သမၼတ Biden ကို ဂ်ပန္တခ်ိဳ႕ ကန္႔ကြက္ဆႏၵျပ
{{Zawgyi/Unicode}}
အာရွ ခရီးစဥ္အျဖစ္ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ကို ၆ ရက္ၾကာ သြားေရာက္ေနတဲ့ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ တနဂၤေႏြေန႔မွာ ဂ်ပန္ႏိုင္ငံကို ေရာက္ရွိသြားၿပီျဖစ္ၿပီး တိုက်ိဳ ၿမိဳ႕လယ္မွာေတာ့ ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြက ဒီခရီးစဥ္ဟာ အာရွ- ပစိဖိတ္ေဒသၿငိမ္းခ်မ္းေရးကို အေႏွာက္အယွက္ျဖစ္တယ္လို႔ ေျပာၿပီး ကန္႔ကြက္ခဲ့ၾကပါတယ္။
ဂ်ပန္နဲ႔ အေမရိကန္တို႔ရဲ႕ လုပ္ရပ္ေတြဟာ အလြန္အႏၲရာယ္မ်ားေနတာ ျဖစ္ၿပီး သူတို႔ဟာ တ႐ုတ္ကို ရန္လိုတဲ့စစ္ဆင္ႏႊဲဖို႔ ႀကိဳးစားေနတယ္လို႔ ဆႏၵျပပြဲဦးေဆာင္သူ Shunkichi Takayama က ေဝဖန္ပါတယ္။ သမၼတဘိုင္ဒန္ ဂ်ပန္ကို လာေရာက္တဲ့ ခရီးစဥ္နဲ႔ Quad လို႔ေခၚတဲ့ အေမရိကန္- ဂ်ပန္- အိႏၵိယနဲ႔ Australia ၄ ႏိ္ုင္ငံေခါင္းေဆာင္ေတြ အစည္းေဝးက်င္းပမႈဟာ ဂ်ပန္ရဲ႕ အိမ္နီးခ်င္း တ႐ုတ္ နဲ႔ တင္းမာမႈေတြ ျဖစ္လာေစႏိုင္တယ္လို႔လည္း ေျပာပါတယ္။
သမၼတဘိုင္ဒန္ဟာ အဂၤါေန႔မွာ Quad အဖြဲ႔ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးဖို႔ရွိၿပီး ေဒသတြင္း တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို တြန္းလွန္ဖို႔ အဓိက ရည္ရြယ္ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကုန္စည္စီးဆင္းမႈ ေခ်ာေမာလြယ္ကူေစေရး၊ သန္႔ရွင္းစြမ္းအင္၊ အေျခခံအေဆာက္အအံုနဲ႔ ဒစ္ဂ်စ္တယ္ကုန္သြယ္ေရး အပါအဝင္ က႑စံုမွာ ဘံုစံသတ္မွတ္ခ်က္ေတြခ်ၿပီး ေဒသတြင္းႏိုင္ငံေတြၾကား ပိုမိုနီးကပ္စြာပူးေပါင္းေဆာင္ရြက္ႏိုင္ဖို႔ အတြက္ အင္ဒို- ပစိဖိတ္ေဒသတြင္း ႂကြယ္ဝေရးဆိုင္ရာ စီးပြါးေရးမူေဘာင္ IPEF အစီအစဥ္ကို စတင္ႏိုင္ဖို႔လည္း သမၼတက ေမွ်ာ္လင့္ထားတာပါ။
ပစိဖိတ္သမုဒၵရာ တဖက္တခ်က္ႏိုင္ငံေတြၾကား ကုန္သြယ္မႈဆိုင္ရာ သေဘာတူညီခ်က္ကေန သမၼတေဟာင္း ေဒၚနယ္ထရမ့္ လက္ထက္က ႏႈတ္ထြက္ခဲ့ခ်ိန္ကစၿပီး အင္ဒို ပစိဖိတ္ေဒသမွာ အေမရိကန္ရဲ႕ စီးပြါးေရးမ႑ိုဳင္ မရွိေတာ့ပဲ အစားဝင္လာတဲ့ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈ ပိုမို က်ယ္ျပန္႔လာတာ ျဖစ္ပါတယ္။
.........................................
သမ္မတ Biden ကို ဂျပန်တချို့ ကန့်ကွက်ဆန္ဒပြ
{{Zawgyi/Unicode}}
အာရှ ခရီးစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ဂျပန်ကို ၆ ရက်ကြာ သွားရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိသွားပြီဖြစ်ပြီး တိုကျို မြို့လယ်မှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဒီခရီးစဉ်ဟာ အာရှ- ပစိဖိတ်ဒေသငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်တယ်လို့ ပြောပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ဂျပန်နဲ့ အမေရိကန်တို့ရဲ့ လုပ်ရပ်တွေဟာ အလွန်အန္တရာယ်များနေတာ ဖြစ်ပြီး သူတို့ဟာ တရုတ်ကို ရန်လိုတဲ့စစ်ဆင်နွှဲဖို့ ကြိုးစားနေတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ Shunkichi Takayama က ဝေဖန်ပါတယ်။ သမ္မတဘိုင်ဒန် ဂျပန်ကို လာရောက်တဲ့ ခရီးစဉ်နဲ့ Quad လို့ခေါ်တဲ့ အမေရိကန်- ဂျပန်- အိန္ဒိယနဲ့ Australia ၄ နိုင်ငံခေါင်းဆောင်တွေ အစည်းဝေးကျင်းပမှုဟာ ဂျပန်ရဲ့ အိမ်နီးချင်း တရုတ် နဲ့ တင်းမာမှုတွေ ဖြစ်လာစေနိုင်တယ်လို့လည်း ပြောပါတယ်။
သမ္မတဘိုင်ဒန်ဟာ အင်္ဂါနေ့မှာ Quad အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ဒေသတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တွန်းလှန်ဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်စည်စီးဆင်းမှု ချောမောလွယ်ကူစေရေး၊ သန့်ရှင်းစွမ်းအင်၊ အခြေခံအဆောက်အအုံနဲ့ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး အပါအဝင် ကဏ္ဍစုံမှာ ဘုံစံသတ်မှတ်ချက်တွေချပြီး ဒေသတွင်းနိုင်ငံတွေကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် အင်ဒို- ပစိဖိတ်ဒေသတွင်း ကြွယ်ဝရေးဆိုင်ရာ စီးပွါးရေးမူဘောင် IPEF အစီအစဉ်ကို စတင်နိုင်ဖို့လည်း သမ္မတက မျှော်လင့်ထားတာပါ။
ပစိဖိတ်သမုဒ္ဒရာ တဖက်တချက်နိုင်ငံတွေကြား ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ကနေ သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်က နှုတ်ထွက်ခဲ့ချိန်ကစပြီး အင်ဒို ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ စီးပွါးရေးမဏ္ဍိုုင် မရှိတော့ပဲ အစားဝင်လာတဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ပိုမို ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။