သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္နက္ရေရး ခြင့္ျပဳခ်က္ေပးမထားေၾကာင္း စကၤာပူျငင္းဆို 


စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီး  Vivian Balakrishnan 

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္အတြက္စစ္လက္နက္ ဒါမွမဟုတ္ စစ္ဘက္ဆိုင္ရာအတြက္ အသုံးျပဳႏိုင္မယ့္အရာေတြကို လႊဲေျပာင္းေပးအပ္တာမ်ိဳး စကၤာပူႏိုင္ငံကခြင့္ျပဳတာမရွိေၾကာင္း စကၤာပူႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာလိုက္ပါတယ္။

ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာအသုံးျပဳတဲ့ စစ္ေကာင္စီရဲ႕ စစ္လက္နက္ပစၥည္းေတြ ထုတ္လုပ္ရာမွာ စကၤာပူအပါအဝင္ ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံထက္မနည္းက စီးပြားေရးကုမၸဏီေတြ ပါဝင္ပတ္သက္ေနၾကတယ္လို႔ SAC-M ေခၚ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီက တနလၤာေန႔မွာ အစီရင္ခံစာတေစာင္ ထုတ္ျပန္ခဲ့တာကို စကၤာပူ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အခုလို တုံ႔ျပန္လိုက္တာ ျဖစ္ပါတယ္။

စစ္လက္နက္ေတြနဲ႔ စစ္ဖက္မွာအသုံးျပဳႏိုင္တဲ့အရာေတြဟာ လက္နက္မဲ့အရပ္သားျပည္သူေတြကို ႏွိမ္နင္းတဲ့ အၾကမ္းဖက္လုပ္ရာမွာအသုံးျပဳႏိုင္တာေၾကာင့္ အရမ္းအႏၲရာယ္မ်ားေၾကာင္းလည္း စကၤာပူႏိုင္ငံျခားေရးဌာနေျပာခြင့္ရက ဆိုပါတယ္။

SAC-M ရဲ႕အစီရင္ခံစာပါ အခ်က္အလက္ေတြကို ေလ့လာဆန္းစစ္ေနၿပီး၊ စကၤာပူနဲ႔ ပတ္သက္တာေတြဟာ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ စစ္အာဏာမသိမ္းခင္က အခ်က္အလက္ေတြျဖစ္ေၾကာင္း ကနဦးေလ့လာခ်က္မွာ ေတြ႕ရတယ္လို႔လာည္း ေျပာပါတယ္။ စကၤာပူနဲ႔ ျမန္မာစီးပြားေရးဆက္ဆံမႈေတြဟာ စစ္တပ္ကအာဏာမသိမ္းခင္အခ်ိန္ထိရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံထဲကို စစ္လက္နက္စီးဆင္းမႈမရွိေအာင္တားဆီးေရး ၂၀၂၁ ဇြန္လထဲ ကုလသမဂၢ အေထြေထြညီလာခဲ့ရဲ႕ဆုံးျဖတ္ခ်က္ကို စကၤာပူႏိုင္ငံက မဲေပးေထာက္ခံခဲ့ေၾကာင္း စကၤာပူႏိုင္ငံျခားေရးဌာနက ေထာက္ျပပါတယ္။ ဥပေဒကို ခ်ိဳးေဖာက္တာ ေတြ႕ရွိခဲ့ရင္လည္း အေရးယူဖို႔ တုံ႔ေႏွးမွာ မဟုတ္ေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စစ်ကောင်စီလက်နက်ရရေး ခွင့်ပြုချက်ပေးမထားကြောင်း စင်္ကာပူငြင်းဆို

မြန်မာစစ်တပ်အတွက်စစ်လက်နက် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုနိုင်မယ့်အရာတွေကို လွှဲပြောင်းပေးအပ်တာမျိုး စင်္ကာပူနိုင်ငံကခွင့်ပြုတာမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာအသုံးပြုတဲ့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ စင်္ကာပူအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံထက်မနည်းက စီးပွားရေးကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ SAC-M ခေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက တနင်္လာနေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တာကို စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

စစ်လက်နက်တွေနဲ့ စစ်ဖက်မှာအသုံးပြုနိုင်တဲ့အရာတွေဟာ လက်နက်မဲ့အရပ်သားပြည်သူတွေကို နှိမ်နင်းတဲ့ အကြမ်းဖက်လုပ်ရာမှာအသုံးပြုနိုင်တာကြောင့် အရမ်းအန္တရာယ်များကြောင်းလည်း စင်္ကာပူနိုင်ငံခြားရေးဌာနပြောခွင့်ရက ဆိုပါတယ်။

SAC-M ရဲ့အစီရင်ခံစာပါ အချက်အလက်တွေကို လေ့လာဆန်းစစ်နေပြီး၊ စင်္ကာပူနဲ့ ပတ်သက်တာတွေဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာမသိမ်းခင်က အချက်အလက်တွေဖြစ်ကြောင်း ကနဦးလေ့လာချက်မှာ တွေ့ရတယ်လို့လာည်း ပြောပါတယ်။ စင်္ကာပူနဲ့ မြန်မာစီးပွားရေးဆက်ဆံမှုတွေဟာ စစ်တပ်ကအာဏာမသိမ်းခင်အချိန်ထိရှိခဲ့ကြောင်း မြန်မာနိုင်ငံထဲကို စစ်လက်နက်စီးဆင်းမှုမရှိအောင်တားဆီးရေး ၂၀၂၁ ဇွန်လထဲ ကုလသမဂ္ဂ အထွေထွေညီလာခဲ့ရဲ့ဆုံးဖြတ်ချက်ကို စင်္ကာပူနိုင်ငံက မဲပေးထောက်ခံခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဌာနက ထောက်ပြပါတယ်။ ဥပဒေကို ချိုးဖောက်တာ တွေ့ရှိခဲ့ရင်လည်း အရေးယူဖို့ တုံ့နှေးမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG