[[Zawgyi/Unicode]]
ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာစစ္ေကာင္စီတပ္ေတြနဲ ့ျပည္သူ႔ကာကြယ္ေရးတပ္၊ ေကာ္သူေလးအာမီတပ္စတဲ့ ပူးေပါင္းတပ္ဖဲြ႔ေတြ တိုက္ပဲြဆက္တိုက္ျဖစ္ေနၿပီး ၿပီးခဲ့တဲ့ရက္က မီး႐ႈိ႕ခံရလို႔ ထြက္ေျပးတိမ္းေရွာင္လာၾကသူေတြရွိတဲ့ က်ဳံဒိုး ကမ္းနားက ေညာင္ရိပ္သာ ေက်း႐ြာကိုလည္း ဇန္နဝါရီလ ၂၆ ရက္ေန႔မွာ စစ္တပ္ က မီးတင္ရႈိ႕ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။
ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူကာကြယ္ေရးတပ္၊ ေကာ္သူေလးအာမီတပ္စတဲ့ ပူးေပါင္းတပ္ဖဲြ႔ေတြ တိုက္ပဲြေတြဆက္တိုက္ ျဖစ္ေနတာပါ။ တိုက္ပဲြေတြျဖစ္ေနတုန္းမွာပဲ ေဒသခံေက်းရြာေတြေပၚကို လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကဲြတာေၾကာင့္ ၿပီးခဲ့တဲ့ရက္ကေတာ့ ေကာ့ကရိတ္၊ က်ံဳဒိုးအနီးမွာရွိတဲ့ ကမ္းနီးရြာ၊ မိဂလံုရြာ၊ ေက့ာဘိန္းေက်းရြာသားေတြ စစ္ေဘးေရွာင္ေတြအျဖစ္ ထြက္ေျပးခဲ့ရပါတယ္။ ဇန္နဝါရီလ ၂၆ ရက္ေန႔မွာေတာ့ အဲဒီ ထြက္ေျပးေနတဲ့ရြာသားေတြရွိရာ ေညာင္ရိပ္သာရြာကို စစ္ေကာင္စီတပ္ေတြက ထပ္ၿပီး မီး႐ိႈ႕ခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ ေခါင္းေဆာင္တဦးျဖစ္တဲ့ကိုေစာမြန္ကေျပာျပပါတယ္။
“ေညာင္ရိပ္သာရြာကို ဒီေန႔မနက္ ၂၆ ရက္ေန႔မနက္မွာ အိမ္ေျခ ၁၀၀ ေက်ာ္ေလာက္ကို စစ္တပ္က မီး႐ိႈ႕ဖ်က္ဆီးသြားတာေပါ့ေနာ္။ ဇန္နဝါရီလ၂၀ ရက္ေန႔ကစျပီး က်ံဳဒိုးတဝိုက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေကာ္သူေလးအာမီ ပီဒီအက္ဖ္ပူးေပါင္းအဖြဲ႔ေတြ တိုက္ပဲြေတြစျဖစ္ေတာ့ က်ံုဒိုးတဝိုက္က မိဂသိရြာတို႔၊ ကမ္းမလိုက္ရြာတို႔၊ လက္နက္ႀကီးနဲ့ပစ္ခတ္တာျဖစ္တာ။ ရြာေတြ၊ အိမ္ေတြ မီးေလာင္က်ြမ္းကုန္တယ္။ အဲဒီတဝိုက္ရြာ ေလးငါးရြာကရြာသားေတြက စစ္ေဘးေတြေရွာင္ေနရတယ္။”
ေညာင္ရိပ္သာကျပည္သူေတြကေတာ့ လက္ရွိမွာ ထြက္ေျပးေနရတယ္လို့ ဆိုပါတယ္။ ျပည္သူ့ကာကြယ္ေရးတပ္ဖဲြ႔၊ ပူးေပါင္းတပ္ဖဲြ႔ေတြဘက္ကလည္း စစ္ေကာင္စီရဲ႕ တပ္စခန္းကို ဆက္တုိက္ ဝင္ေရာက္တုိက္ခိုက္ေနျပီး မေန႔ညကေတာ့ ဘုရားသံုးဆူျမိဳ႕က သစ္ေတာရံုးနဲ့ SB ရံုးေတြ မီး႐ိႈ႕ခံရပါတယ္။ ဇန္နဝါရီလ ၂၃ ရက္ေန႔က လည္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉးရံုး၊ လဝကရံုး၊ စည္ပင္ရံုးစတာေတြကို ေဒသခံၿမိဳ႕ျပေပ်ာက္ၾကားတပ္ဖဲြ႔ေတြက မီး႐ိႈ႕သြားခဲ့ပါတယ္။ စစ္ေကာင္စီနဲ႔ေတာ့ ဆက္တိုက္ တိုက္ပဲြေတြရွိေနမယ္လို႔ ကိုေစာမြန္ကေျပာပါတယ္။
“က်ေနာ္တို႔ ေဒသခံပီဒီအက္ဖ္ တပ္ဖဲြ႔ေတြက ရန္သူကုိအနားမေပးတဲ့နည္းဗ်ဴဟာအရ က်ေနာ္တို႔ထုိးစစ္ဆင္တာ၊ စခန္းသိမ္းတာ၊ ျမိဳ႕သိမ္းတာ ဆက္လက္ ဆင္ႏဲႊ ေနမယ္။ ရန္သူကို ဘယ္ေနရာျဖစ္ျဖစ္ ေသနတ္ေဖာက္ေနမယ္။ တပ္စခန္းအႀကီးအေသး ဘယ္ေနရာေတြပဲျဖစ္ျဖစ္ ဝင္တိုက္ေနမယ္” ဆုိတဲ့ဗ်ဴဟာ ေရးဆဲြထားတာရွိပါတယ္။”
ဇန္နဝါရီလ ၂၆ ရက္ေန႔မွာေတာ့ တိုက္ပဲြေတြဆက္ျဖစ္ေနၿပီး ေက်းရြာေတြလည္းမီး႐ိႈ႕ဖ်က္ဆီးခံေနရပါတယ္။ ဒီေန႔ ေက်းရြာေတြမီး႐ိႈ႕ခံရတဲ့ျဖစ္ရပ္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တရားဝင္ ထုတ္ျပန္တာမရွိေသးပါဘူး။ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္နဲ႔ ေကာကရိတ္ၿမိဳ ့နယ္ထဲမွာ စစ္ေကာင္စီဘက္က ေလေၾကာင္း ဗံုးႀကဲတိုက္ခိုက္မႈေတြကို ဇန္နဝါရီလဆန္းကစၿပီး ခပ္စိတ္စိတ္လုပ္လာပါတယ္ရွင္။
=================
[[Unicode]]
ကော့ကရိတ်မြို့နယ် တိုက်ပွဲကြား ဒေသခံကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်၊ ကော်သူလေးအာမီတပ်စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့တဲ့ရက်က မီးရှို့ခံရလို့ ထွက်ပြေးတိမ်းရှောင်လာကြသူတွေရှိတဲ့ ကျုံဒိုး ကမ်းနားက ညောင်ရိပ်သာ ကျေးရွာကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စစ်တပ် က မီးတင်ရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြိ့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်၊ ကော်သူလေးအာမီတပ်စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဆက်တိုက် ဖြစ်နေတာပါ။ တိုက်ပွဲတွေဖြစ်နေတုန်းမှာပဲ ဒေသခံကျေးရွာတွေပေါ်ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ပြီးခဲ့တဲ့ရက်ကတော့ ကော့ကရိတ်၊ ကျုံဒိုးအနီးမှာရှိတဲ့ ကမ်းနီးရွာ၊ မိဂလုံရွာ၊ ကေ့ာဘိန်းကျေးရွာသားတွေ စစ်ဘေးရှောင်တွေအဖြစ် ထွက်ပြေးခဲ့ရပါတယ်။ ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ အဲဒီ ထွက်ပြေးနေတဲ့ရွာသားတွေရှိရာ ညောင်ရိပ်သာရွာကို စစ်ကောင်စီတပ်တွေက ထပ်ပြီး မီးရှို့ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်ကပြောပြပါတယ်။
“ညောင်ရိပ်သာရွာကို ဒီနေ့မနက် ၂၆ ရက်နေ့မနက်မှာ အိမ်ခြေ ၁၀၀ ကျော်လောက်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာပေါ့နော်။ ဇန်နဝါရီလ၂၀ ရက်နေ့ကစပြီး ကျုံဒိုးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကော်သူလေးအာမီ ပီဒီအက်ဖ်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲတွေစဖြစ်တော့ ကျုံဒိုးတဝိုက်က မိဂသိရွာတို့၊ ကမ်းမလိုက်ရွာတို့၊ လက်နက်ကြီးနဲ့ပစ်ခတ်တာဖြစ်တာ။ ရွာတွေ၊ အိမ်တွေ မီးလောင်ကျွမ်းကုန်တယ်။ အဲဒီတဝိုက်ရွာ လေးငါးရွာကရွာသားတွေက စစ်ဘေးတွေရှောင်နေရတယ်။”
ညောင်ရိပ်သာကပြည်သူတွေကတော့ လက်ရှိမှာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီရဲ့ တပ်စခန်းကို ဆက်တိုက် ဝင်ရောက်တိုက်ခိုက်နေပြီး မနေ့ညကတော့ ဘုရားသုံးဆူမြို့က သစ်တောရုံးနဲ့ SB ရုံးတွေ မီးရှို့ခံရပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့က လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လဝကရုံး၊ စည်ပင်ရုံးစတာတွေကို ဒေသခံမြို့ပြပျောက်ကြားတပ်ဖွဲ့တွေက မီးရှို့သွားခဲ့ပါတယ်။ စစ်ကောင်စီနဲ့တော့ ဆက်တိုက် တိုက်ပွဲတွေရှိနေမယ်လို့ ကိုစောမွန်ကပြောပါတယ်။
“ကျနော်တို့ ဒေသခံပီဒီအက်ဖ် တပ်ဖွဲ့တွေက ရန်သူကိုအနားမပေးတဲ့နည်းဗျူဟာအရ ကျနော်တို့ထိုးစစ်ဆင်တာ၊ စခန်းသိမ်းတာ၊ မြို့သိမ်းတာ ဆက်လက် ဆင်နွဲှ နေမယ်။ ရန်သူကို ဘယ်နေရာဖြစ်ဖြစ် သေနတ်ဖောက်နေမယ်။ တပ်စခန်းအကြီးအသေး ဘယ်နေရာတွေပဲဖြစ်ဖြစ် ဝင်တိုက်နေမယ်” ဆိုတဲ့ဗျူဟာ ရေးဆွဲထားတာရှိပါတယ်။”
ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ကျေးရွာတွေလည်းမီးရှို့ဖျက်ဆီးခံနေရပါတယ်။ ဒီနေ့ ကျေးရွာတွေမီးရှို့ခံရတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်တာမရှိသေးပါဘူး။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကောကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီဘက်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကို ဇန်နဝါရီလဆန်းကစပြီး ခပ်စိတ်စိတ်လုပ်လာပါတယ်ရှင်။