အစ္စရေးတပ်တွေက Hezbollah ကို အရှိန်မြှင့် တိုက်ခိုက်လာတာနဲအမျှ ဒေသတွင်းစစ်ပွဲကြီးတခုအဖြစ် ကျယ်ပြန့်လာမလား ဆိုတာ စိုးရိမ်ဖွယ် ဖြစ်နေပါတယ်။ ဒါကို နိုင်တကာ အသိုင်းအဝိုင်းအနေနဲ့ ကာကွယ်တားဆီးနိင်မယ့် အခြေအနေ ရှိပါလား။
မြန်မာနိုင်ငံသား ၆၀ % ကျော် သုံးစွဲနေတဲ့ ရေတွင်းအများအပြားဟာ ရာဂီမုန်တိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ကြရပါတယ်။ ရွှံ့နွံတွေ ဖုံးပြီး မသန့်ရှင်းတဲ့ ရေဆိုးတွေ ရောနှော သွားတဲ့ ရေဘေးဒဏ်သင့်ရေတွင်းတွေအတွက် လုပ်ဆောင်သင့်တာတွေကို ဇလဘူမိပညာရှင် ဦးမြင့်သိန်းကို မေးမြန်းပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။
MNDAA ကိုးကန့်တပ်ဖွဲ့ သိမ်းထားတဲ့ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့မှာ မြန်မာစစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနေပြီး အရပ်သားတွေ သေဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရာတွေလည်း တိုးလာနေပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲအဆုံးအဖြတ်မှာ အမျိုးသမီးတွေ အရေးကြီးတဲ့အခန်းကဏ္ဍကပါဖို့ အသင့်ပြင်ထားကြတာပါ။ အခုနှစ်ပိုင်းတွေအတွင်း အမျိုးသမီးတွေ အမျိုးသားတွေထက် ပိုမဲထည့်ဝင်ကြပြီး အမျိုးသမီးတွေက ပါတီကြီး ၂ ခုထဲမှာ တခုဘက်ကို သိသိသာသာ အလေးသာပါတယ်။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ပြထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အပြင်ဘက် စမွတ်ပရာကန်ခရိုင်မှာ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး ၂ နာရီကြာ စပါးအုံးမြွေက ရစ်ပတ်ထားခဲ့ပါတယ်။ ညစာစားအပြီး အိမ်နောက်ဖေးအသွား မြွေကိုက်ခံရပြီး မြွေပတ်ခံခဲ့ရတာဖြစ်ပြီး ကံသီလို့ ကယ်ဆယ်သူတွေရောက်လာတဲ့အတွက် အသက်မသေလွတ်မြောက်သွားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ပြိုင်ပွဲမှာတော့ Daniel Dubois က Anthony Joshua ကို အလဲထိုးပြီး အနိုင်ရသွားပါတယ်။ ပရီမီးယာလိဂ်မှာတော့ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာသွင်းတဲ့ ဂိုးနဲ့ မန်စီးတီး နဲ့ အာဆင်နယ်တို့ သရေကျသွားပါတယ်။
အာဏာရှင် သက်ဆိုးရှည်အောင် ကမ္ဘာလှည့်ခရီးသွားတွေပါမချန် ကြောက်လန့်အောင်လုပ်ပြီး Albania နိုင်ငံမှာ ထိန်းချုပ်ခဲ့တာကို မမေ့ကြအောင် ပြတိုက်ဖွင့် ပြသထားပါတယ်။ နိုင်ငံခြားဧည့်သည်တွေ ဘယ်လိုထောက်လှမ်းခံရလဲဆိုတာ ပြသထားတဲ့ ခရီးသွားပြတိုက်ကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်ထက်တနှစ် အကြီးအကျယ် ဆုတ်ယုတ်လာတဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ နိုင်ငံအနှံ့ရေကြီးရေလျှံ ဖြစ်ရပ်ကြောင့်အခြေအနေတွေပိုပြီး ဆိုးလာပါတယ်။ ကရင်နီပြည်မှာဆိုရင် စိုက်ပျိုးခင်းအများစုဟာ ရေမြုပ်ပျက်စီးကုန်သလို ဝမ်းစာသိုလှောင်ထားတဲ့ သီးနှံတွေလည်း ရေထဲပါသွားပါတယ် ။
အစ္စရေးဘက်က လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို တနင်္လာနေ့က လေကြောင်းကနေ တိုက်ခိုက်ရာမှာ လူပေါင်း ၄၉၀ ထက်မနည်း သေဆုံးသွားပြီး ၁၆၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ ဟစ်ဇ်ဘိုလာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မွေးဇာတီ စခရမ်တန်မြို့မှာရှိတဲ့ ကျည်းတပ်ခဲယမ်းစက်ရုံကို စက်တင်ဘာ ၂၂ ရက်က သွားရောက်ကြည့်ရှုခဲ့ပြီး အိမ်ရှင် ပန်ဆယ်လ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက စက်ရုံအတွင်း လှည့်လည်ပြသခဲ့တာပါ။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ ရက်တွေ တစတစနီးကပ်လာတဲ့အချိန်မှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris တို့ ဟာ မဲရရှိဖို့ အဓိကကျတဲ့ ပြည်နယ်တွေမှာ စီးပွားရေး ပြန်အရှိန်ကောင်းလာအောင် ဆောင်ရွက်မဲ့ သူတို့ရဲ့အစီအစဥ်တွေကို လိုက်လံရှင်းလင်းပြသပြီး စည်းရုံးနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။