နိုင်ငံတကာမှာ ပညာသင်ယူဖို့ တနေ့တခြား အခက်အခဲမျိုးစုံ ကြုံနေရတဲ့ မြန်မာလူငယ်တွေအတွက် အမေရိကန်အစိုးရက စီစဉ်တဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစီအစဉ်က အခွင့်အလမ်းကောင်း တရပ် ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ရွေးချယ်ခံရဖို့ ပြင်ဆင်သင့်တာတွေနဲ့ ပတ်သက်ပြီး GenZ အစီအစဉ်မှာ မခင်လေး တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံက မြို့လေးတမြို့မှာ နှစ်စဉ်ကျင်းပမြဲ မီးတောက်ကတ္တရာ ထမ်းပြေးပွဲ ကျင်းပ၊ ဂျပန်သုတေသီတွေ တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုလ်တု သေးသေးလေးကို SpaceX အစီအစဉ်နဲ့ အာကာသထဲ လွှတ်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
အမေရိကန် လွှတ်တော်က ပြဌာန်းခဲ့တဲ့ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်လာ ၁၂၁ သန်း အထောက်အပံ့ပေးဖို့ အတည်ပြုထားပါတယ်။ ဒီရန်ပုံငွေရဲ့ ရာခိုင်နှုန်းဘယ်လောက် အောက်ခြေကို ရောက်နိုင်ပါမလဲ။
တိုက်ပွဲတွေကြောင့် နေအိမ်တွေစွန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတဲ့ ပြည်တွင်းဒုက္ခသည်အများစု တိုက်ပွဲတွေ ရပ်သွားချိန်မှာ ဘာကြောင့် အိမ်မပြန်နိုင်ကြသေးတာပါလဲ။ လွိုင်ကော်က စစ်ဘေးရှောင်တချို့ရဲ့ ကိုယ်တွေ့အခြေအနေတွေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ၊ ဒုသမ္မတ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ကိုယ်စားပြု အမတ်တွေ ဖြစ်လာနိုင်ဖို့ အခြေခံဥပဒေမှာ ဘယ်လို သတ်မှတ်ချက်တွေ ရှိပါသလဲ။ မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဥ်မှာ ပြောပြထားပါတယ်။
ကြက်သွန်နဲ့ လယ်ယာထွက် ပို့ကုန်ရငွေ တချို့တဝက်ကို စစ်ကောင်စီသတ်မှတ်ဈေးနဲ့ လဲလှယ်ဖို့ ညွှန်ကြားလိုက်လို့ တောင်သူတွေတင်မက ကြားကကုန်သည်တွေနဲ့ နောက်ဆုံး စားသုံးသူတွေအထိပါ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလို လယ်ယာစီးပွားသတင်းတွေနဲ့ သီးနှံဈေးနှုန်းတွေ စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
ရခိုင်ပြည်သူတွေ အငတ်ဘေးအန္တရာယ် ရင်ဆိုင်ရဖို့ရှိဟု ကုလသတိပေး၊ တရုတ်က မြန်မာနဲ့အတူ တွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း တရုတ်ဝန်ကြီးချုပ် စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံစဉ်ပြော၊ KIA က တရုတ်၊ မြန်မာနယ်စပ်ဒေသတွေကို ထိန်းချုပ်ဟု ကြေညာစသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရွေးကောက်ခံ သမ္မတ Donald Trump ရဲ့ မဲဆွယ်အစီအစဉ်တွေမှာ နယ်စပ်လုံခြုံရေး၊ စီးပွားရေး ခိုင်မာကောင်းမွန်ရေးနဲ့ အမေရိကန် နိုင်ငံကို ပထမဦးစားပေး အဖြစ်ထားရှိရေးတွေ ပါဝင်ပါတယ်။ သူ့ရဲ့ ကတိစကားတွေက ထင်ရှားပေမဲ့လည်း ဒါတွေကို ဘယ်လိုလုပ်ဆောင်မလဲ ဆိုတဲ့ အသေးစိတ်ကတော့ တင်ပြထားတာနည်းပါတယ်။
စက်တွေကို သက်ရှိတွေလို တွေးခေါ် စဉ်းစားနိုင်ဖို့ သင်ကြားပေးတဲ့ နည်းစနစ်တွေထဲက ဆုပေးဒဏ်ပေးပုံစံသင်ကြားပေးတဲ့ Reinforcement Learning စနစ် အကြောင်း NECTEC ထိုင်းအမျိုးသား အီလက်ထရောနစ်နဲ့ ကွန်ပြူတာနည်းပညာဌာနက AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
၄၇ ယောက်မြောက် အမေရိကန်သမ္မတ Donald Trump ရဲ့ အမေရိက ပထမ ဆိုတဲ့ မူဝါဒကနေ မဟာမိတ်အာရှနိုင်ငံတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မှာပါလဲ။ အထူးသဖြင့် တောင်ကိုရီးယားနဲ့ ထိုင်ဝမ်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ ပိုပြီး နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားမဲ့အကြောင်း ပြောနေတာပါ။
ဒီတပတ်မှာတော့ တချိန်က ဧည့်လမ်းညွှန်တယောက် လုပ်ခဲ့တဲ့ မမြရည်နန္ဒာ သူနာပြုအလုပ်ကို ဘာကြောင့် စိတ်ဝင်တစား လေ့လာခဲ့ပြီး ဘာတွေ ရှေ့ဆက် လုပ်ဆောင်သွားဖို့ ရည်မှန်းကြိုးစားနေသလဲ ဆိုတာတွေကို မခင်ဖြူထွေးက မေးမြန်း တင်ဆက်ထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အကူအညီနဲ့ ယူကရိန်းက တင်ပို့တဲ့ ပြောင်းဆန် တန်ချိန် ၁၉,၀၀၀ ကျော်ဟာ ပထမ အသုတ် အနေနဲ့ မာလာဝီ နိုင်ငံကို ရောက်ရှိသွားပါပြီ။ အခု စားနပ်ရိက္ခာ အကူအညီဟာဆိုရင် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ သန်းနဲ့ချီတဲ့ မာလာဝီ ပြည်သူတွေ အတွက် အထောက်အပံ့ ဖြစ်စေမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။