[[Zawgyi/Unicode]]
ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္း ၂ ႏွစ္ျပည့္အခ်ိန္မွာပဲ ျမန္မာႏိုင္ငံက အေျခအေနေတြဟာပုံမွန္ျပန္လည္ မေရာက္ရွိေသးတဲ့အတြက္ဆိုကာ အေရးေပၚအေျခအေနကို ေနာက္ထပ္ ၆ လ တိုးခ်ဲ႕လိုက္ေၾကာင္း စစ္ေကာင္စီက ေၾကညာလုိက္ပါတယ္။
အာဏာသိမ္းစစ္ ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ တက္ေရာက္ခဲ့တဲ့ အဂၤါေန႔ ကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီအစည္းအေဝးမွာ ဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္း ႏုိင္ငံပုိင္ ႐ုပ္ျမင္သံၾကားမွာ ဗုဒၶဟူးေန႔က ေၾကညာခဲ့တာပါ။ လာမယ့္ၾသဂုတ္လမွာ ေရြးေကာက္ပဲြက်င္းပမယ္လို႔ရည္ရြယ္ထားေပမဲ့ အခုလိုအေျခအေနေတြေၾကာင့္ ေရြးေကာက္ပဲြ ေရႊ႕ဆိုင္းရမဲ့အေျခအေနရွိတယ္လို႔ သုံးသပ္သူတခ်ဳိ႕ကေျပာဆိုပါတယ္။
ကာကြယ္ေရးနဲ႔လုံျခဳံေရးေကာင္စီက တာဝန္ယူရမယ့္အခ်ိန္ထပ္မံတိုးခ်ဲ႕လိုက္ၿပီး ေရြးေကာက္ပဲြအတြက္ျပင္ဆင္ေနေပမယ့္လည္း ေရြးေကာက္ပဲြကို ဘယ္ေန႔ဘယ္အခ်ိန္မွာက်င္းပမယ္ဆိုတာကို အာဏာသိမ္းစစ္ေကာင္စီက အတိအက်ေၾကညာျခင္းမရွိေသးပါဘူး။
စစ္ေကာင္စီကျပဌာန္းခဲ့တဲ့ ပါတီမွတ္ပုံတင္ျခင္းဥပေဒေတြဟာ လက္ေတြနဲ႔ကင္းကြာေနၿပီး ပါတီေတြမွပုံတင္ဖို႔အခက္အခဲေတြျဖစ္ေစတယ္လို႔ ေဝဖန္တာေတြရွိသလို အေမရိကန္အစိုးရအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက လြတ္လပ္တရားမွ်တတဲ့ေရြးေကာက္ပဲြမျဖစ္ႏိုင္ဘူးလို႔ ေျပာဆိုထားပါတယ္။
ျမန္မာႏိုင္ငံမွာ ၿမိဳ႕ေပါင္း ၃၀၀ ေက်ာ္ရွိတဲ့အနက္ သုံးပုံတပုံျဖစ္တဲ့ ၁၃၂ ၿမိဳ႕ကို လုံျခဳံေရးအရအျပည့္အဝထိန္းခ်ဳပ္ထားႏိုင္ျခင္းမရွိဘူးလို႔ အာဏာသိမ္းစစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က ဗုဒၶဟူးေန႔မွာ ဝန္ခံေျပာဆိုခဲ့ပါတယ္။
============
[[Unicode]]
စစ်ကောင်စီ အရေးပေါ်အခြေအနေ နောက်ထပ် ၆ လ သက်တမ်းတိုး
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်း ၂ နှစ်ပြည့်အချိန်မှာပဲ မြန်မာနိုင်ငံက အခြေအနေတွေဟာပုံမှန်ပြန်လည် မရောက်ရှိသေးတဲ့အတွက်ဆိုကာ အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ တိုးချဲ့လိုက်ကြောင်း စစ်ကောင်စီက ကြေညာလိုက်ပါတယ်။
အာဏာသိမ်းစစ် ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ အင်္ဂါနေ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။ လာမယ့်သြဂုတ်လမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ရည်ရွယ်ထားပေမဲ့ အခုလိုအခြေအနေတွေကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရမဲ့အခြေအနေရှိတယ်လို့ သုံးသပ်သူတချို့ကပြောဆိုပါတယ်။
ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက တာဝန်ယူရမယ့်အချိန်ထပ်မံတိုးချဲ့လိုက်ပြီး ရွေးကောက်ပွဲအတွက်ပြင်ဆင်နေပေမယ့်လည်း ရွေးကောက်ပွဲကို ဘယ်နေ့ဘယ်အချိန်မှာကျင်းပမယ်ဆိုတာကို အာဏာသိမ်းစစ်ကောင်စီက အတိအကျကြေညာခြင်းမရှိသေးပါဘူး။
စစ်ကောင်စီကပြဌာန်းခဲ့တဲ့ ပါတီမှတ်ပုံတင်ခြင်းဥပဒေတွေဟာ လက်တွေနဲ့ကင်းကွာနေပြီး ပါတီတွေမှပုံတင်ဖို့အခက်အခဲတွေဖြစ်စေတယ်လို့ ဝေဖန်တာတွေရှိသလို အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ မြို့ပေါင်း ၃၀၀ ကျော်ရှိတဲ့အနက် သုံးပုံတပုံဖြစ်တဲ့ ၁၃၂ မြို့ကို လုံခြုံရေးအရအပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိဘူးလို့ အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗုဒ္ဓဟူးနေ့မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။