အမေရိကန် အရှေ့တောင်ပိုင်းက ဖလော်ရီဒါ ပြည်နယ်ထဲကို အားပြင်း ဟာရီကိန်း Milton ဗုဒ္ဓဟူးနေ့ညကတည်းက ဝင်ရောက်တိုက်ခတ်နေပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ သတင်းမှားတွေ ဖြန်ဝေနေတာတွေ မလုပ်ဖို့ အမေရိကန် အစိုးရက သတိပေးနေပါတယ်။ မုန်တိုင်းရဲ့နောက်ဆုံးအခြေအနေ ဦးသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးဖို့ အာဆီယံ ခေါင်းဆောင်တွေက ထိပ်သီးဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ကြပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်နေတဲ့ လာအိုနိုင်ငံ ဗီယင်ကျန်းကနေ မအင်ကြင်းနိုင် တိုက်ရိုက်သတင်းပေးပို့ထားပါတယ်။
စစ်ပွဲအတွင်း စိတ်ဒဏ်ရာရဖွယ်ရာ အဖြစ်တွေနဲ့ ကြုံခဲ့ရတဲ့ ဆယ်ကျော်သက် ယူကရိန်းလူငယ်တွေအတွက် အထူးနွေရာသီကျောင်းကို မနှစ်ကလိုပဲ ဒီနှစ်မှာလည်း ယူကရိန်းနိုင်ငံ၊ Carpathian တောင်တွေပေါ်မှာ ဖွင့်ထားပါတယ်။
တရုတ်ပရိယာယ် အစဥ်အလာ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ပြည်နယ်အချင်းချင်း စစ်တိုက်တဲ့ခေတ်က ပေါက်ဖွားလာခဲ့တဲ့ တရုတ်ပြည်မှာ စစ်မှုရေးရာအစဥ်အလာကြီးမားပါတယ်။ သမိုင်းအစဥ်အလာ အတွေးအခေါ်အယူအဆတွေဟာ မျက်မှောက်ခေတ်မှာ တနည်းမဟုတ်တနည်းနဲ့ ပြန်လည်ပေါ်ထွက်လာတတ်ပုံကို ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
၃ ရက်တာ ကျင်းပတဲ့ ဟောင်ကောင်-တရုတ် နိုင်ငံတကာ ဆေးမှင်ကြောင်ပြပွဲမှာ ခန္ဓာကိုယ်ပေါ်က အနုပညာလက်ရာတွေကို ပြသဖို့ တက်တူးဝါသနာရှင်တွေ ဟောင်ကောင်မှာ စုဝေးခဲ့ကြပါတယ်။ တရုတ်စာလုံးပုံနဲ့ အိမ်မွေးတိရစ္ဆာန်ပုံတွေဟာ ဒီပွဲမှာ ခေတ်စားတဲ့ဒီဇိုင်းတွေပါ။ AP သတင်းဆောင်းပါးကို ကိုဝင်းခန့်မောင်ပြောပြပေးထားပါတယ်။
တရုတ်လျှပ်စစ်ကားတွေဟာ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုတွေ မတရား ရနေတယ်လို့ ပြောဆိုပြီး ဒီလျှပ်စစ်ကားတွေ အပေါ် သွင်းကုန် အခွန် တိုးမြှင့်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဥရောပသမဂ္ဂ အီးယူက မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်ကဒါကို လက်တုံ့ပြန်မှာကိုလည်း အီးယူက ပြင်ဆင်ထားပါတယ်။
အမေရိကန် အရှေ့တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Helene ဟာရီကိန်းမုန်တိုင်းကြောင့် ဖလော်ရီဒါ ပြည်နယ်က ကမ်းရိုးတန်းမြို့ငယ်လေးဟာလဲ မုန်တိုင်းဒဏ်သင့်ခဲ့ရပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေ ကုန်းတွင်းပိုင်းဝင်ရောက်တဲ့ လမ်းကြောင်းမှာရှိပြီး အခုလည်း နောက်ထပ်မုန်တိုင်းကြီးတခု သူတို့ဆီ ဦးတည်လာနေပြန်ပါပြီ။
မြန်မာပြည်တွင်းစစ်ပဋိပက္ခတွေဟာ ကြာရှာလာတာနှင့်အမျှ တိုးပွါးလာတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီများစွာလိုအပ်ချက်တွေရှိနေပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာပြည်အလယ်ပိုင်း နှင့် ကရင်နီပြည်နယ်တို့မှာ သဘာဝဘေးအန္တရာယ် ရေကြီးမှုဒဏ်ကို အလူးအလဲခံစားခဲ့ကြရပါတယ်၊ အဲဒီအထဲမှာ စစ်ဘေးရှောင်တွေလည်းအများကြီးပါဝင်ပါတယ်။
အခုလက်ရှိမှာ ဖက်ဒရယ်အရေး တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ အထူးသဖြင့် မျိုးဆက်သစ်ဗမာလူငယ်တွေကြား အပြန်အလှန် နားလည်ရင်းနှီးမှုရှိလာချိန် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အလားအလာ ဘယ်လိုရှိပါသလဲ
မြန်မာနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ် အလုပ်မဖြစ်ဘူးလို့ မြန်မာ့ဒီမိုကရေစီရေးအင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထောက်ပြနေပေမဲ့ ဒီ (၅) ချက်ကိုပဲ ဆက်ပြီးအကောင်အထည်ဖေါ်ဖို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ လာအိုနိုင်ငံမှာ ကျင်းပတဲ့ ပြုလုပ်တဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
သမ္မတလောင်းတွေ ဖြစ်ကြတဲ့ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump တို့ သမ္မတ ဖြစ်လာဖို့ အဆုံးအဖြတ် ပေးရာမှာ အနောက်တောင်ပိုင်း ပြည်နယ် Arizona မှာ အနိုင်ရဖို့က အဓိက ကျလှပါတယ်။ ဒီရွေးကောက်ပွဲမှာ လူဝင်မှုကြီးကြပ်ရေး ကိစ္စက ဘယ်လောက်အထိ လွှမ်းမိုးထားပါလဲ။
စပိန် နဲ့ ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ဘောလုံးသမား အန်ဒရေ အီနီယက်စ်တာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပါပြီ။ ဘရာဇီးအသင်းရဲ့ တိုက်စစ်မှူး Vinicius Jr. ဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။