သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးမှာ ခရစ်ယာန်ဝတ်ပြုပွဲတွေ ပြန်လည်ခွင့်ပြု 


Photo Credit: Zion Baptist Church, Hakha, Chin State
Photo Credit: Zion Baptist Church, Hakha, Chin State

{{Zawgyi/Unicode}}

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ခရစ်ယာန်ဘာသာအရ စနေ၊ တနင်္ဂနွေ ဝတ်ပြုဆုတောင်းတာကို စစ်ကောင်စီဘက်က ပြန်ပြီးခွင့်ပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ချင်းပြည်နယ်က မြို့နယ်တွေမှာတော့ အလားတူ ခွင့်ပြုချက်မရသေးသလို မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အေးအေးချမ်းချမ်း ဝတ်ပြုဆုတောင်းဖို့ မဖြစ်နိုင်ကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဟားခါးခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များရဲ့ ညှိနှိုင်းမှုနဲ့ ဟားခါးမြို့ပေါ်မှာ စနေ၊ တနင်္ဂနွေ ဝတ်ပြုဆုတောင်းတာကို ဟားခါးစစ်ကောင်စီတပ်က ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။

စနေနေ့အတွက် ဝတ်ပြုဖို့၊ သီချင်းတိုက်ဖို့ မနက် ၁၁ နာရီကနေ ၄ နာရီ သတ်မှတ်လိုက်ပြီး တနင်္ဂနွေဆုတောင်းပွဲအတွက်တော့ မနက် ၇ နာရီကနေ ညနေ ၄ နာရီ သတ်မှတ်ပေးလိုက်တာပါ။ အမှုတော်ဆောင်အဖွဲ့က ဆရာတော် Joel Nawl Cung Lian က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"ကျနော်တို့ ဟားခါးခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဆရာတော်များအဖွဲ့မှာပါဝင်တဲ့ အသင်းတော်တွေက အားလုံးပါတဲ့ အသင်းတော်အားလုံးအတွက် ဂိုဏ်းပေါင်းစုံရဲ့ ဦးဆောင်မှုအားဖြင့် သူတို့ပြောတဲ့အတိုင်း တင်ပြလိုက်တယ်။ တင်ပြတဲ့အတိုင်း တနင်္ဂနွေဝတ်ပြုခြင်းနဲ့ စနေနေ့ ဝတ်ပြုခြင်းအတွက် ပြင်ဆင်ခြင်းတွေလုပ်ဖို့ ဒီတခါတော့ သူတို့ခွင့်ပြုတယ်ဆိုတာ လာတယ်။ နောက်ပိုင်းမှာ ဘယ်လိုအခြေအနေ ပြောင်းလာမလဲ ကျနော်တို့ မသိသေးပါဘူး။"

အမှုတော်ဆောင်တွေရဲ့ ညှိနှိုင်းမှုကြောင့် ဟားခါးမြို့မှာဝတ်ပြုဆုတောင်း၊ အစည်းအဝေးတွေလုပ်တဲ့အခါမှာ စစ်ကောင်စီဘက်ကို ကြိုတင်အကြောင်းကြားဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ ချင်းပြည်နယ်ရဲ့တခြားမြို့နယ်တွေမှာတော့ စနေ၊ တနင်္ဂနွေ ဝတ်ပြုအစည်းအဝေးတွေအတွက် အသိပေး အကြောင်းကြားနေရဦးမှာပါ။

စစ်ကောင်စီဟာ ချင်းပြည်နယ်က ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ မတူပီ၊ တွန်းဇံ၊ ကန်ပက်လက် စတဲ့မြို့နယ် ၇ ခုကို အခုဖေဖော်ဝါရီ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ နောက်၂ ရက်အကြာမှာ ညမထွက်ရအမိန့်နဲ့ လူငါးယောက်ထက် ပိုမစုရဆိုတဲ့ ကြေညာချက်ကို ဆက်ပြီးထုတ်ပြန်ခဲ့ပါတယ်။ ဘုရားကျောင်းတက်ဖို့ ကြိုတင်ခွင့်ပြုချက်ယူခိုင်းတဲ့ ကြေညာချက်ကိုတော့ ဖေဖော်ဝါရီလ ၁၃ ရက်မှ ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ချင်းပြည်နယ်တွင်း လူတိုင်းနီးပါး ဘုရားကျောင်းတက်ဖို့ ခက်ခဲလာပါတယ်။

ဝတ်ပြုဆုတောင်းတာဟာ ဘိုးဘွားစဉ်ဆက်ကတည်းက ချင်းလူမျိုး၊ ခရစ်ယာန်တွေအတွက် ဓလေ့တခုဖြစ်လို့ ဒါကိုတားမြစ်တာဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ပိတ်ပင်တာလို့ ဒေသခံတွေက ရှုမြင်ပါတယ်။ အခုလို တားမြစ်တာဟာ နိုင်ငံရေးဆိုတာထက် ချင်းလူမျိုးတွေရဲ့ စိတ်ဓါတ်ခွန်အားကိုထိခိုက်စေဖို့ဖြစ်တယ်လို့ ချင်းလူမျိုးတဦးကတော့ သူ့ယူဆချက်ပြောပါတယ်။

" အခု နိုင်ငံရေးအခြေအနေမကောင်းတဲ့အချိန်မှာ ကျနော်တို့ ခွန်အားမရှိတဲ့အချိန်မှာ စိတ်သိမ်ငယ်တဲ့အချိန်မှာ ချင်းလူမျိုး ခရစ်ယာန်တွေအတွက် ဘာသာရေးကနေ ခွန်အားယူတာဖြစ်တယ်။ ဝတ်ပြုခြင်း၊ ဘုရားကိုကိုးကွယ်ခြင်းအားဖြင့် ပါစတာတွေရဲ့ တရားဟောတာကို နားထောင်ခြင်းအားဖြင့် ဝိညာဉ်ရေးရာပိုင်းမှာ၊ စိတ်ပိုင်းဆိုင်ရာမှာ ယူတာလည်း ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ရဲ့ ကိုးကွယ်ခွင့်ကို ပိတ်ပင်သလို ကန့်သတ်သလို ကျနော့်အနေနဲ့ ခံစားရပါတယ်။"

ချင်းပြည်နယ်မှာ တိုက်ပွဲတွေက နေ့တိုင်းရှိနေပါတယ်။ မနေ့က အင်္ဂါနေ့ကလည်း ထန်တလန်မြို့ပေါ်ကို မြန်မာစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။ မလုံခြုံတဲ့ အခြေအနေကြောင့် လူစုလူဝေးခွင့်ရှိရင်တောင်မှ အေးအေးချမ်းချမ်း ဝတ်ပြုဆုတောင်းဖို့က မဖြစ်နိုင်ဘူးလို့ ထန်တလန် ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" ဝတ်ပြုကိုးကွယ်တာမှာ စိတ်အေးအေး ကိုးကွယ်ချင်ပေမဲ့ လက်ရှိကာလ ချင်းပြည်နယ်မှာ ဖြစ်နေတဲ့အခြေအနေ၊ အဓိကအားဖြင့် အပေါ်ကနေတိုက်ခိုက်နေတဲ့ အရာကြောင့် ဘုရားကိုးကွယ်တာတောင်မှ လုံးဝကိုလုံခြုံမှု မရှိဘူးပေါ့နော်။ အမြဲတမ်း စိုးရိမ်နေရတယ်။ အပေါ်ကနေ ဗုံးကြဲမလား၊ ခြေလျင်နဲ့ ဘုရားကျောင်းတွေကို ဝတ်ပြုနေချိန်မှာ ဝင်စီးမလား၊ ဘုရားကျောင်းအပြန်မှာ တခုခုကြောင့် အဖမ်းခံရမလား၊ ဘုရားကျောင်း သွားရင်းနဲ့ ဖမ်းခံရမလား၊ တိုက်ခိုက်ခံရမလားဆိုတဲ့အရာ အမြဲတမ်း လုံခြုံမှုမရှိဘူးလို့ ကျနော်တို့ကတော့ ခံစားရတာပေါ့။

မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ မီးရှို့ဖျက်စီးတာတွေကြောင့် ချင်းပြည်နယ်အပါအဝင် တနိုင်ငံလုံးမှာ ဘာသာရေး အဆောက်အဦတွေအပါအဝင် လူနေအိမ်ခြေ သောင်းနဲ့ချီ ပျက်စီးခဲ့ပါတယ်။ စစ်ပွဲကြောင့် ချင်းပြည်နယ်မှာ အရပ်သားတွေက ဘာသာရေးပွဲတွေကို မကျင်းပရဲပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ခရစ်စမတ်နဲ့ ၂၀၂၃ နှစ်သစ်ကူးကိုလည်း ချင်းအပါအဝင် ကျန်ဒေသတွေမှာ တိတ်တဆိတ် ဖြစ်သန်းခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}













XS
SM
MD
LG