သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနဲ့ ဆီးရီးယားမှာ ငလျင်ကြောင့် သေဆုံးသူ ၄၁,၀၀၀ ကျော် 


Syria Turkey Earthquake
Syria Turkey Earthquake

[[Zawgyi/Unicode]]

တူရကီနဲ့ဆီးရီးယားမှာ ပြီးခဲ့တဲ့သီတင်းပတ်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးရသူ ၄၁,၀၀၀ ကျော်ထိ တိုးလာခဲ့ပေမဲ့ အပျက်အစီးတွေကြားကနေ အသက်ရှင်လွတ်မြောက်သူ ၅ ဦးကိုတော့ ဆက်လက် ကယ်တင်နိုင်ခဲ့ပါတယ်။

ငလျင်ဒဏ်သင့်ပြီး ၉ ရက်မြောက်နေ့ ဗုဒ္ဓဟူးနေ့မှာ တူရကီရဲ့တောင်ပိုင်းမြို့ Kahramanmaras က အပျက်အစီးတွေထဲကနေ အမျိုးသမီး ၂ ဦးကို ကယ်တင်နိုင်ခဲ့သလိုပဲ Antakya မှာတော့ မိခင်ဖြစ်သူနဲ့အတူ ရင်သွေး ၂ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီး ၂၂၈ နာရီ အကြာမှာ Antakya ကို ကယ်ဆယ်ရေးလာရောက်တာ ဖြစ်ကြောင်း နိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ငလျင်ဒဏ်ကနေ အသက်မသေလွတ်မြောက်လာတဲ့ သန်းချီတဲ့လူထုအတွက် စာနာမှု အကူအညီတွေ လိုအပ်နေကြောင်း၊ ဒီလူတွေထဲက အများအပြားဟာ ရေခဲလုနီးပါး အအေးဒဏ်သင့်နေတဲ့ဆောင်းရာသီအတွင်းမှာ အိုးအိမ်မဲ့ဖြစ်နေကြောင်း အာဏာပိုင်တို့က ပြောပါတယ်။ စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံကလူထုဟာလည်း အခက်အခဲသစ်တွေနဲ့ ကြုံတွေ့နေရကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ Mirjana Spoljaric Egger က ပြောပါတယ်။

ဆီးရီးယားငလျင်က အသက်ရှင် လွတ်မြောက်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်ရေသန့်နဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆီးရီးယားကိုသွားရောက်ခဲ့တဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။

အကူအညီ အကြီးအကျယ်လိုအပ်နေတဲ့ ဆီးရီးယားနိုင်ငံတွင်း ကူညီရေးလုပ်ငန်းတွေ တိုးမြှင့်နိုင်ရေးအတွက် လူသားချင် စာနာမှုဆိုင်ရာအဖွဲ့တွေက ကြိုးစားနေကြပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ စည်သွတ်ဗူးတွေနဲ့ မွေ့ရာတွေသယ်ဆောင်လာတဲ့ ကုန်ကား ၂၂ စင်းကတော့ ဗုဒ္ဓဟူးနေ့မှာ တူရကီနိုင်ငံ Bab al-Hawa နယ်စပ်ကို ဖြတ်ပြီး ဆီးရီးယားမြောက်ပိုင်းဒေသကို ဝင်ရောက်သွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]

တူရကီနဲ့ ဆီးရီးယားမှာ ငလငြျကွောင့ျ သဆေုံးသူ ၄၁,၀၀၀ ကြောျ






XS
SM
MD
LG