒေနဲ့ အညီအရေးယူရေး တရားမျှတမှုလမ်းကြောင်းအဖြစ် NUG အစိုးရနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက အထူး ကြိုဆိုခဲ့ကြပါတယ်။
ဘယ်တော့မှ နောင်တမရချင်လို့ မသေခင်မှာ ကျောပိုးအိတ်တလုံးလွယ်ပြီး စွန့်စားရတဲ့ ခရီးတွေ ထွက်ချင်တယ်လို့ပြောတဲ့ ကရင်လူငယ်တဦးက မြို့ပြ အင်ဂျင်နီယာတယောက် ဘဝကို စွန့်ပြီး သူဝါသနာပါတဲ့ အတိုင်း စွန့်စားခရီးတွေ သွားနေသူပါ။ စွန့်စားခရီးသွားရတာကို ဝါသနာပါတဲ့ လူငယ်လေးကို မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
တယ်လီဖုန်းပေါ်က လူလိမ်တွေကို ရင်ဆိုင်ဖို့ ဉာဏ်ရည်တုနည်းပညာသုံး AI Granny ဖွားဖွားကို ဗြိတိန်ကုမ္ပဏီ ဖန်တီး၊ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစံချိန်နေ့အထိမ်းအမှတ် ကမ္ဘာ့အရပ်အရှည်ဆုံးနဲ့ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးတို့ တွေ့ဆုံ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှု ခံနေရတဲ့ အမျိုးသမီးတွေ မနည်းလှပါဘူး။ ဒီအခြေအနေတွေကနေ ရုန်းထွက်နိုင်ဖို့ ဘယ်လို နည်းလမ်းတွေ ရှိသလဲဆိုတာ Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။