သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ဂျပန် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေး


ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒကို အမေရိကန်သမ္မတဂျိုးဘန်က သမ္မတအိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံစဉ်။ 
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒကို အမေရိကန်သမ္မတဂျိုးဘန်က သမ္မတအိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံစဉ်။ 

[[Zawgyi/Unicode]]

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အလည်ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်ဖူမိယိုကီရှိဒ (Fumio Kishida) ကို သောကြာနေ့က သမ္မတအိမ်ဖြူတော်မှာကြိုဆိုဧည့်ခံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာစေရေးနဲ့ ဂျပန်နိုင်ငံရင်ဆိုင်နေရတဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံစဉ် သမ္မတဂျိုးဘိုင်ဒန်က ဂျပန်နိုင်ငံရဲ့ကာကွယ်ရေးအစီအစဉ်တွေအတွက် အမေရိကန်က ထောက်ခံကြောင်းနဲ့ ဂျပန်နိုင်ငံအနေနဲ့ နည်းပညာနဲ့ စီးပွားရေးကိစ္စတွေမှာနီးကပ်စွာ ပူးပေါင်းလုပ်ဆောင်တဲ့အတွက် လည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကလည်း ဒေတွင်းဆိုင်ရာလုံခြုံရေးအတွက်လုပ်ဆောင်ပေးတဲ့အတွက် သမ္မတဘိုင်ဒန်ကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး ဂျပန်နဲ့အမေရိကန်ဟာ ဒီဘက်ခေတ် သမိုင်းတလျှောက် အထူးခြားဆုံး လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဂျပန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့အတူ NASA အာကာသစူးစမ်းလေ့လာရေးဌာန ကိုသွားရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သလို အမေရိကန်-ဂျပန်အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွက် G7 စက်မှုအင်အားကြီး ၇ နိုင်ငံရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ် Fumio Kishida ဟာ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ စတဲ့မဟာမိတ်နိုငံတွေထံ ခရီးလှည့်လည်ခဲ့ပြီး အခုနောက်ဆုံး အမေရိကန်ပြည်ထောင်စုကိုရောက်လာခဲ့တာဖြစ်ပါတယ်။

ဂျပန်အနေနဲ့ဒေသတွင်း ငြိမ်းချမ်းရေးနဲ့သာယာဝပြောရေးအတွက် ဂျပန်အနေနဲ့ ကာကွယ်ရေး မဟာဗျူဟာအသစ်တ ရပ်ကို ပြီးခဲ့တဲ့လထဲတုန်းက ချမှတ်ခဲ့တယ်လို့လည်းဂျပန်ဝန်ကြီးချုပ်ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==========================

[[Unicode]]








XS
SM
MD
LG