ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ − ဂျပန်ရှေးရိုးရာ "ဆာကေး Sake" ချက်လုပ်နည်းကို UNESCO ရဲ့ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းထဲ ထည့်သွင်းလိုက်တာကြောင့် လူပိုသိပြီး ကမ္ဘာတလွှား ရောင်းအားပိုတက်လာလိမ့်မယ်လို့ "ဆာကေး"လုပ်ငန်းရှင်တွေ မျှော်လင့်နေကပါတယ်။
အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အားလုံးစည်းလုံးညီညွတ်ကြစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကမ္ဘာနဲ့အဝန်း ဆင်နွှဲနေကြတဲ့ လှုပ်ရှားမှုတွေမှာ ကမ္ဘာတဝန်းက အမျိုးသမီးတွေနဲ့အတူ မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း ပုံစံမျိုးစုံနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုတွေမှာ ပါဝင်နေကြပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
နာမည်ကြီး ကိုးရီးယားဇာတ်လမ်းတွဲ "Squid Game" ရဲ့ ဒုတိယရာသီ ရုပ်သံဇာတ်လမ်းတွဲ ဒီလကုန်စတင်ပြသပါမယ်။ ဘရာဇီးလ်နိုင်ငံ Rio De Janeiro မြို့တော်မှာ စီးပွားရေးမြှင့်တင်ဖို့ လေဒီဂါဂါလို ကမ္ဘာကျော်အဆိုတော်ရဲ့ အခမဲ့ဖျော်ဖြေပွဲ မေလထဲ ကျင်းပဖို့ စီစဉ်နေပါတယ်။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ဟားမက်စ်တိုက်ခိုက်မှုပြီးချိန်ကတည်းက ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို အစ္စရေးအစိုးရက ပြန်လွတ်အောင် မလုပ်နိုင်တာဟာ အစ္စရေး လူမှုအသိုင်းအဝိုင်းအတွင်း နက်ရှိုင်းတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ Linda Gradstein ဂျေရုစလင်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါမယ်။
လတ်တလောဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရေးနဲ့ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရုံး ရုံးအဖွဲ့ဝင်၊ စီမံရေးရာ တာဝန်ခံ ကိုဝင်းပေါ်မောင်ကို မဆုမွန် ဘန်ကောက်ကနေ Zoom က ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အမေရိကန် ပြည်နယ်တိုင်းလိုလိုက စာသင်ကျောင်းတွေမှာ အခုအချိန်ထိ ကျောင်းတက်ပျက်ကွက်နှုန်း တိုးလာနေဆဲပါ။ ဒီထဲမှာ အအများဆုံးက အလက်စကားပြည်နယ် ဌာနေတိုင်းရင်းသားကလေးငယ်တွေဖြစ်တယ်လို့ AP သတင်းဌာနရဲ့ ကောက်ယူတဲ့စစ်တမ်းတွေမှာ ဖေါ်ပြပါတယ်။ AP သတင်းဆောင်းပါးကို ကိုစံကျော် တင်ဆက်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာတပ် I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - မွတ်ဆလင်ပြဿနာကို စစ်ကောင်စီမပါပဲဖြေရှင်းဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်က ကြိုးပမ်းနေပေမယ့် ၊ စစ်ကောင်စီကတော့ ရိုဟင်ဂျာလက်နက်ကိုင်တွေနဲ့ လက်တွဲပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ Wagner ရဲ့ခေါင်းဆောင် ယက်ဗ်ဂယ်နီ ပရီဂိုးရှင်း သေဆုံးသွားပေမယ့် အဖွဲ့ကတော့ ဆက်လက်ရှင်သန်နေဆဲပါ။ ဒီတပ်ဟာ ရုရှားအစိုးရနဲ့ ပိုနီးစပ်လာသလို ကမ္ဘာတလွှားက ရုရှားအကျိုးစီးပွားကိုကာကွယ်ဖို့ ရှေ့ဆက်လုပ်ဆောင်နေတဲ့အကြောင်း Matthew Kupfer ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
ဒီဇင်ဘာ ၅၊ ၂၀၂၄ ။ ။ အသင့်စားကုန်တချို့ ပြဿနာကြောင့် နေမကောင်းတာ ဖြစ်တတ်ပါလား၊ မဖြစ်အောင်ရော သတိထားနိုင်ပါလား။
လာမယ့် Donald Trump အစိုးရအဖွဲ့သစ်ထဲမှာ Tesla ကား ကုမ္ပဏီရဲ့CEO အမှုဆောင် အရာရှိချုပ် Elon Musk ကို အစိုးရထိပ်တန်း ရာထူးတခုမှာ ခန့်ဖို့လျာထားလိုက်တဲ့အတွက် EV လျှပ်စစ်ကားထုတ်လုပ်သူတွေက လုပ်ငန်းတိုးတက်မှုတွေရှိလာလိမ့်လို့ မျှော်လင့်နေကြပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံမှာ စိုးရိမ်ချက် အမျိုးမျိုးရှိနေတဲ့အတွက်၊ တရုတ်နိုင်ငံအပေါ် မဟာဗျူဟာမြောက် ချဉ်းကပ်ဖို့လိုတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းညှိုနှိုင်းရေး ၀န်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။