[[Zawgyi/Unicode]]
ျမန္မာ့ပဋိပကၡဟာ အာဆီယံနဲ႔ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ေတြၾကား ဆက္ဆံေရးမွာ ခလုတ္ကန္သင္းတခု ျဖစ္လာေနသလို အာဆီယံရဲ႕ တရားဝင္မႈအတြက္လည္း စိန္ေခၚခ်က္တခုျဖစ္လာေၾကာင္း သုံးသပ္သူေတြက ေထာက္ျပၾကပါတယ္။ ဗြီအိုေအ အင္ဒိုနီးရွားဌာနရဲ႕ သတင္းေဆာင္းပါးကို မသိဂႌထိုက္က တင္ျပေပးထားပါတယ္။
အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံနဲ႔ ၾသစေၾတးလ်၊ နယူးဇီလန္တို႔နဲ႔ လြတ္လပ္တဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္ကို ဒီႏွစ္မွာ သက္တမ္းတိုးရမွာ ျဖစ္ပါတယ္။ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လထဲမွာ ဒီသေဘာတူညီခ်က္သစ္ရရွိေရး ရည္မွန္းထားေၾကာင္း အာဆီယံကုန္သြယ္ေရးညႇိႏႈိင္းေရးဆိုင္ရာ ၫႊန္ၾကားေရးမႉး Dina Kurniasari က ေျပာပါတယ္။ ဒါေပမဲ့လည္း ျမန္မာႏိုင္ငံတြင္းက လူသားခ်င္းစာနာမႈဆိုင္ရာ ျပႆနာေတြလို ကိစၥေတြကလည္း အခက္အခဲ အဟန႔္အတားအျဖစ္ ရွိတယ္လို႔လည္း ေျပာပါတယ္။ အေၾကာင္းကေတာ့ ျမန္မာဘက္က အဲဒီ စာခ်ဳပ္မွာ သေဘာတူ လက္မွတ္ေရးထိုးမယ္ဆိုရင္ ၾသစေၾတးလ်နဲ႔ နယူးဇီလန္တို႔က လိုလားမွာမဟုတ္ဘူးလို႔လည္း ေထာက္ျပပါတယ္။ ျမန္မာျပႆနာဟာဆိုရင္ အာဆီယံရဲ႕ တရားဝင္မႈအေရးကိစၥ အခက္အခဲတခုလည္း ျဖစ္တယ္လို႔ အင္ဒိုနီးရွား ႏိုင္ငံ Gdjah Mada တကၠသိုလ္က ႏိုင္ငံတကာ ဆက္ဆံေရးပညာရွင္ Randy W Nandyatma က ေျပာပါတယ္။
“ လက္ရွိမွာတာ့ ျမန္မာဘက္က အာဆီယံရဲ႕စည္းမ်ဥ္းေတြကို လိုက္နာဖို႔ ဒါမွမဟုတ္လည္း လိုက္ေလ်ာလာဖို႔ ASEAN အေနနဲ႔ ေအာင္ျမင္ေအာင္ မေဆာင္႐ြက္ႏိုင္ပါဘူး။”
ျမန္မာႏိုင္ငံတြင္း ျပႆနာေတြေၾကာင့္ တျခားႏိုင္ငံ အမ်ားအျပားဘက္ကလည္း ဆက္ဆံမႈ အေျပာင္းအလဲေတြ ျဖစ္လာပါတယ္။ ဒီရဲ႕ ႐ိုက္ခတ္သက္ေရာက္မႈကို အာဆီယံဟာလည္း အဖြဲ႕အေနနဲ႔ ရင္ဆိုင္ေနရတာပါ။ အာဆီယံအေနနဲ႔ သူ႔ရဲ႕ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ေတြနဲ႔ ဆက္ဆံေရးမွာ ျမန္မာဟာ အဟန႔္အတားတခု ျဖစ္လာေနတယ္လို႔ စကၤာပူဆိုင္ရာ အင္ဒိုနီးရွား သံအမတ္ႀကီး Suryoprtomo ကေျပာပါတယ္။
“ ျမန္မာႏိုင္ငံတြင္းက ျပႆနာေတြကို ေျဖရွင္းရာမွာ က်ယ္က်ယ္ေလာင္ေလာင္မူဝါဒနဲ႔ ေဆာင္႐ြက္လို႔ ရႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမဲ့ သက္ဆိုင္ရာဘက္အသီးသီးကို ခ်ဥ္းကပ္ႏိုင္ေရး ႀကိဳးပမ္းၿပီး တတ္ႏိုင္သေလာက္ တိုးတိုးတိတ္တိတ္သာ ေဆာင္႐ြက္ႏိုင္မွာပါ။ ဒါဆိုရင္ေတာ့ ျပႆနာေတြခ်ည္း ျဖစ္လာမွာမဟုတ္သလို ျမန္မာအတြက္လည္း အခက္ေတြ႕ေစမွာ မဟုတ္ပါဘူး။ ”
ဘယ္ဘက္ကိုမွ မ်က္ႏွာမပ်က္ေစဘဲ ျပႆနာေတြအားလုံးကို ေကာင္းေကာင္း ေျဖရွင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း သံအမတ္ႀကီးက ထပ္ေလာင္းေျပာပါတယ္။ အင္ဒိုနီးရွားလႊတ္တာ္အမတ္ Muhaammad Farhan ကေတာ့ ျမန္မာဘက္က အခိုင္အမာ ပိုင္းျဖတ္လာေစေရး အာဆီယံဘက္က လိုအပ္ေနတာျဖစ္တယ္လို႔ ေထာက္ျပပါတယ္။
“ အလုံးစုံပါဝင္မႈရဲ႕ဆိုလိုရင္းကေတာ့ ျမန္မာဘက္က တျခားသူေတြနဲ႔အတူ လုပ္ငန္းစဥ္မွာ ပါဝင္ရမွာပါ။ ဒီအတြက္ အခိုင္အမာပိုင္းျဖတ္ခ်က္က အေရးႀကီးပါတယ္။ သူတို႔ဘက္က ကတိျပဳလာေရးနားခ်ဖို႔က ကိစၥတခုျဖစ္ပါတယ္။ သိၾကတဲ့အတိုင္းပဲ၊ အာဆီယံဟာဆိုရင္ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္လုပ္ေဆာင္ႏိုင္တဲ့ အဖြဲ႕ႀကီးလည္း မဟုတ္ပါဘူး။ ”
အာဆီယံရဲ႕ အလွည့္က် ဥကၠဌ ျဖစ္တဲ့ အင္ဒိုနီးရွား အေနနဲ႔ ျမန္မာ့ ျပႆနာ ေျဖရွင္းေရးမွာ စိန္ေခၚ အကဲစမ္းမႈ အႀကီးအက်ယ္ ႀကဳံရမယ္လို႔လည္း မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာ ေလ့လာေရးဌာနရဲ႕ အမႈေဆာင္ၫႊန္ၾကားေရးမႉး Yose Rizal Damuri က ေျပာပါတယ္။ ျမန္မာႏိုင္ငံက အေျခအေနေတြရဲ႕ ရႈပ္ေထြးမႈကိုလည္း အခုလို ေျပာပါတယ္။
“ အျပင္က အျမင္မွာေတာ့ အရပ္သားေတြနဲ႔ စစ္အစိုးရတိုက္ခိုက္မႈအျဖစ္ ရႈျမင္ၾကပါတယ္။ ဒါေပမဲ့ အမွန္တကယ္က ျမန္မာႏိုင္ငံတြင္းက တိုင္းရင္းသားအဖြဲ႕ေတြၾကားမွာလည္း ျပႆနာေတြ ရွိေနပါတယ္။ ျပႆနာေတြက လက္ေတြ႕မွာ ပိုၿပီးက်ယ္ျပန႔္ပါတယ္။ ”
ကေမာၻဒီးယားျပႆနာကို ကူညီေျဖရွင္းခဲ့တဲ့ အင္ဒိုနီးရွားရဲ႕အေတြ႕အႀကဳံက ျမန္မာ့ ျပႆနာေျဖရွင္းေရးမွာ အေထာက္အကူျဖစ္ႏိုင္တယ္လို႔ အင္ဒိုနီးရွားဘက္က ယူဆခ်က္ကိုလည္း ျပန္လည္ သုံးသပ္သင့္တယ္လို႔လည္း CSIS ရဲ႕ အမႈေဆာင္ၫႊန္ၾကားေရးမႉးက ေျပာပါတယ္။ ျမန္မာႏိုင္ငံကျပႆနာဟာ ကေမာၻဒီးယားျပႆနာထက္ ပိုၿပီး ရႈပ္ေထြးတယ္လို႔လည္း ေထာက္ျပပါတယ္။
=================
[[Unicode]]
အာဆီယံအတွက် စိန်ခေါ်မှုဖြစ်လာနေတဲ့ မြန်မာ့ပြဿနာ
မြန်မာ့ပဋိပက္ခဟာ အာဆီယံနဲ့ မဟာဗျူဟာမြောက်မိတ်ဖက်တွေကြား ဆက်ဆံရေးမှာ ခလုတ်ကန်သင်းတခု ဖြစ်လာနေသလို အာဆီယံရဲ့ တရားဝင်မှုအတွက်လည်း စိန်ခေါ်ချက်တခုဖြစ်လာကြောင်း သုံးသပ်သူတွေက ထောက်ပြကြပါတယ်။ ဗွီအိုအေ အင်ဒိုနီးရှားဌာနရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ သြစတြေးလျ၊ နယူးဇီလန်တို့နဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို ဒီနှစ်မှာ သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လထဲမှာ ဒီသဘောတူညီချက်သစ်ရရှိရေး ရည်မှန်းထားကြောင်း အာဆီယံကုန်သွယ်ရေးညှိနှိုင်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး Dina Kurniasari က ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်းက လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေလို ကိစ္စတွေကလည်း အခက်အခဲ အဟန့်အတားအဖြစ် ရှိတယ်လို့လည်း ပြောပါတယ်။ အကြောင်းကတော့ မြန်မာဘက်က အဲဒီ စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးမယ်ဆိုရင် သြစတြေးလျနဲ့ နယူးဇီလန်တို့က လိုလားမှာမဟုတ်ဘူးလို့လည်း ထောက်ပြပါတယ်။ မြန်မာပြဿနာဟာဆိုရင် အာဆီယံရဲ့ တရားဝင်မှုအရေးကိစ္စ အခက်အခဲတခုလည်း ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံ Gdjah Mada တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာရှင် Randy W Nandyatma က ပြောပါတယ်။
“ လက်ရှိမှာတာ့ မြန်မာဘက်က အာဆီယံရဲ့စည်းမျဉ်းတွေကို လိုက်နာဖို့ ဒါမှမဟုတ်လည်း လိုက်လျောလာဖို့ ASEAN အနေနဲ့ အောင်မြင်အောင် မဆောင်ရွက်နိုင်ပါဘူး။”
မြန်မာနိုင်ငံတွင်း ပြဿနာတွေကြောင့် တခြားနိုင်ငံ အများအပြားဘက်ကလည်း ဆက်ဆံမှု အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဒီရဲ့ ရိုက်ခတ်သက်ရောက်မှုကို အာဆီယံဟာလည်း အဖွဲ့အနေနဲ့ ရင်ဆိုင်နေရတာပါ။ အာဆီယံအနေနဲ့ သူ့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်တွေနဲ့ ဆက်ဆံရေးမှာ မြန်မာဟာ အဟန့်အတားတခု ဖြစ်လာနေတယ်လို့ စင်္ကာပူဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Suryoprtomo ကပြောပါတယ်။
“ မြန်မာနိုင်ငံတွင်းက ပြဿနာတွေကို ဖြေရှင်းရာမှာ ကျယ်ကျယ်လောင်လောင်မူဝါဒနဲ့ ဆောင်ရွက်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာဘက်အသီးသီးကို ချဉ်းကပ်နိုင်ရေး ကြိုးပမ်းပြီး တတ်နိုင်သလောက် တိုးတိုးတိတ်တိတ်သာ ဆောင်ရွက်နိုင်မှာပါ။ ဒါဆိုရင်တော့ ပြဿနာတွေချည်း ဖြစ်လာမှာမဟုတ်သလို မြန်မာအတွက်လည်း အခက်တွေ့စေမှာ မဟုတ်ပါဘူး။ ”
ဘယ်ဘက်ကိုမှ မျက်နှာမပျက်စေဘဲ ပြဿနာတွေအားလုံးကို ကောင်းကောင်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်းလည်း သံအမတ်ကြီးက ထပ်လောင်းပြောပါတယ်။ အင်ဒိုနီးရှားလွှတ်တာ်အမတ် Muhaammad Farhan ကတော့ မြန်မာဘက်က အခိုင်အမာ ပိုင်းဖြတ်လာစေရေး အာဆီယံဘက်က လိုအပ်နေတာဖြစ်တယ်လို့ ထောက်ပြပါတယ်။
“ အလုံးစုံပါဝင်မှုရဲ့ဆိုလိုရင်းကတော့ မြန်မာဘက်က တခြားသူတွေနဲ့အတူ လုပ်ငန်းစဉ်မှာ ပါဝင်ရမှာပါ။ ဒီအတွက် အခိုင်အမာပိုင်းဖြတ်ချက်က အရေးကြီးပါတယ်။ သူတို့ဘက်က ကတိပြုလာရေးနားချဖို့က ကိစ္စတခုဖြစ်ပါတယ်။ သိကြတဲ့အတိုင်းပဲ၊ အာဆီယံဟာဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လုပ်ဆောင်နိုင်တဲ့ အဖွဲ့ကြီးလည်း မဟုတ်ပါဘူး။ ”
အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ အင်ဒိုနီးရှား အနေနဲ့ မြန်မာ့ ပြဿနာ ဖြေရှင်းရေးမှာ စိန်ခေါ် အကဲစမ်းမှု အကြီးအကျယ် ကြုံရမယ်လို့လည်း မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Yose Rizal Damuri က ပြောပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေရဲ့ ရှုပ်ထွေးမှုကိုလည်း အခုလို ပြောပါတယ်။
“ အပြင်က အမြင်မှာတော့ အရပ်သားတွေနဲ့ စစ်အစိုးရတိုက်ခိုက်မှုအဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်က မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားအဖွဲ့တွေကြားမှာလည်း ပြဿနာတွေ ရှိနေပါတယ်။ ပြဿနာတွေက လက်တွေ့မှာ ပိုပြီးကျယ်ပြန့်ပါတယ်။ ”
ကမ္ဘောဒီးယားပြဿနာကို ကူညီဖြေရှင်းခဲ့တဲ့ အင်ဒိုနီးရှားရဲ့အတွေ့အကြုံက မြန်မာ့ ပြဿနာဖြေရှင်းရေးမှာ အထောက်အကူဖြစ်နိုင်တယ်လို့ အင်ဒိုနီးရှားဘက်က ယူဆချက်ကိုလည်း ပြန်လည် သုံးသပ်သင့်တယ်လို့လည်း CSIS ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။ မြန်မာနိုင်ငံကပြဿနာဟာ ကမ္ဘောဒီးယားပြဿနာထက် ပိုပြီး ရှုပ်ထွေးတယ်လို့လည်း ထောက်ပြပါတယ်။