{{Zawgyi/Unicode}}
ဘဲလား႐ုစ္ႏိုင္ငံမွာ အာဏာရွင္အစိုးရက တပတ္တြင္း အတိုက္အခံ ၁၀၀ ေက်ာ္ကို ဖမ္းဆီးခဲ့တယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။ အာဏာပိုင္ေတြဟာ အတိုက္အခံတက္ႂကြလႈပ္ရွားသူေတြ၊ သတင္းေထာက္ေတြ၊ ေဆးဖက္ဆိုင္ရာဝန္ထမ္းေတြ၊ ေသနတ္ပစ္အားကစားကလပ္ကအဖြဲ႔ဝင္ေတြနဲ႔ ေမာင္းသူမဲ့ဒ႐ုန္းေတြသုံးၿပီး အလုပ္လုပ္သူေတြကို ပစ္မွတ္ထားဖမ္းဆီးခံခဲ့ရပါတယ္။
ၿမိဳ႕ေတာ္မင့္စ္ (Minsk) အပါအဝင္ ႏိုင္ငံရဲ႕အေရွ႕ဘက္နဲ႔ အေနာက္ဘက္ေတြမွာ အစုလိုက္အၿပဳံလိုက္ဖမ္းဆီးခဲ့တာလို႔ ဘဲလား႐ုစ္ လူ႔အခြင့္အေရးအဖြဲ႔တခုျဖစ္တဲ့ ဗီယက္စနာ (Viasna) က အဂၤါေန႔က ေျပာပါတယ္။ ဘဲလား႐ုစ္ၿမိဳ႕ေတာ္အနီးမွာ ဆိုက္ထားတဲ့ ႐ုရွားစစ္ေလယာဥ္တစီးကိုတိုက္ခိုက္ရာမွာပါဝင္ခဲ့တဲ့ သံသယရွိသူေတြကို စီးနင္းရွာေဖြခဲ့တာလို႔ ဆိုပါတယ္။
႐ုရွားေလယာဥ္ကို အတိုက္အခံ BYPOL အဖြဲ႕ရဲ႕ ေပ်ာက္ၾကားတပ္ဖြဲ႔ဝင္ေတြက တိုက္ခိုက္ခဲ့တာလို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
႐ုရွားဟာ မႏွစ္က ယူကရိန္းက်ဴးေက်ာ္ဖို႔ မဟာမိတ္ဘဲလား႐ုစ္ရဲ႕ပိုင္နက္ကို အသုံးျပဳခဲ့သလို ဘဲလား႐ုစ္ကလည္း ႐ုရွားတပ္ဖြဲ႔ေတြ၊ စစ္ေလယာဥ္ေတြနဲ႔ တျခားလက္နက္ေတြကို ဆက္လက္ထားရွိဖို႔ လက္ခံေပးထားပါတယ္။ အတိုက္အခံ တက္ႂကြလႈပ္ရွားသူေတြကေတာ့ ယူကရိန္းစစ္ပြဲကို ေထာက္ခံပံ့ပိုးေပးေနတာ ေလ်ာ့သြားဖို႔ရည္႐ြယ္ၿပီး ႐ုရွားေလယာဥ္ကိုတိုက္ခဲ့တာလို႔ ဆိုပါတယ္။
ဘဲလား႐ုစ္အာဏာပိုင္ေတြဟာ ဒီတိုက္ခိုက္မႈကို အစပိုင္းက ႏႈတ္ဆိတ္ေနခဲ့ေပမဲ့ ရက္အနည္းငယ္အၾကာမွာေတာ့ ဘဲလား႐ုစ္သမၼတ Alexander Lukashenko က ဒီတိုက္ခိုက္ခံရမႈကို ဝန္ခံခဲ့ၿပီး ေလယာဥ္ဟာ အနည္းငယ္ပ်က္စီးခဲ့တာေၾကာင့္ ျပန္ျပဳျပင္ဖို႔ ႐ုရွားကို ပို႔ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။
ဘဲလား႐ုစ္ျပည္ထဲေရးဝန္ႀကီးဌာနကေတာ့ မတ္လ ၉ ရက္ေန႔ တရက္တည္းမွာတင္ အၾကမ္းဖက္သမားေတြနဲ႔ အစြန္းေရာက္ဖြဲ႔ေတြအပါအဝင္ လူေပါင္း ၆၀ ကို ဖမ္းဆီးထားတယ္လို႔ ဆိုပါတယ္။ လုံၿခဳံေရးဌာနရဲ႕ထုတ္ျပန္ခ်က္မွာေတာ့ ေလယာဥ္တိုက္ခိုက္တာမွာ ပါဝင္ခဲ့တယ္လို႔ယူဆရတဲ့ ယူကရိန္းႏိုင္ငံသားတဦးအပါအဝင္ ႀကံရာပါ ဘဲလား႐ုစ္ႏိုင္ငံသား ၂၀ ကို ဖမ္းဆီးထားတယ္လို႔ဆိုပါတယ္။
လူ႔အခြင့္အေရးအဖြဲ႔ Viasna ကေတာ့ ဘဲလား႐ုစ္ႏိုင္ငံတဝန္း လူေပါင္း ၁၀၀ ေလာက္ အဖမ္းခံထားရတယ္လို႔ သိထားရေပမဲ့ လက္ေတြ႔မွာေတာ့ ဒီထက္ပိုႏိုင္တယ္လို႔ ဆိုပါတယ္။
===============
{{Unicode}}
သီတင်းတပတ်အတွင်း ဘဲလားရုစ်အတိုက်အခံ တရာကျော်ဖမ်းဆီးခံရ
ဘဲလားရုစ်နိုင်ငံမှာ အာဏာရှင်အစိုးရက တပတ်တွင်း အတိုက်အခံ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အာဏာပိုင်တွေဟာ အတိုက်အခံတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေ၊ သေနတ်ပစ်အားကစားကလပ်ကအဖွဲ့ဝင်တွေနဲ့ မောင်းသူမဲ့ဒရုန်းတွေသုံးပြီး အလုပ်လုပ်သူတွေကို ပစ်မှတ်ထားဖမ်းဆီးခံခဲ့ရပါတယ်။
မြို့တော်မင့်စ် (Minsk) အပါအဝင် နိုင်ငံရဲ့အရှေ့ဘက်နဲ့ အနောက်ဘက်တွေမှာ အစုလိုက်အပြုံလိုက်ဖမ်းဆီးခဲ့တာလို့ ဘဲလားရုစ် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ဗီယက်စနာ (Viasna) က အင်္ဂါနေ့က ပြောပါတယ်။ ဘဲလားရုစ်မြို့တော်အနီးမှာ ဆိုက်ထားတဲ့ ရုရှားစစ်လေယာဉ်တစီးကိုတိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ သံသယရှိသူတွေကို စီးနင်းရှာဖွေခဲ့တာလို့ ဆိုပါတယ်။
ရုရှားလေယာဉ်ကို အတိုက်အခံ BYPOL အဖွဲ့ရဲ့ ပျောက်ကြားတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ရုရှားဟာ မနှစ်က ယူကရိန်းကျူးကျော်ဖို့ မဟာမိတ်ဘဲလားရုစ်ရဲ့ပိုင်နက်ကို အသုံးပြုခဲ့သလို ဘဲလားရုစ်ကလည်း ရုရှားတပ်ဖွဲ့တွေ၊ စစ်လေယာဉ်တွေနဲ့ တခြားလက်နက်တွေကို ဆက်လက်ထားရှိဖို့ လက်ခံပေးထားပါတယ်။ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကတော့ ယူကရိန်းစစ်ပွဲကို ထောက်ခံပံ့ပိုးပေးနေတာ လျော့သွားဖို့ရည်ရွယ်ပြီး ရုရှားလေယာဉ်ကိုတိုက်ခဲ့တာလို့ ဆိုပါတယ်။
ဘဲလားရုစ်အာဏာပိုင်တွေဟာ ဒီတိုက်ခိုက်မှုကို အစပိုင်းက နှုတ်ဆိတ်နေခဲ့ပေမဲ့ ရက်အနည်းငယ်အကြာမှာတော့ ဘဲလားရုစ်သမ္မတ Alexander Lukashenko က ဒီတိုက်ခိုက်ခံရမှုကို ဝန်ခံခဲ့ပြီး လေယာဉ်ဟာ အနည်းငယ်ပျက်စီးခဲ့တာကြောင့် ပြန်ပြုပြင်ဖို့ ရုရှားကို ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဘဲလားရုစ်ပြည်ထဲရေးဝန်ကြီးဌာနကတော့ မတ်လ ၉ ရက်နေ့ တရက်တည်းမှာတင် အကြမ်းဖက်သမားတွေနဲ့ အစွန်းရောက်ဖွဲ့တွေအပါအဝင် လူပေါင်း ၆၀ ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ လုံခြုံရေးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ လေယာဉ်တိုက်ခိုက်တာမှာ ပါဝင်ခဲ့တယ်လို့ယူဆရတဲ့ ယူကရိန်းနိုင်ငံသားတဦးအပါအဝင် ကြံရာပါ ဘဲလားရုစ်နိုင်ငံသား ၂၀ ကို ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Viasna ကတော့ ဘဲလားရုစ်နိုင်ငံတဝန်း လူပေါင်း ၁၀၀ လောက် အဖမ်းခံထားရတယ်လို့ သိထားရပေမဲ့ လက်တွေ့မှာတော့ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။