သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ ေနရာအႏွံ႔ပဋိပကၡေတြေၾကာင့္ ကမာၻ႔ၿငိမ္းခ်မ္းေရးထိခိုက္ (ကုလႀကီးအကဲ)


United Nations Guterres

[[Zawgyi/Unicode]]

စီးပြားေရးမညီမွ်မႈေတြ၊ ရာသီဥတုဆိုင္ရာအၾကပ္အတည္းေတြ၊ ပထဝီႏိုင္ငံေရးကြဲျပားမႈေတြနဲ႔ ပဋိပကၡျဖစ္ပြားရာလမ္းေၾကာင္းေတြ စတာေတြကို ေျပာင္းလဲေရးအတြက္ ကမာၻႀကီးအေနနဲ႔ ႏိုးႏိုးၾကားၾကားနဲ႔ ခ်က္ခ်င္း အေရးယူေဆာင္႐ြက္ဖို႔လိုအပ္တယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres က တနလၤာေန႔က သတိေပးလိုက္ပါတယ္။

ဒီႏွစ္ ၂ဝ၂၃ ကုလသမဂၢအေထြေထြညီလာခံအတြက္ ဦးစားေပးလုပ္ေဆာင္မဲ့ အစီအစဥ္ေတြကိုခ်မွတ္ရာမွာ သူက က်ေနာ္တို႔အေနနဲ႔ မွန္ကန္တဲ့ ျပဌာန္းခ်က္တခု လိုအပ္ေနတယ္လို႔ ေျပာပါတယ္။

အဲဒီရာသီဥတု၊ ဘ႑ာေငြေၾကးနဲ႔ပဋိပကၡစတဲ့အရာေတြအားလုံးကို ဘယ္လိုလွည့္ေျပာင္းရမယ္ဆိုတာ က်ေနာ္တို႔ သိထားတာကေတာ့ သတင္းေကာင္းပါပဲလို႔ သူက ထပ္ေလာင္းေျပာၾကားပါတယ္။ ဒါ့အျပင္ အေရးတယူမလုပ္ဘဲထားတဲ့အတြက္ ေပးဆပ္ရမွာက လုပ္ေဆာင္တဲ့အတြက္ေပးဆပ္လိုက္ရတဲ့တန္ဖိုးထက္ ပိုၿပီးႀကီးမားတယ္ဆိုတာ က်ေနာ္တို႔သိတဲ့အေၾကာင္း သူကေျပာပါတယ္။ ဒါေပမယ့္ မဟာဗ်ဴဟာက်တဲ့ အျမင္ေတြ၊ ေရရွည္ေတြးေခၚမႈနဲ႔ ရည္မွန္းခ်က္ေတြဟာ ေပ်ာက္ဆုံးေနတယ္လို႔လည္း ေျပာပါတယ္။

ယူကရိန္းတင္သာမက ႏိုင္ငံအေတာ္မ်ားမ်ားအပါအဝင္ ကမာၻႀကီးဟာ ၿငိမ္းခ်မ္းမႈေတြလိုအပ္ေနတယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။ ျမန္မာ၊ အာဖဂန္နစၥတန္၊ အာဖရိက က Sahel ေဒသ၊ ေဟတီ၊ အေရွ႕အလယ္ပိုင္းနဲ႔ တျခားေနရာေတြမွာပါ ႏိုင္ငံေရးအၾကပ္အတည္းေတြနဲ႔ ပဋိပကၡေတြျဖစ္ပြားေနၾကၿပီး လူသန္းေပါင္း ၂ ေထာင္ေလာက္ ဒုကၡေရာက္ေနၾကပါတယ္လို႔ သူကေျပာပါတယ္။

ႏိုင္ငံတိုင္းကေန ကုလသမဂၢပဋိညာဥ္အတိုင္း ေဆာင္႐ြက္ၾကမယ္ဆိုရင္ ၿငိမ္းခ်မ္းစြာေနထိုင္ႏိုင္ခြင့္ကို အာမခံေပးႏိုင္ပါလိမ့္မယ္လို႔ ေျပာပါတယ္။ ဒါေပမဲ့ ႏိုင္ငံတိုင္းက အဲဒီလို ကတိကဝတ္ေတြကို ခ်ိဳးေဖာက္ေနၾကတဲ့အခါမွာေတာ့ သူတို႔ဟာ လူတိုင္းအတြက္ လုံၿခဳံမႈမရွိတဲ့ကမာၻႀကီးကို ဖန္တီးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

မြန်မာအပါအဝင် နေရာအနှံ့ပဋိပက္ခတွေကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးထိခိုက် (ကုလကြီးအကဲ)

စီးပွားရေးမညီမျှမှုတွေ၊ ရာသီဥတုဆိုင်ရာအကြပ်အတည်းတွေ၊ ပထဝီနိုင်ငံရေးကွဲပြားမှုတွေနဲ့ ပဋိပက္ခဖြစ်ပွားရာလမ်းကြောင်းတွေ စတာတွေကို ပြောင်းလဲရေးအတွက် ကမ္ဘာကြီးအနေနဲ့ နိုးနိုးကြားကြားနဲ့ ချက်ချင်း အရေးယူဆောင်ရွက်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တနင်္လာနေ့က သတိပေးလိုက်ပါတယ်။

ဒီနှစ် ၂ဝ၂၃ ကုလသမဂ္ဂအထွေထွေညီလာခံအတွက် ဦးစားပေးလုပ်ဆောင်မဲ့ အစီအစဉ်တွေကိုချမှတ်ရာမှာ သူက ကျနော်တို့အနေနဲ့ မှန်ကန်တဲ့ ပြဌာန်းချက်တခု လိုအပ်နေတယ်လို့ ပြောပါတယ်။

အဲဒီရာသီဥတု၊ ဘဏ္ဍာငွေကြေးနဲ့ပဋိပက္ခစတဲ့အရာတွေအားလုံးကို ဘယ်လိုလှည့်ပြောင်းရမယ်ဆိုတာ ကျနော်တို့ သိထားတာကတော့ သတင်းကောင်းပါပဲလို့ သူက ထပ်လောင်းပြောကြားပါတယ်။ ဒါ့အပြင် အရေးတယူမလုပ်ဘဲထားတဲ့အတွက် ပေးဆပ်ရမှာက လုပ်ဆောင်တဲ့အတွက်ပေးဆပ်လိုက်ရတဲ့တန်ဖိုးထက် ပိုပြီးကြီးမားတယ်ဆိုတာ ကျနော်တို့သိတဲ့အကြောင်း သူကပြောပါတယ်။ ဒါပေမယ့် မဟာဗျူဟာကျတဲ့ အမြင်တွေ၊ ရေရှည်တွေးခေါ်မှုနဲ့ ရည်မှန်းချက်တွေဟာ ပျောက်ဆုံးနေတယ်လို့လည်း ပြောပါတယ်။

ယူကရိန်းတင်သာမက နိုင်ငံအတော်များများအပါအဝင် ကမ္ဘာကြီးဟာ ငြိမ်းချမ်းမှုတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာ၊ အာဖဂန်နစ္စတန်၊ အာဖရိက က Sahel ဒေသ၊ ဟေတီ၊ အရှေ့အလယ်ပိုင်းနဲ့ တခြားနေရာတွေမှာပါ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေကြပြီး လူသန်းပေါင်း ၂ ထောင်လောက် ဒုက္ခရောက်နေကြပါတယ်လို့ သူကပြောပါတယ်။

နိုင်ငံတိုင်းကနေ ကုလသမဂ္ဂပဋိညာဉ်အတိုင်း ဆောင်ရွက်ကြမယ်ဆိုရင် ငြိမ်းချမ်းစွာနေထိုင်နိုင်ခွင့်ကို အာမခံပေးနိုင်ပါလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းက အဲဒီလို ကတိကဝတ်တွေကို ချိုးဖောက်နေကြတဲ့အခါမှာတော့ သူတို့ဟာ လူတိုင်းအတွက် လုံခြုံမှုမရှိတဲ့ကမ္ဘာကြီးကို ဖန်တီးနေကြပါတယ်။

XS
SM
MD
LG