နိုဝင်ဘာ ၂၈၊ ၂၀၂၄ - အသင့်စား အစားအသောက်တွေကနေ ကျန်းမာရေး မထိခိုက်ရအောင် သတိထား ကြည့်ရှု့စစ်ဆေးသင့်တာတွေ ရှိနေပါလား။
အညာပျူစောထီးနဲ့ စစ်ကောင်စီ I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - PDF တပ်ဖွဲ့တွေ အများအပြားရှိတဲ့ အညာဒေသမှာ ပျူစောထီးတွေ အားကောင်းအောင် စစ်ကောင်စီတပ်က ဆောင်ရွက်နေတာကြောင့်၊ PDF ကွန်ရက်နဲ့ ပျူစောထီးကွန်ရက် အားပြိုင်ဖို့အခြေအနေဖြစ်လာကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
မြန်မာစစ်ခေါင်းဆောင် ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရဲ့လျှောက်ထားချက် ဟာ ရိုဟင်ဂျာတွေအတွက်သာမက စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေအတွက် သတင်းကောင်းတခုပဲလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း အာဂျင်တီနားလူ့အခွင့်အရေးရှေ့နေ Tomas Quintana က ဗွီအိုအေကိုပြောပါတယ်။
Davis ဖလား တင်းနစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံအီတလီက နယ်သာလန်ကို အနိုင်ရပြီး ၂ နှစ် ဆက်တိုက် ဗိုလ်စွဲသွားပါတယ်။ အင်တာမိုင်ယာမီအသင်းက တာတာမာတီနိုကို နည်းပြအဖြစ်က ထုတ်ပယ်ပြီး အာဂျင်တီးနားကွင်းလယ်ကစားသမားဟောင်းကို နည်းပြအဖြစ်ခန့်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်းအားကစားသတင်းတွေကို ကိုရန်နိုင် တင်ဆက်ပေးမှာပါ။
အမေရိကန် ရွေးကောက်ခံသမ္မတ Doanld Trump က နိုင်ငံခြားရေးဝန်ကြီးအဖြစ် Marco Rubio ကို လျာထားလိုက်ပါတယ်။ Rubio ဟာ ၂၀၁၁ ခုနှစ်ကတည်းက ဖလော်ရီအထက်လွှတ်တော်အမတ်ဖြစ်ပြီး နိုင်ငံခြားရေးရာနဲ့ ထောက်လှမ်းရေး ကော်မတီတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ Steve Herman သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဒီလို လက်နက်သစ်တွေ သုံးဖို့ခွင့်ပြုတာဟာ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုအကျိုးဆက်တွေ ရှိလာနိင်သလဲ ဆိုတာကို မမြသဇင်အောင်က အယ်ဒီတာဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ စက်တင်ဘာက တိုက်သွားတဲ့ ဟာရီကိန်းမုန်တိုင်းဒဏ်ကို ခံနိုင်ခဲ့တဲ့ ထင်းရှူးကြီးက ၂၀၂၄ အိမ်ဖြူတော်ရဲ့ ခရစ္စမတ်သစ်ပင် အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့ကပဲ ရောက်လာခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ Donald Trump နိုင်သွားတဲ့အတွက် နေတိုးမဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်နဲ့ ခက်ခဲကြမ်းတမ်းမယ့် ဆက်ဆံရေး ရှိလာမယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။ ဒီအကြောင်း Henry Ridgwell သတင်းပေးပို့ထားတာကိုငြိမ်းချမ်းတင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကြား စိုက်ပျိုးရေးကို ဇောက်ချပြီး ဧကကျယ်ကြီးတွေနဲ့ စီးပွားဖြစ်လုပ်ကိုင်ကြသူတွေက အင်မတန်နည်းပါးနေသေးပေမယ့် မိမိအိမ်ခြံဝန်းထဲမှာ တပိုင်တနိုင် စိုက်ပျိုးရောင်းချနေကြသူတွေက အတော်ကို များပြားပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။
ဆင်တူရိုးမှား အင်္ဂလိပ်စာ စကားစုအတွဲတွေကို လေ့လာနိုင်ဖို့ တင်ပြထားပါတယ်။
တောင်အမေရိကမှာ အကြီးဆုံးဆေးခြောက်ပွဲတော်ကို အာဂျင်တီးနား၊ Buenos Aires မြို့တော်မှာ ကျင်းပခဲ့တာမှာ ဆေးခြောက်အပြင် Magic Mushrooms, နောက် ဥပဒေရေးရာဆွေးနွေးခန်းတွေနဲ့ စိတ်ပိုင်းရုပ်ပိုင်း အဆက်အစပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးမှုတွေလည်း ပါဝင်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။