မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်တွေကို ရက်အကန့်အသတ်မရှိ တရုတ်နိုင်ငံဘက်က ပိတ်လိုက်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ် လေးဝါးစခန်းကို စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့၊ စတဲ့ သတင်းတွေကို တိုင်းရင်းသတင်းထောက်တွေ တင်ဆက်ထားပါတယ်။
ရှေ့သီတင်းပတ် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရေစီစံတန်ဖိုးတွေကို လေးစားလိုက်နာပြီး ပါဝင်မဲထည့်ကြဖို့ ရွှေ့ပြောင်းအခြေချလာပြီး အမေရိကန်နိုင်ငံသား ဖြစ်လာတဲ့ မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ရောက် မြန်မာနွယ်ဖွားအချို့က တိုက်တွန်းကြပါတယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ မူးယစ်ဆေးလုပ်ငန်းနဲ့ ငွေရှာသူတွေ ရှိပေမယ့် KNU ကတော့ မူးယစ်ဆေးနဲ့ ကင်းရှင်းခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ သောင်ရင်းမြစ်ကမ်းက ဒုစရိုက်လုပ်ငန်းကို KNU နဲ့ တရုတ်လူဆိုးဂိုဏ်းက လုပ်ကိုင်နေတဲ့အကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
ဘယ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာမဆို ကိုယ်စားလှယ်လောင်းတွေနဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲ အခြေအနေကို သိဖို့၊ သူတို့လုပ်ရပ်တွေ၊ ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အသိပေးဖို့ လူထုသဘောထား စစ်တမ်းတွေကို အားကိုးရပါတယ်။ ဒါပေမဲ့ ဒီလိုစစ်တမ်းတွေက နားလည်ရခက်၊ ရှေ့နောက်မညီနဲ့ တခါတလေ လုံးဝမှားတာမျိုးတောင် ရှိပါတယ်။
နှစ်ပေါင်း များစွာ ဝေးကွာခဲ့ကြရတဲ့ တောင်ကိုရီးယားနိုင်ငံဖွား ညီအမ ၂ ဦး သူ့တို့ မွေးရပ်မြေ နိုင်ငံမှာပဲ ပျော်ရွှင်စွာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။ ဒီညီမ ၂ ဦးဟာ နိုင်ငံရပ်ခြားမှာ တယောက်တနေရာဆီ မွေးစားခံခဲ့ကြရတာဖြစ်ပြီး DNA မျိုးရိုးဗီဇ စမ်းသပ်စစ်ဆေးပြီးမှ တယောက်ကို တယောက် ပြန်ရှာတွေ့ခဲ့ကြတာပါ။
အမေရိကန်နဲ့ မဟာမိတ်တွေ အထီးကျန် ဖြစ်စေချင်နေတဲ့ ရုရှားနိုင်ငံမှာ အောက်တိုဘာလကုန်ပိုင်းက ကျင်းပခဲ့တဲ့ BRICS ထိပ်သီးစည်းဝေးပွဲက ဘာတွေထူးခြားမှုရှိခဲ့ပါလဲ။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါသလဲ။
အမေရိကန်ပြည်ထောင်စုမှာ TPS ယာယီအကာအကွယ်ပေးအဆင့်နဲ့ နေထိုင်ခွင့်ကို ရုတ်သိမ်းမယ်လို့ ရီပါဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောထားလို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောဆိုဆွေးနွေးစရာတွေ ထပ်တိုးလာနေတာပါ။
၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ အမေရိကန်နိုင်ငံသားတွေရဲ့ သဘောထားကို ထုတ်ဖော်တာ တွေ့မြင်ကြရမှာပါ။၊ တကယ်လို့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၅ ရက်နေ့မှာ မဲရုံကို မလာနိုင်ဘူးဆိုရင် ဘယ်လိုလုပ်နိုင်ပါလဲ။ ပြည်သူတွေ မဲပေးနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိသေးတာပါ။ ပုံပြရုပ်သံမှာ ကိုစည်သူ တင်ပြထားပါတယ်။
မူးယစ်ဆေး ဖြတ်လိုတဲ့ မြန်မာ ဒုက္ခသည် လူငယ်တွေဟာ ထိုင်း မြန်မာနယ်စပ်မှာ ရှိတဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တခုမှာ အပ်စိုက်ကုထုံးနဲ့ ကုသမှု ခံယူနေကြပါတယ်။ စွဲလမ်းမှုကနေ ပြတ်တောက်နိုင်ဖို့ မိသားစုတွေ ပို့ပေးတာ၊ ဒါမှမဟုတ် ကိုယ်တိုင် လာရောက်ကြတယ်ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Ballon d'Or ဘောလုံးထူးချွန်ဆုပေးပွဲကို ပြင်သစ်နိုင်ငံမှာကျင်းပခဲ့ပြီး အမျိုးသား အကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ်နဲ့မန်စီးတီးကွင်းလယ်လူ ရိုဒရီရရှိခဲ့ပါတယ်။ မန်ယူနည်းပြ အဲရစ်တန်ဟက်ခ်ကို ရာထူးကထုတ်ပယ်လိုက်ပြီး နည်းပြသစ်တရားဝင်ခန့်အပ်ဖို့ နီးစပ်နေပါပြီ။
ပြင်သစ်တောင်ပိုင်းက Marseille (မာဆေး) မြို့ကို သွားလည်ကြတဲ့ ခရီးသွားတွေအတွက် ရှုခင်းအလှ၊ အစားအသောက်နဲ့ လူမျိုးစုံ ယဉ်ကျေးမှုတွေအပြင် ကြွက်တွေကလည်း မမေ့နိုင်စရာ အတွေ့အကြုံထဲမှာ ပါပါတယ်။ လူဦးရေထက်များနေတဲ့ ကြွက်တွေရှိတဲ့ ဒီမြို့ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလည်ကြရအောင်ပါ။
လူ့အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီကို ILO ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ်မှာ အရေးယူနိုင်ရေး ကြိုးပမ်းနေကြောင်း နွေဦးတော်လှန်ရေးပါ MEF မြန်မာ့လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ကိုဝေမှူးသွင်က VOA ကိုပြောပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။