သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယားကို ယူကရိန်းနယ်မြေအဖြစ် ကန်သတ်မှတ်ဆဲ


အဆောက်အဦတခုအပေါ် ယူကရိန်းအလံလွှင့်ထူနေသည့် ယူကရိန်းစစ်သားတဦး
အဆောက်အဦတခုအပေါ် ယူကရိန်းအလံလွှင့်ထူနေသည့် ယူကရိန်းစစ်သားတဦး

၂၀၁၄ ခုနှစ်ကတည်းက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ဟာ ယူကရိန်းနိုင်ငံရဲ့အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

ဒါပေမဲ့လည်း တနှစ်ကြာကျူးကျော်စစ်အတွင်း ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ယူကရိန်းက ပြန်လည်ထိန်းချုပ်နိုင်ရေးဟာ လတ်တလော ပိုအရေးကြီးတဲ့ကိစ္စအဖြစ်နဲ့လည်း ပြောဆိုခဲ့တာပါ။ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားပိုင်အဖြစ် သွတ်သွင်းခဲ့တဲ့ကိစ္စကို အမေရိကန်က ဘယ်တော့မှအသိအမှတ်ပြုမှာ မဟုတ်ကြောင်း နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတာမျိုးမရှိသေးပေမဲ့ လက်ခံနိုင်လောက်တဲ့ သံတမန်ရေးရလဒ်ကိုပဲဖြစ်ဖြစ်၊ အောင်ပွဲအဖြစ် သတ်မှတ်တာပဲဖြစ်ဖြစ် ယူကရိန်းကသာ အပြည့်အဝဆုံးဖြတ်ရမှာဖြစ်ကြောင်းလည်း သမ္မတ Joe Biden အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အမေရိကန်ရုပ်သံ NBC နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ ယူကရိန်းအရေး ဖြေရှင်းရာမှာ ယူကရိန်းနိုင်ငံ မဖြစ်မနေပါဝင်ဖို့လိုသလို ယူကရိန်းအတွက်ျအာင်ပွဲကို အမေရိကန်ကအဓိပ္ပါယ်ဖွင့်လို့ မဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။ ယူကရိန်းကိုယ်တိုင် အောင်ပွဲအဖြစ်ခံယူနိုင်အောင် စစ်မြေပြင်မှာလိုအပ်တဲ့အကူအညီတွေကိုလည်း အမေရိကန်က ဆက်လက်ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ခရိုင်းမီးယားဒေသဟာ ယူကရိန်းပိုင်သာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်မှာပဲ ပြောဆိုထားတာပါ။ ယူကရိန်းနဲ့ လွတ်လပ်တဲ့ဥရောပကို ရုရုားရဲ့တိုက်ခိုက်မှုတွေဟာ ခရိုင်းမီးယားကစခဲ့တာဖြစ်တာကြောင့် ခရိုင်းမီးယားမှာပဲ အဆုံးသတ်ရလိမ့်မယ်လို့လည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===================

{{Unicode}}






XS
SM
MD
LG