အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ကို လပြည့်ကျော် ၂ ရက်နေ့၊ စနေနေ့ ပိတ်ရက်မှာ စုပေါင်းကျင်းပကြပါတယ်။ အမေရိကန်နိုင်ငံရောက် မြန်မာတွေ သီတင်းကျွတ်ပွဲတော်ကို ဘယ်လိုဆင်နွှဲကြလဲဆိုတာကို ဟောင်ဆာက သွားရောက်ရိုက်ကူးတင်ဆက်ထားပါတယ်။
နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကျရင် Republican ပါတီကို မဲပေးမယ့် မြန်မာနွယ်ဖွား အမေရိကန်တွေထဲ Arizona ပြည်နယ်မှာ နေထိုင်တဲ့ အငြိမ်းစားအင်ဂျင်နီယာ ဦး Philip Htoon လည်း ပါပါတယ်။ ဘာကြောင့် Republican သမ္မတလောင်း Trump ကို လက်ခံရွေးချယ်သလဲဆိုတာကို မစုမြတ်မွန် မေးမြန်းထားပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ အလိုမှာပဲ သမ္မတဟောင်း Donald Trump က အတွင်းရန်သူတွေ ရှိနေတာကို ဖြေရှင်းရမယ်ဆိုပြီး တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့တာကြောင့် ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
တရုတ်ရဲ့ မြန်မာနိုင်ငံမူဝါအပေါ် ဘယ်လိုအမြင်ရှိကြသလဲ။ တရုတ်ရဲ့ ဖိအားကို ဘယ်လို တုန့်ပြန်သင့်သလဲဆိုတဲ့အကြောင်းတွေကို ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဟာ ခေတ်အဆက်ဆက်မှာ ညှိနှိုင်းရ အခက်ဆုံးကိစ္စ ဖြစ်ပါတယ်။ ဒီအရေးအတွက် အတိတ်မှာ ဘာတွေက အဟန့်အတားဖြစ်စေခဲဲ့သလဲ၊ အနာဂတ်မှာ ဘယ်လိုအကြောင်းအချက်တွေ ထည့်စဉ်းစားသင့်လဲဆိုတာဆိုတာကို ISP-Myanmar အနေနဲ့ အပိုင်းလိုက် ဖော်ပြနေပါတယ်။ ဒီတပတ် အပိုင်း-၂ ကို တင်ပြပါမယ်။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံက နတ်သူငယ်တွေနေတဲ့ Black Forest တောစပ်နားက မြို့လေးဆီသွားလည်ခဲ့ပါတယ်။ ဒီမြို့လေးက ပတ်ဝန်းကျင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ မြို့ပြစနစ်ရှိတဲ့ မြို့လို့ အသိအမှတ်ပြုခံရတာပါ။ နော်သဇင်နဲ့ တူတူ သွားကြည့်ကြရအောင်ပါ။
အမေရိကန်အလယ်ပိုင်း၊ ဝစ်ကွန်ဆင်ပြည်နယ်ဟာ နောက်သမ္မတဘယ်သူဖြစ်မလဲဆိုတာ အဆုံးအဖြတ်ပေးတဲ့ ပြည်နယ်တခုဖြစ်လို့ ပါတီကြီး ၂ ရပ်လုံး အထူးအားစိုက် မဲဆွယ်နေကြပါတယ်။ ဒီက ရွေးကောက်ပွဲအဖွဲ့ ကိုယ်စားလှယ်မဲ ၁၀ မဲက အနိုင်အရှုံးဆုံးဖြတ်တာမျိုး ဖြစ်နိုင်ပါတယ်။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
ကရင်နီတော်လှန်ရေး ရဲမေတဦးအနေနဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ရရှိတဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့ ဘူးမြာက ဗွီအိုအေကို ပြောပါတယ်။
ကရင်နီတော်လှန်ရေး ရဲမေတဦးအနေနဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုရတဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့ KNDF စစ်သင်တန်းသူ ဘူးမြာ က ဗွီအိုအေကို ပြောပါတယ်။
မကြေးမုံက ဇာတ်ကြောင်းပြန်ပြောရတာ ကြိုက်သူပါ။ သူက အင်္ဂလိပ်လို ဇာတ်လမ်းရေးတယ်၊ ပုံပြင်ရေးတယ်၊ ဇာတ်ကြောင်း ပြန်လှန်ပြောတဲ့နေရာမှာ အခြေခံလိုအပ်တဲ့ အချက်တွေကို ဒီတပတ် ပြောပြထားပါတယ်။ မကြေးမုံက မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
မြန်မာနိုင်ငံနဲ့ အဝေး နိုင်ငံရပ်ခြားမှာ မွေးဖွားကြီးပြင်းရတဲ့ ကလေးတွေဟာ တိုင်းတပါးဘာသာစကား၊ ယဥ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ မွေးဖွားကြီးပြင်းရပေမဲ့ အများစုရင်ထဲ အမိမြေအကြောင်း အမြဲရှိတတ်ပါတယ်။ နော်၀ေမှာမွေးဖွားကြီးပြင်းတဲ့ ဂီတပညာရှင်လေးအကြောင်း မညိုညိုလွင်ရဲ့ နေရာပေါင်းစုံ၊ အကြောင်းစုံမှာ တင်ဆက်ထားပါတယ်။
နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်လို့ ကျောင်းလျှောက်တဲ့သူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ "ချိတ်" The Hook ဆိုတဲ့ အဖွဲ့လေးကို တည်ထောင်ထားတယ်လို့ အမေရိကန်ထိပ်တန်း တက္ကသိုလ်တွေမှာ ပညာသင်ယူနေတဲ့ မြန်မာကျောင်းသားလူငယ်တွေက ပြောပါတယ်။ မခင်လေး GenZ ပရိသတ်အတွက် ဆက်သွယ်စကားပြောထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။