[[Zawgyi/Unicode]]
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လာေရာက္ခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္ အကူအညီေပးဖို႔ ဘဂၤလားေဒ့ရွ္အစိုးရက OIC အစၥလာမ္မစ္ ေကာင္စီကို ပန္ၾကားလိုက္ပါတယ္။
အယ္လ္ဂ်ီးရီးယားမွာက်င္းပတဲ့ PUIC အစၥလာမ္မစ္ေကာင္စီအဖြဲ႔ဝင္ႏိုင္ငံေတြက လႊတ္ေတာ္အမတ္ေတြရဲ႕ ေသာၾကာေန႔အစည္းအေဝးကို တက္ေရာက္လာတဲ့ ဘဂၤလားေဒ့ရွ္ ကိုယ္စားလွယ္အဖြဲ႔ေခါင္းေဆာင္၊ လႊတ္ေတာ္ေရးရာနဲ႔ တရားေရးဝန္ႀကီးဌာန လႊတ္ေတာ္အၿမဲတမ္းေကာ္မတီအႀကီးအကဲ Md Shahiduzzaman Sarker က ေၾကညာခ်က္ ထုတ္ျပန္ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ PUIC ရဲ႕ ၄၈ ႀကိမ္ ေျမာက္ အစည္းေဝးကို ဘဂၤလားေဒ့ရွ္ လႊတ္ေတာ္အမတ္ ၃ ဦးတက္ေရာက္ခဲ့ပါတယ္။
တခ်ိန္တည္းမွာပဲ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ သူတို႔ ခိုလႈံရာေနရာေတြက ေဒသခံေတြရဲ႕လိုအပ္ခ်က္ေတြ ျဖည့္ဆည္းေရးဆိုင္ရာ ရန္ပံုေငြခ်ေပးဖို႔ ၂၀၂၃ ခုႏွစ္အတြက္ ပူးတြဲတုံ႔ျပန္ေဆာင္ရြက္ေရးအစီအစဥ္ကို ဘဂၤလားေဒ့ရွ္ အစိုးရက UNHCR ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုးနဲ႔လက္တြဲၿပီး အလွဴရွင္မိတ္ေဆြေတြကို ခ်ျပေတာ့မယ္လို႔ UNHCR ရဲ႕ ဘဂၤလားေဒ့ရွ္ဌာေန ကိုယ္စားလွယ္ Johannes van der Klaauw ကေျပာပါတယ္။ လိုအပ္တဲ့ေငြပမာဏ အေမရိကန္ေဒၚလာ ၈၇၆ သန္း ေတာင္းခံထားတာျဖစ္ၿပီး ဒီအထဲမွာ ၆၇ သန္းက Bhasab Char ကၽြန္းကဒုကၡသည္စခန္း လည္ပတ္ႏိုင္ဖို႔အတြက္ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
႐ိုဟင္ဂ်ာဆိုတဲ့အမည္ကိုလက္မခံတဲ့ ျမန္မာစစ္ေကာင္စီကေတာ့ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးနဲ႔ပတ္သက္ၿပီး စိစစ္လက္ခံမွာျဖစ္ေၾကာင္း ေျပာၾကားထားတာပါ။ ဒါေပမယ့္ ၂၀၂၁ ကတည္းက စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ မတည္မၿငိမ္ျဖစ္ေနတဲ့အတြက္ မၾကာခင္လေတြအတြင္းမွာေတာ့ ႐ိုဟင္ဂ်ာေတြဟာ ပင္လယ္ျပင္ကို ေလွငယ္ေတြနဲ႔ျဖတ္ေက်ာ္ၿပီး မေလးရွားဘက္ကိုသြားႏိုင္ဖို႔ ႀကိဳးစားမႈေတြ တိုးလာေနပါတယ္။
===============
[[Unicode]]
ရိုဟင်ဂျာတွေပြန်ပို့ရေး OIC ကို ဘင်္ဂလာ အကူအညီတောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာရောက်ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက OIC အစ္စလာမ်မစ် ကောင်စီကို ပန်ကြားလိုက်ပါတယ်။
အယ်လ်ဂျီးရီးယားမှာကျင်းပတဲ့ PUIC အစ္စလာမ်မစ်ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက လွှတ်တော်အမတ်တွေရဲ့ သောကြာနေ့အစည်းအဝေးကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ လွှတ်တော်ရေးရာနဲ့ တရားရေးဝန်ကြီးဌာန လွှတ်တော်အမြဲတမ်းကော်မတီအကြီးအကဲ Md Shahiduzzaman Sarker က ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ PUIC ရဲ့ ၄၈ ကြိမ် မြောက် အစည်းဝေးကို ဘင်္ဂလားဒေ့ရှ် လွှတ်တော်အမတ် ၃ ဦးတက်ရောက်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ ခိုလှုံရာနေရာတွေက ဒေသခံတွေရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေချပေးဖို့ ၂၀၂၃ ခုနှစ်အတွက် ပူးတွဲတုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့လက်တွဲပြီး အလှူရှင်မိတ်ဆွေတွေကို ချပြတော့မယ်လို့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်ဌာနေ ကိုယ်စားလှယ် Johannes van der Klaauw ကပြောပါတယ်။ လိုအပ်တဲ့ငွေပမာဏ အမေရိကန်ဒေါ်လာ ၈၇၆ သန်း တောင်းခံထားတာဖြစ်ပြီး ဒီအထဲမှာ ၆၇ သန်းက Bhasab Char ကျွန်းကဒုက္ခသည်စခန်း လည်ပတ်နိုင်ဖို့အတွက်ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့အမည်ကိုလက်မခံတဲ့ မြန်မာစစ်ကောင်စီကတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး စိစစ်လက်ခံမှာဖြစ်ကြောင်း ပြောကြားထားတာပါ။ ဒါပေမယ့် ၂၀၂၁ ကတည်းက စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတဲ့အတွက် မကြာခင်လတွေအတွင်းမှာတော့ ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်ကို လှေငယ်တွေနဲ့ဖြတ်ကျော်ပြီး မလေးရှားဘက်ကိုသွားနိုင်ဖို့ ကြိုးစားမှုတွေ တိုးလာနေပါတယ်။