သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲမိသားစု ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ပတ်သက်မှုရှိမရှိစုံစမ်းဖို့ ထိုင်းအစိုးရကို APHR တိုက်တွန်း 


စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဉ်။ (သြဂုတ် ၁၊ ၂၀၂၂)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဉ်။ (သြဂုတ် ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံမှာ မကြာသေးခင်က မူးယစ်ဆေးဝါးအပါအဝင် ရာဇဝတ်မှုတွေနဲ့ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံရသူ မြန်မာလုပ်ငန်းရှင်ဟာ မြန်မာစစ်ကောင်စီခေါင်းဆောင်ရဲ့သားသမီးတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့သတင်းကို ထိုင်းနိုင်ငံကစုံစမ်းဖော်ထုတ်ဖို့ အာဆီယံ လူ့အခွင့်အရေးအမတ်များအဖွဲ့ APHR အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှုထဲမှာ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတချို့ကိုပါ စစ်ဆေးတွေ့ရှိတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် APHR ဥက္ကဋ္ဌ Charles Santiago က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရော သူ့မိသားစုကပါ ဒီလို တရားမဝင်လုပ်ငန်းတွေနဲ့ ဘယ်အတိုင်းအတာထိ ပတ်သက်နေသလဲဆိုတာကို ထိုင်းအာဏာပိုင်တွေက လူသိထင်ရှားစုံစမ်းဖေါ်ထုတ်ပေးဖို့နဲ့ ထိုင်းဥပဒေကိုချိုးဖေါက်တဲ့ပြစ်မှုထင်ရှားခဲ့ရင် ထိုင်းတရားရုံးမှာ တရားစွဲအရေးယူဖို့ကိုလည်း Santiago က တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ဒီလို တရားမဝင်တဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွှယ်လုပ်ကိုင်လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီဆိုတဲ့အချက်ဟာ ထင်ရှားကြောင်း၊ ထိပ်တန်း စစ်ခေါင်းဆောင်ဖြစ်တဲ့မင်းအောင်လှိုင်ဟာလည်း မြန်မာ့မြေကထွက်တဲ့ သဘာဝသယံဇာတတွေကို အခွန်မပေးရသလောက်နီးပါး အဓမ္မ အလကားရယူနေတဲ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ကိစ္စတွေမှာပါ ပါဝင်ပတ်သက်နေတာမျိုး ဒါမှမဟုတ် ကုန်ကူးသူတွေဆီက ငွေကြေးရယူပြီး မသိချင်ယောင်ဆောင်ပေးနေတဲ့အနေအထားမျိုးရှိကြောင်း APHR အကြီးအကဲရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကသိမ်းဆည်းခဲ့တဲ့ လုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ရဲ့ပိုင်ဆိုင်မှုခန့်မှန်းခြေက ထိုင်းဘတ်ငွေ ၁.၈ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်ရှိပြီး ဒေါက်တာထွန်းမင်းလတ်ရဲ့နေအိမ်တိုက်ခန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သမီးနဲ့သားရဲ့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းနဲ့ ဘဏ်စာအုပ်တွေကို ရှာတွေ့ခဲ့ကြောင်း တရားဝင်မှတ်တမ်းတွေမှာ ဖေါ်ပြထားပါတယ်။

=========================

[[Unicode]]







XS
SM
MD
LG