သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကုိင္းတုိင္းအတြင္း မီး႐ႈိ႕ဖ်က္ဆီးမႈေတြနဲ႔ လက္နက္ကုိင္ပဋိပကၡေတြျဖစ္ပြား 


ဒီပဲယင္း ၿမိဳ႕နယ္အတြင္းက မီးေလာင္ေနတဲ့ရြာကို အေဝးမွျမင္ရစဥ္။ (ဒီဇင္ဘာ ၆၊ ၂၀၂၂/Photo: CJ) Depeyin/Tapeyin

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္က ေလေၾကာင္းကတိုက္ခိုက္ခဲ့လို႔ လူေတြေသဆံုးခဲ့တဲ့ စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်းရြာက ေနအိမ္ေတြ ဒုတိယအႀကိမ္ မီး႐ိႈ႕ ခံရၿပီး ယင္းမာပင္ဘက္မွာ ေနအိမ္ေတြမီးရိႈ႕ခံရတာရွိသလုိ အရပ္သားေတြလည္းေသဆံုးေနပါတယ္။ ပုလဲဘက္မွာေတာ့ စစ္ေကာင္စီအားေပးေထာက္ခံသူေတြ တပ္စြဲထားတဲ့ေနရာကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြက ဝင္ေရာက္ တိုက္ခိုက္ခဲ့ပါတယ္။ စစ္ကိုင္းတိုင္းက အေျခအေနကို ကိုရဲမြန္က တင္ျပေပးထားပါတယ္။

စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ နယ္ေျမရွင္းလင္းမႈေတြအတြင္း ၿပီးခဲ့တဲ့ႏွစ္က ျမန္မာစစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္ခဲ့လို႔ ကေလးငယ္ေတြအပါအဝင္ အရပ္သား ၁၃ ဦးအထိ ေသဆံုးခဲ့တဲ့ စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်းရြာက ေနအိမ္ေတြ ဇန္နဝါရီ ၂၄ ရက္ မနက္ပိုင္းကစလို႔ မီးရိႈ႕ခံေနရပါတယ္။

ျမန္မာစစ္တပ္က ေက်းရြာအနီးမွာရွိေနတဲ့အတြက္ ေလာင္ကြ်မ္းတဲ့ေနအိမ္ အတိအက် မသိရေသးဘူးလို႔ ေဒသခံတဦးက အခုလုိ ေျပာပါတယ္။

“မီးရိႈ႕တယ္။ ခန္႔မွန္းေျခေပါ့ မီးခိုးတက္လာတာ ၄ ခါေလာက္ရွိတယ္။ ဘယ္ႏွစ္လံုးရိႈ႕တယ္ဆိုတာ အေရအတြက္ အတိအက်မသိဘူးေပါ့။ ရိႈ႕တာေတာ့ ရိႈ႕တယ္။ မီးခိုးတက္လာလိုက္၊ ၿငိမ္းသြားလိုက္။ တက္လာလိုက္ၿငိမ္းသြားလိုက္နဲ႔ ၄/၅ ႀကိမ္ထက္ မနည္းဘူးေပါ့။ မနက္ခင္း ၉ နာရီဝန္းက်င္ေလာက္ကတည္းက ရိႈ႕တာ၊ ရိႈ႕ၿပီးေတာ့ နာရီဝက္ေလာက္ တခါ ေနာက္ထပ္ ထပ္ရိႈ႕ျပန္ေကာ။ အဲ့ေလာက္ႀကီး ၁၂ ေလာက္အထိကို ရိႈ႕တယ္ခင္ဗ်။”

ျမန္မာစစ္တပ္ဟာ ဒီပဲယင္းၿမိဳ႕နယ္ထဲကို ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၂ ရက္ကစလို႔ နယ္ေျမရွင္းလင္းေနတာျဖစ္ၿပီး လက္ယက္ကုနု္းေက်းရြာမီးရိႈ႕ခံရတာဟာ အခုက ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္မီးရိႈ႕ခံရခ်ိန္မွာ ေနအိမ္ ၁၉၉ လံုး မီးေလာင္ကြ်မ္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက နယ္ေျမရွင္းလင္းမႈေတြအတြင္း ေက်းရြာ ၂၀ ထက္မနည္းက ေနအိမ္ ၂,၀၀၀ နီးပါး မီးရိႈ႕ခံခဲ့ရၿပီး ေဒသခံ ေသာင္းနဲ႔ခ်ီဟာ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

ယင္းမာပင္ဘက္မွာဆိုရင္လည္း ျမန္မာစစ္တပ္ရဲ႕စက္ေလွေတြဟာ ကနီၿမိဳ႕ကေန ခ်င္းတြင္းျမစ္တေလွ်ာက္ မံုရြာၿမိဳ႕ကိုစုန္ဆင္းလာၿပီး ယင္းမာပင္ၿမိဳ႕နယ္ ေက်ာက္ေမွာ္ ေက်းရြာအေရာက္မွာ စက္ေလွ ၁ စီး ေသာင္တင္ေနခဲ့ပါတယ္။

ေသာင္တင္ေနတဲ့စက္ေလွေပၚမွာပါလာတဲ့ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြ တိုက္ပြဲအနည္းငယ္ ျဖစ္ပြားခဲ့ၿပီးေနာက္ ဇန္နဝါရီလ ၂၃ ရက္မွာေတာ့ ျမန္မာစစ္တပ္ဟာ ေက်ာက္ေမွာ္ ေက်းရြာအုပ္စုထဲက ေက်းရြာ ၇ ရြာက ေနအိမ္ ၁၀၀ နီးပါးကို မီးရိႈ႕ခဲ့တယ္လို႔ ေက်ာက္ေမွာ္ေက်းရြာ ေဒသခံတဦးက အခုလို ေျပာပါတယ္။

“မေန႔ကက်ေတာ့ သူတို႔ ေက်ာက္ေမွာ္ကေနထြက္ၿပီးေတာ့မွ အင္းဘက္(ေက်းရြာ) ဘက္ကိုဝင္လာတာေပါ့ေနာ္။ အင္းဘက္မွာ ၁၁ နာရီေလာက္မွာ မီးစရိႈ႕တာေပါ့။ ေက်ာက္ေမွာ္အုပ္စုက ၈ ရြာရွိတယ္ေလ။ အဲ့မွာ အားလံုး ၇ ရြာ ရိႈ႕သြားတာေပါ့။”

ျမန္မာစစ္တပ္ဟာ ေက်ာက္ေမွာ္ေက်းရြာအုပ္စုုကေန ထြက္လာၿပီး အင္းျပားေက်းရြာနားအေရာက္မွာ အသက္ ၃၄ ႏွစ္အရြယ္ရွိ နဘူးေတာ ေက်းရြာသား ကိုေနထြန္းကိုလည္း သတ္ျဖတ္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လက္ရွိမွာ ေက်ာက္ေမွာ္ေက်းရြာအုပ္စုက ေနအိမ္ ၁၀၀ နီးပါး မီးေလာင္ကြ်မ္းခဲ့ၿပီး ေဒသခံအမ်ားအျပား တိမ္းေရွာင္ေနရသလို ျမန္မာစစ္တပ္ဘက္က အင္အား ထပ္တိုးၿပီး နယ္ေျမရွင္းလင္းေရးေတြ ဆက္လုပ္ေနတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ပုလဲၿမိဳ႕နယ္ဘက္မွာေတာ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြဟာ စစ္ေကာင္စီအားေပးေထာက္ခံသူေတြတပ္စြဲထားတဲ့ ဇီးျဖဴကုန္းေက်းရြာကို ဇန္န၀ါရီ ၂၃ ရက္က ဝင္ေရာက္တိုက္ခိုက္ခဲ့တာပါ။ တိုက္ပြဲအေျခအေနနဲ႔ပတ္သက္လို႔ သခင္ေဒါင္းညိဳအဖြဲ႔ တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“ဇီးျဖဴကုန္း ပ်ဴေစာထီးရြာကိုေပါ့။ က်ေနာ္တို႔ရြာကို ၃ ပံု ၂ ပံု စီးႏိုင္ခဲ့တယ္။ စခန္းကို ရလုနီးပါးမွာ က်ေနာ္တို႔မွာ က်ည္ပိုင္းဆိုင္ရာနည္းသြားတာခင္ဗ်။ ၿပီးေတာ့ နမခ ကလည္း ထြက္လာမယ့္အေျခအေနကလည္း စက္ကလည္းႏိႈးၿပီးၿပီခင္ဗ်။ ကိုယ့္ဘက္ကလည္း အနည္းအက်ဥ္း ပြန္းပဲ့ဒဏ္ရာေတြထိထားတယ္ဆိုေတာ့ ရဲေဘာ္အတြက္ေကာ၊ က်ည္ပိုင္းဆိုင္ရာ အားနည္းတဲ့အတြက္ေကာေၾကာင့္ က်ေနာ္တို႔ ေနာက္ျပန္ဆုတ္လာခဲ့ရတယ္။”

တိုက္ပြဲအတြင္း ပ်ဴေစာထီး ၄ ဦးကို ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးခ်ိန္မွာ ျပန္လည္ခုခံတာေတြရွိတဲ့အတြက္ ရွင္းလင္းခဲ့ရတယ္လို႔လည္း ေျပာပါတယ္။ ဒီတုိက္ပြဲကို သခင္ေဒါင္းညိဳ ၊ ရိုးမရာဇာ ၊ ေဒါင္းနက္၊ NRG စတဲ့ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြက ပူးေပါင္းတိုက္ခိုက္ခဲ့တာလည္း ျဖစ္ပါတယ္။

ပုလဲၿမိဳ႕နယ္ထဲမွာ ၂၀၂၃ ခုႏွစ္ကစလို႔ တိုက္ပြဲေတြ ျပင္းထန္လာခဲ့ၿပီး ေန႔စဥ္နီးပါး ပစ္ခတ္မႈေတြ ျဖစ္ေနသလို စစ္ေကာင္စီ တပ္စြဲထားတဲ့ေနရာေတြကိုလည္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက တိုက္ခိုက္တာေတြ ျပဳလုပ္လာေနခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွား

မြန်မာစစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့လို့ လူတွေသေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက နေအိမ်တွေ ဒုတိယအကြိမ် မီးရှို့ ခံရပြီး ယင်းမာပင်ဘက်မှာ နေအိမ်တွေမီးရှို့ခံရတာရှိသလို အရပ်သားတွေလည်းသေဆုံးနေပါတယ်။ ပုလဲဘက်မှာတော့ စစ်ကောင်စီအားပေးထောက်ခံသူတွေ တပ်စွဲထားတဲ့နေရာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းက အခြေအနေကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် နယ်မြေရှင်းလင်းမှုတွေအတွင်း ပြီးခဲ့တဲ့နှစ်က မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၃ ဦးအထိ သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက နေအိမ်တွေ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းကစလို့ မီးရှို့ခံနေရပါတယ်။

မြန်မာစစ်တပ်က ကျေးရွာအနီးမှာရှိနေတဲ့အတွက် လောင်ကျွမ်းတဲ့နေအိမ် အတိအကျ မသိရသေးဘူးလို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မီးရှို့တယ်။ ခန့်မှန်းခြေပေါ့ မီးခိုးတက်လာတာ ၄ ခါလောက်ရှိတယ်။ ဘယ်နှစ်လုံးရှို့တယ်ဆိုတာ အရေအတွက် အတိအကျမသိဘူးပေါ့။ ရှို့တာတော့ ရှို့တယ်။ မီးခိုးတက်လာလိုက်၊ ငြိမ်းသွားလိုက်။ တက်လာလိုက်ငြိမ်းသွားလိုက်နဲ့ ၄/၅ ကြိမ်ထက် မနည်းဘူးပေါ့။ မနက်ခင်း ၉ နာရီဝန်းကျင်လောက်ကတည်းက ရှို့တာ၊ ရှို့ပြီးတော့ နာရီဝက်လောက် တခါ နောက်ထပ် ထပ်ရှို့ပြန်ကော။ အဲ့လောက်ကြီး ၁၂ လောက်အထိကို ရှို့တယ်ခင်ဗျ။”

မြန်မာစစ်တပ်ဟာ ဒီပဲယင်းမြို့နယ်ထဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်ကစလို့ နယ်မြေရှင်းလင်းနေတာဖြစ်ပြီး လက်ယက်ကုနု်းကျေးရွာမီးရှို့ခံရတာဟာ အခုက ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မီးရှို့ခံရချိန်မှာ နေအိမ် ၁၉၉ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက နယ်မြေရှင်းလင်းမှုတွေအတွင်း ကျေးရွာ ၂၀ ထက်မနည်းက နေအိမ် ၂,၀၀၀ နီးပါး မီးရှို့ခံခဲ့ရပြီး ဒေသခံ သောင်းနဲ့ချီဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ယင်းမာပင်ဘက်မှာဆိုရင်လည်း မြန်မာစစ်တပ်ရဲ့စက်လှေတွေဟာ ကနီမြို့ကနေ ချင်းတွင်းမြစ်တလျှောက် မုံရွာမြို့ကိုစုန်ဆင်းလာပြီး ယင်းမာပင်မြို့နယ် ကျောက်မှော် ကျေးရွာအရောက်မှာ စက်လှေ ၁ စီး သောင်တင်နေခဲ့ပါတယ်။

သောင်တင်နေတဲ့စက်လှေပေါ်မှာပါလာတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်မှာတော့ မြန်မာစစ်တပ်ဟာ ကျောက်မှော် ကျေးရွာအုပ်စုထဲက ကျေးရွာ ၇ ရွာက နေအိမ် ၁၀၀ နီးပါးကို မီးရှို့ခဲ့တယ်လို့ ကျောက်မှော်ကျေးရွာ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မနေ့ကကျတော့ သူတို့ ကျောက်မှော်ကနေထွက်ပြီးတော့မှ အင်းဘက်(ကျေးရွာ) ဘက်ကိုဝင်လာတာပေါ့နော်။ အင်းဘက်မှာ ၁၁ နာရီလောက်မှာ မီးစရှို့တာပေါ့။ ကျောက်မှော်အုပ်စုက ၈ ရွာရှိတယ်လေ။ အဲ့မှာ အားလုံး ၇ ရွာ ရှို့သွားတာပေါ့။”

မြန်မာစစ်တပ်ဟာ ကျောက်မှော်ကျေးရွာအုပ်စုကနေ ထွက်လာပြီး အင်းပြားကျေးရွာနားအရောက်မှာ အသက် ၃၄ နှစ်အရွယ်ရှိ နဘူးတော ကျေးရွာသား ကိုနေထွန်းကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ကျောက်မှော်ကျေးရွာအုပ်စုက နေအိမ် ၁၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံအများအပြား တိမ်းရှောင်နေရသလို မြန်မာစစ်တပ်ဘက်က အင်အား ထပ်တိုးပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ်ဘက်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီအားပေးထောက်ခံသူတွေတပ်စွဲထားတဲ့ ဇီးဖြူကုန်းကျေးရွာကို ဇန်နဝါရီ ၂၃ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ဇီးဖြူကုန်း ပျူစောထီးရွာကိုပေါ့။ ကျနော်တို့ရွာကို ၃ ပုံ ၂ ပုံ စီးနိုင်ခဲ့တယ်။ စခန်းကို ရလုနီးပါးမှာ ကျနော်တို့မှာ ကျည်ပိုင်းဆိုင်ရာနည်းသွားတာခင်ဗျ။ ပြီးတော့ နမခ ကလည်း ထွက်လာမယ့်အခြေအနေကလည်း စက်ကလည်းနှိုးပြီးပြီခင်ဗျ။ ကိုယ့်ဘက်ကလည်း အနည်းအကျဉ်း ပွန်းပဲ့ဒဏ်ရာတွေထိထားတယ်ဆိုတော့ ရဲဘော်အတွက်ကော၊ ကျည်ပိုင်းဆိုင်ရာ အားနည်းတဲ့အတွက်ကောကြောင့် ကျနော်တို့ နောက်ပြန်ဆုတ်လာခဲ့ရတယ်။”

တိုက်ပွဲအတွင်း ပျူစောထီး ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံတာတွေရှိတဲ့အတွက် ရှင်းလင်းခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒီတိုက်ပွဲကို သခင်ဒေါင်းညို ၊ ရိုးမရာဇာ ၊ ဒေါင်းနက်၊ NRG စတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုလဲမြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ်ကစလို့ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး နေ့စဉ်နီးပါး ပစ်ခတ်မှုတွေ ဖြစ်နေသလို စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာတွေ ပြုလုပ်လာနေခဲ့ပါတယ်။

XS
SM
MD
LG