[[Zawgyi/Unicode]]
တရုတ်ခရီးသွားတွေ ကိုဗစ်ပိုးစစ်ဆေးရမယ်ဆိုတဲ့ စည်းကမ်းထုတ်ပြန်ထားတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကို တရုတ်နိုင်ငံက ဆိုင်းငံ့လိုက်ပါတယ်။ တောင်ကိုရီးယားခရီးသွားတွေအတွက် ရက်တိုဗီဇာဆိုင်းငံ့လိုက်ကြောင်း ဆိုးလ်မြို့မှာရှိတဲ့ တရုတ်သံရုံးရဲ့တရားဝင် WeChat လူမှုစာမျက်နှာမှာ အင်္ဂါနေ့က ဖော်ပြလိုက်တာပါ။
တရုတ်ပြည်သူတွေအပေါ် ခွဲခြားသတ်မှတ်ထားတဲ့ ဒီစည်းကမ်းတွေ တောင်ကိုရီးယားအစိုးရက ရုပ်သိမ်းလိုက်မှ သူ့ဘက်ကလည်း ပြည်ဝင်ခွင့်ပြန်ပေးမယ်လို့လည်း အဲဒီ ကြေညာချက် မှာ ဖော်ပြထားတာပါ။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang တို့ တယ်လီဖုန်းနဲ့ ပြောဆိုချိန်အတွင်း ခုလိုကိုဗစ်ပိုးစစ်ဆေးမှုစည်းကမ်းအပေါ်စိုးရိမ်မှုရှိကြောင်း တရုတ်ဝန်ကြီးက ပြောလိုက်ပြီး နောက်တနေ့မှာပဲတရုတ်နိုင်ငံရဲ့ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဝန်ကြီး Park ကလည်း တောင်ကိုရီးယားရဲ့ပြည်ဝင်ခွင့်စည်းကမ်းဟာ သိပ္ပံနည်းကျအချက်အလက်ကို အခြေခံထားတာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သူ့ရုံးကပြောပါတယ်။ ဂျပန်ခရီးသွားတွေကို တရုတ်က ပြည်ဝင်ခွင့်တားမြစ်ထားတယ်လို့လည်း ခရီးသွားအေဂျင်စီတွေကအကြောင်းကြားလာကြောင်း ဂျပန် ကျိုဒိုသတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။
================
[[Unicode]]