သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းမွာေရတြင္းထဲ ျပဳတ္က်တဲ့ ျမန္မာကေလးငယ္ အေရးေပၚကယ္ဆယ္ 


ထိုင္းျမန္မာနယ္စပ္၊ ဖြတ္ဖရၿမိဳ႕နယ္က ထိုင္းစိုက္ခင္းသံုးေရတြင္းထဲျပဳတ္က်သြားတဲ့ျမန္မာကေလးကို ထိုင္းကယ္ဆယ္ေရးက ၁၈ နာရီၾကာရွာေဖြကယ္ဆယ္ႏိုင္ခဲ့ပံု။ (ေဖေဖၚဝါရီ ၇၊ ၂၀၂၃)

[[Zawgyi/Unicode]]

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ ဖြတ္ဖရၿမိဳ႕နယ္ထဲက ေကာက္ပဲသီးႏွံစိုက္ခင္းတခုက စိုက္ပ်ိဳးေရးသုံးေရတြင္းခုထဲ ၂ ႏွစ္နီးပါးအ႐ြယ္ ျမန္မာကေလးငယ္တဦး မေတာ္တဆျပဳတ္က်သြားခဲ့တာကို ထိုင္းကယ္ဆယ္ေရးအဖြဲ႕က ေအာင္ျမင္စြာ ကယ္တင္ႏိုင္ခဲ့ပါတယ္။ ကေလးမိဘေတြဟာ ျမန္မာျပည္ဘက္ကလာတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြျဖစ္ၾကၿပီး ဒီကေလးကိုကယ္ဆယ္ႏိုင္ဖို႔အတြက္ ထိုင္းကယ္ဆယ္ေရးတပ္ဖြဲ႕က စက္ယႏၲရားေတြအကူနဲ႔ နာရီေပါင္း ၂၀ နီးပါးေအာင္ အားထုတ္ႀကိဳးပမ္းၿပီးမွ ကယ္ဆယ္ႏိုင္ခဲ့တဲ့အေၾကာင္း ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ေဖေဖာ္ဝါရီလ ၆ ရက္ ညေနပိုင္းမွာ ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ ဖြတ္ဖရၿမိဳ႕နယ္က စိုက္ခင္းမွာ စိုက္ပ်ိဳးေရးသုံးေရတြင္းထဲ အသက္ တႏွစ္နဲ႔ခုနစ္လအ႐ြယ္ ျမန္မာကေလးငယ္တဦး ျပဳတ္က်သြားခဲ့ပါတယ္။ ကေလးျပဳတ္က်သြားတာကို အနားမွာရွိေနတဲ့ ျမန္မာဘုန္းႀကီးေတြက ျမင္လိုက္တာေၾကာင့္ ကယ္ဆယ္ေရးအဖြဲ႕ကို ခ်က္ျခင္းအေၾကာင္းၾကားႏိုင္ခဲ့ပါတယ္။ ေရတြင္းဟာ က်ဥ္းေျမာင္းၿပီး အနက္ေပ ၅၀ ေလာက္ရွိတာေၾကာင့္ ရွာေဖြခ်ိန္ ၁၈ နာရီေက်ာ္ရွိခဲ့ၿပီး ေနာက္ဆုံးမွာ ကေလးကို အသက္ရွင္လ်က္ျပန္ေတြ႕ခဲ့ေၾကာင္း အလုပ္သမားေရးလႈပ္ရွားသူ ဦးမိုးႀကိဳးက အခုလို ေျပာပါတယ္။

“ေဖေဖၚဝါရီလ ၆ ရက္ေန႔ ညေန ၄ နာရီေက်ာ္အခ်ိန္ေလာက္မွာ ျမန္မာစိုက္ပ်ိဳးေရးလုပ္သားမိသားစုရဲ႕ ၁၉ လအ႐ြယ္ေပါ့။ တႏွစ္နဲ႔ခုနစ္လသားအ႐ြယ္ ကေလးမေလး ျပဳတ္က်သြားတယ္။ အဲဒါကို အရင္ဆုံးျမင္တာက ဘုန္းႀကီးေတြက ျမင္ၾကတယ္။ အဲဒီေတာ့ ကယ္ဆယ္ေရးအဖြဲ႕ေတြကို အေၾကာင္းၾကားတယ္။ ကယ္ဆယ္ေရးအဖြဲ႕ေတြက အဲဒီေရတြင္းက ႐ိုး႐ိုးကယ္ဆယ္ေရးလုပ္လို႔မရေတာ့ စက္ယႏၲရားေတြသုံးၿပီးေတာ့ ကေလးမေလး- သဇင္ေဖြးေလးကို ကယ္ဆယ္ႏိုင္ခဲ့တာေပါ့။”

ထိုင္းကယ္ဆယ္ေရးအဖြဲ႕ေတြဟာ မေန႔ကစၿပီး အဆက္မျပတ္ ကယ္ဆယ္ေရးလုပ္ခဲ့ရာမွာ နာရီေပါင္း ၁၆ နာရီေလာက္အၾကာမွာ ကေလးငိုသံကိုၾကားခဲ့ရေၾကာင္း၊ ဒီလိုႀကိဳးစားၿပီး ကယ္ဆယ္ခဲ့တဲ့ ထိုင္းကယ္ဆယ္ေရးဝန္ထမ္းေတြ၊ ထိုင္းလူမ်ိဳးေတြရဲ႕အားထုတ္မႈေတြဟာ ေလးစားစရာျဖစ္တယ္လို႔လည္း ဦးမိုးႀကိဳးကေျပာပါတယ္။

“ထိုင္းကယ္ဆယ္ေရးလုပ္သားေတြက အပတ္တကုတ္ မကယ္ဆယ္ဘူးဆိုရင္ ဒီ ကေလးက အသက္ဆုံးရႈံးမွာပဲ။ ထိုင္းကယ္ဆယ္ေရးလုပ္သားေတြရဲ႕အခန္းက႑ ကျမင့္မားသလို တျခားက်န္းမာေရးလုံၿခဳံေရးဝန္ထမ္းေတြရဲ႕အားထုတ္မႈေတြကလည္း ပူေပါင္းမႈကလည္း အားေကာင္းတယ္။ လူမ်ိဳး ဘာသာမခြဲဘူး။ ကူညီၾကတယ္။ တကယ္ေတာ့ ေပါ့ေလ်ာ့တာကေတာ့ ျမန္မာလုပ္သားဇနီးေမာင္ႏွံပဲ။ ကေလးအခြင့္ေရးအရ အေရးယူမယ္ဆိုရင္ေတာင္ ယူလို႔ရတယ္။”

ကေလးငယ္ေလးျပဳတ္က်ခဲ့တဲ့ေရတြင္းဟာ ေပ ၅၀ ေလာက္နက္ပီး အသက္အႏၲရာယ္ စိုးရိမ္စရာေကာင္းတဲ့အေျခအေနကို ကေလးငယ္က ရင္ဆိုင္ခဲ့ရတာပါ။ ေဖေဖၚဝါရီလ ၇ ရက္ေန႔ မနက္ ၁၀ နာရီေက်ာ္အခ်ိန္က်မွ အဲဒီကေလးကို အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီေဒသဟာ စိုက္ပ်ိဳးေရးလုပ္ငန္းေတြလုပ္ကိုင္ေနတဲ့အရပ္ေဒသျဖစ္ၿပီး ကေလးအေတာ္မ်ားမ်ားဟာ စာသင္ၾကားဖို႔အခက္အခဲေတြလည္း ရွိေနတာပါ။ မိဘေတြက စိုက္ပ်ိဳးေရးလုပ္ငန္းေတြမွာ ေန႔စားေတြအျဖစ္လုပ္ကိုင္ေနၾကရၿပီး တခ်ိဳ႕က ကေလးေတြကို အိမ္မွာထားခဲ့ရပါတယ္။ အဲဒီေဒသမွာ ျမန္မာျပည္သား ေ႐ႊ႕ေျပာင္းလုပ္သားေတြ သိန္းနဲ႔ခ်ီရွိေနၿပီး ျမန္မာျပည္က စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ အလုပ္အကိုင္ရွာေဖြဖို႔လာၾကရင္း စိုက္ခင္းေတြမွာ ေန႔စားအျဖစ္ အလုပ္လုပ္ကိုင္ေနၾကသူေတြလည္း အမ်ားအျပားရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ထိုင်းမှာရေတွင်းထဲ ပြုတ်ကျတဲ့ မြန်မာကလေးငယ် အရေးပေါ်ကယ်ဆယ်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြို့နယ်ထဲက ကောက်ပဲသီးနှံစိုက်ခင်းတခုက စိုက်ပျိုးရေးသုံးရေတွင်းခုထဲ ၂ နှစ်နီးပါးအရွယ် မြန်မာကလေးငယ်တဦး မတော်တဆပြုတ်ကျသွားခဲ့တာကို ထိုင်းကယ်ဆယ်ရေးအဖွဲ့က အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။ ကလေးမိဘတွေဟာ မြန်မာပြည်ဘက်ကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပြီး ဒီကလေးကိုကယ်ဆယ်နိုင်ဖို့အတွက် ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့က စက်ယန္တရားတွေအကူနဲ့ နာရီပေါင်း ၂၀ နီးပါးအောင် အားထုတ်ကြိုးပမ်းပြီးမှ ကယ်ဆယ်နိုင်ခဲ့တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြို့နယ်က စိုက်ခင်းမှာ စိုက်ပျိုးရေးသုံးရေတွင်းထဲ အသက် တနှစ်နဲ့ခုနစ်လအရွယ် မြန်မာကလေးငယ်တဦး ပြုတ်ကျသွားခဲ့ပါတယ်။ ကလေးပြုတ်ကျသွားတာကို အနားမှာရှိနေတဲ့ မြန်မာဘုန်းကြီးတွေက မြင်လိုက်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ချက်ခြင်းအကြောင်းကြားနိုင်ခဲ့ပါတယ်။ ရေတွင်းဟာ ကျဉ်းမြောင်းပြီး အနက်ပေ ၅၀ လောက်ရှိတာကြောင့် ရှာဖွေချိန် ၁၈ နာရီကျော်ရှိခဲ့ပြီး နောက်ဆုံးမှာ ကလေးကို အသက်ရှင်လျက်ပြန်တွေ့ခဲ့ကြောင်း အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလို ပြောပါတယ်။

“ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်လောက်မှာ မြန်မာစိုက်ပျိုးရေးလုပ်သားမိသားစုရဲ့ ၁၉ လအရွယ်ပေါ့။ တနှစ်နဲ့ခုနစ်လသားအရွယ် ကလေးမလေး ပြုတ်ကျသွားတယ်။ အဲဒါကို အရင်ဆုံးမြင်တာက ဘုန်းကြီးတွေက မြင်ကြတယ်။ အဲဒီတော့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အဲဒီရေတွင်းက ရိုးရိုးကယ်ဆယ်ရေးလုပ်လို့မရတော့ စက်ယန္တရားတွေသုံးပြီးတော့ ကလေးမလေး- သဇင်ဖွေးလေးကို ကယ်ဆယ်နိုင်ခဲ့တာပေါ့။”

ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေဟာ မနေ့ကစပြီး အဆက်မပြတ် ကယ်ဆယ်ရေးလုပ်ခဲ့ရာမှာ နာရီပေါင်း ၁၆ နာရီလောက်အကြာမှာ ကလေးငိုသံကိုကြားခဲ့ရကြောင်း၊ ဒီလိုကြိုးစားပြီး ကယ်ဆယ်ခဲ့တဲ့ ထိုင်းကယ်ဆယ်ရေးဝန်ထမ်းတွေ၊ ထိုင်းလူမျိုးတွေရဲ့အားထုတ်မှုတွေဟာ လေးစားစရာဖြစ်တယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။

“ထိုင်းကယ်ဆယ်ရေးလုပ်သားတွေက အပတ်တကုတ် မကယ်ဆယ်ဘူးဆိုရင် ဒီ ကလေးက အသက်ဆုံးရှုံးမှာပဲ။ ထိုင်းကယ်ဆယ်ရေးလုပ်သားတွေရဲ့အခန်းကဏ္ဍ ကမြင့်မားသလို တခြားကျန်းမာရေးလုံခြုံရေးဝန်ထမ်းတွေရဲ့အားထုတ်မှုတွေကလည်း ပူပေါင်းမှုကလည်း အားကောင်းတယ်။ လူမျိုး ဘာသာမခွဲဘူး။ ကူညီကြတယ်။ တကယ်တော့ ပေါ့လျော့တာကတော့ မြန်မာလုပ်သားဇနီးမောင်နှံပဲ။ ကလေးအခွင့်ရေးအရ အရေးယူမယ်ဆိုရင်တောင် ယူလို့ရတယ်။”

ကလေးငယ်လေးပြုတ်ကျခဲ့တဲ့ရေတွင်းဟာ ပေ ၅၀ လောက်နက်ပီး အသက်အန္တရာယ် စိုးရိမ်စရာကောင်းတဲ့အခြေအနေကို ကလေးငယ်က ရင်ဆိုင်ခဲ့ရတာပါ။ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်အချိန်ကျမှ အဲဒီကလေးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီဒေသဟာ စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့အရပ်ဒေသဖြစ်ပြီး ကလေးအတော်များများဟာ စာသင်ကြားဖို့အခက်အခဲတွေလည်း ရှိနေတာပါ။ မိဘတွေက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ နေ့စားတွေအဖြစ်လုပ်ကိုင်နေကြရပြီး တချို့က ကလေးတွေကို အိမ်မှာထားခဲ့ရပါတယ်။ အဲဒီဒေသမှာ မြန်မာပြည်သား ရွှေ့ပြောင်းလုပ်သားတွေ သိန်းနဲ့ချီရှိနေပြီး မြန်မာပြည်က စစ်အာဏာသိမ်းပြီးတဲ့နောက် အလုပ်အကိုင်ရှာဖွေဖို့လာကြရင်း စိုက်ခင်းတွေမှာ နေ့စားအဖြစ် အလုပ်လုပ်ကိုင်နေကြသူတွေလည်း အများအပြားရှိနေပါတယ်ရှင်။

XS
SM
MD
LG