လာမယ့် Donald Trump အစိုးရအဖွဲ့သစ်ထဲမှာ Tesla ကား ကုမ္ပဏီရဲ့CEO အမှုဆောင် အရာရှိချုပ် Elon Musk ကို အစိုးရထိပ်တန်း ရာထူးတခုမှာ ခန့်ဖို့လျာထားလိုက်တဲ့အတွက် EV လျှပ်စစ်ကားထုတ်လုပ်သူတွေက လုပ်ငန်းတိုးတက်မှုတွေရှိလာလိမ့်လို့ မျှော်လင့်နေကြပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံမှာ စိုးရိမ်ချက် အမျိုးမျိုးရှိနေတဲ့အတွက်၊ တရုတ်နိုင်ငံအပေါ် မဟာဗျူဟာမြောက် ချဉ်းကပ်ဖို့လိုတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းညှိုနှိုင်းရေး ၀န်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလက ပြင်းပြင်းထန်ထန်တိုက်သွားတဲ့ မုန်တိုင်းဒဏ် ခံနိုင်ရည်ရှိခဲ့တဲ့ ထင်းရှုးပင် အိမ်ဖြူတော်ကို ရောက်သွားပါပြီ။ ပြင်သစ်ပန်းချီဆရာကြီး မိုနေးရဲ့ ကြာပန်း ပန်းချီတကား ဒေါ်လာသန်း ၆၀ နီးပါး ရသွားပါတယ်။ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်းတိုတွေကို မအေးသန္တာကျော် ပြောပြထားပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးနှင့် ကြုံတွေ့ခဲ့သည့်အချိန်တွင် တိုင်းရင်းဆေးနှင့် ကာကွယ်ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး) ၏ အကျိုးထိရောက်မှုကို သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိခဲ့ပြီး ဆေးဝါးထုတ်လုပ်ကာ တိုင်းရင်းဆေးရုံများတွင် အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေအသုံးပြုနေပြီကို သိရှိရသဖြင့် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဂုဏ်ယူဝမ်းမိတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောဆိုလိုက်တာဖြစ်ပါတယ်။
ဘရာဇီးက ဘိုတာဖိုဂိုဘောလုံးအသင်းဟာ တောင်အမေရိကတိုက်ရဲ့ လီဘာတာဒိုဖလားဘောလုံးပွဲကို ပထမဆုံးအကြိမ် ဗိုလ်စွဲသွားပါတယ်။ ၂၀၂၄ ခုနှစ်အတွက် တနှစ်တာ ကမ္ဘာ့အကောင်းဆုံး ပြေးခုန်ပစ် အားကစားသမားဆုပေးပွဲကို မိုနာကိုမြို့မှာ ချီးမြှင့်ခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင် စုစည်းတင်ဆက်ပေးထားပါတယ်။
တောင်ကိုးရီးယားသမ္မတရဲ့ စစ်အုပ်ချုပ်ရေး အရေးပေါ် အမိန့် ရုတ်တရက် ကြေညာချက်ကြောင့် နိုင်ငံအတွင်း တုန်လှုပ်သွားခဲ့ရပြီးနောက် အခုနောက်ဆုံးရသတင်းတွေအရ အတိုက်အခံအမတ်တွေက သမ္မတကို ဖယ်ရှားဖို့ လုပ်ဆောင်နေကြပါပြီ။ Bill Gallo ဆိုးလ် မြို့တော်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ယူကေက LEGOLAND ကစားကွင်းကြီးထဲမှာ ဧရာမ ခရစ္စမတ်သစ်ပင်ကြီးအပါအဝင် LEGO တုံးတွေနဲ့ ပွဲတော်အတွက် ပုံဖော်အလှပြင်ဆင်ထားပါတယ်။ ဘယ်လောက်လက်ရာမြောက် ဖန်တီးထားသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
ဩစတြေးလျနိုင်ငံ Perth မြို့မှာ အခြေခံလူတန်းစား ပရဟိတအဖွဲ့ ဖြစ်တဲ့ Feed It Forward ကုမ္ပဏီဟာ ရိက္ခာလိုအပ်သူတွေကို ကူညီပံ့ပိုးပေးနေပြီး သူတို့ရဲ့ အစားအသောက် သိုလှောင်ဘဏ်တွေကိုလဲ အရင်ကထက် ပိုပြီး လိုအပ်နေကြတာပါ။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
လူနေထူထပ်တဲ့ စင်ကာပူကျွန်းနဲ့ မလှမ်းမကမ်းမှာ ဆိတ်ငြိမ်တဲ့ Pulau Ubin ကျွန်းရှိပါတယ်။ တချိန်က ကျောက်တူးလုပ်ငန်းကြောင့် လူဉီးရေ ၄ ထောင်ကျော်လောက်ရှိခဲ့ပေမယ့် အခုတော့ လူအယောက် ၃၀ လောက်ပဲ နေထိုင်တာပါ။ ဒီကျွန်းကို အမွေအနှစ်တခုအဖြစ် ထိန်းသိမ်းဖို့အတွက် အစိုးရက ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်
တချိန်တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယအကြီးဆုံးဖြစ်ခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက အမှိုက်ပုံကြီးကို အခုတော့ အများပြည်သူအပန်းဖြေနိုင်တဲ့ ပန်းခြံအသွင် ပြောင်းလိုက်ပါပြီ။
ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားမှာ သမ္မတကိုဆန့်ကျင်တဲ့ သူပုန်တွေက အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုနဲ့ အနီးဝန်းကျင်ကို သိမ်းပိုက်လိုက်ပါတယ်။ နိုင်ငံတကာလေဆိပ်ကိုလည်း သိမ်းလိုက်ပြီး ရုရှားနဲ့ ဆီးရီးယားတပ်တွေ လေကြောင်းစစ်ဆင်ရေးလုပ်ဆောင်နေလို့ သူပုန်တွေကြားမှာလည်း ထိခိုက်သေဆုံးမှုတွေ များပြားနေပါတယ်။
New York Times သတင်းစာအယ်ဒီတာဟောင်း Sheryl Oring က တက်လာမယ့် သမ္မတအသစ်ဆီ ပြည်သူတွေ ပြောပြချင်တဲ့ အကြောင်းအရာတွေကိုစာနဲ့ရိုက်ပေးပြီး ပို့စကတ်တွေ ဖန်တီးပေးတာပါ။ ၂၀၀၄ ခုနှစ်က စခဲ့တဲ့ “I Wish To Say” ဆိုတဲ့ ဒီအစီအစဉ်အကြောင်း Elena Wolf သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။