သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးပါတီ မွတ္ပုံတင္ဥပေဒသစ္အေပၚ ေဝဖန္မႈေတြထြက္ေပၚ 


[[Zawgyi/Unicode]]

ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒသစ္အရ ႏိုင္ငံေရးပါတီေတြ မွတ္ပုံတင္ေလွ်ာက္ထားဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္လိုက္ပါတယ္။ တင္းၾကပ္မႈေတြမ်ားလာတဲ့ ဥပေဒသစ္အရ ပါတီေတြရဲ႕သေဘာထားဘယ္လို ရွိပါသလဲ၊ ရန္ကုန္က သတင္းေပးပို႔ခ်က္ကို ကိုရဲမြန္ကတင္ျပေပးထားပါတယ္။

ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒသစ္ကို ၿပီးခဲ့တဲ့ဇန္နဝါရီ ၂၆ ရက္ေန႔မွာ စစ္ေကာင္စီက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲလိုထုတ္ျပန္ၿပီး ႏိုင္ငံေရးပါတီမွတ္ပုံတင္ျခင္း နည္းဥပေဒသစ္ကို မေန႔က ထပ္မံထုတ္ျပန္ပါတယ္။ ဒီေနာက္ ႏိုင္ငံေရးပါတီေတြအေနနဲ႔ ဥပေဒသစ္အရ ပါတီမွတ္ပုံတင္ေလွ်ာက္ထားဖို႔ ေကာ္မရွင္က ဖိတ္ေခၚလိုက္တာပါ။ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒသစ္ ထုတ္ျပန္လိုက္ၿပီးခ်ိန္မွာ ႏိုင္ငံေရးပါတီေတြနဲ႔သုံးသပ္သူေတြၾကားမွာ ေဝဖန္မႈေတြက်ယ္က်ယ္‌ေလာင္ေလာင္ထြက္ေပၚခဲ့ပါတယ္။

ထုတ္ျပန္လိုက္တဲ့ ဥပေဒ၊ နည္းဥပေဒနဲ႔ပတ္သက္ၿပီးေတာ့ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ပူးဂင္ကမ္းလ်ံကေတာ့ ဥပေဒကမရွင္းလင္းသလို လူနည္းစုတိုင္းရင္းသားပါတီေတြရပ္တည္ဖို႔ ခက္ခဲသြားတယ္လို႔ ေဝဖန္လိုက္ပါတယ္။

“မရွင္းလင္းတာက ျပည္နယ္ပါတီတိုင္းပါတီေတြက ျပည္ေထာင္စုမွာရွိတဲ့ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္မွာ ဝင္ေ႐ြးမခံရဘူးလားဆိုတာ မသဲကြဲဘူး။ သူတို႔နည္းဥပေဒကေလ။ ဒါကသူတို႔ ရည္႐ြယ္ခ်က္ရွိရွိလုပ္တဲ့သေဘာဆိုေတာ့ လက္ရွိရပ္တည္ေနတဲ့ပါတီေတြက ထပ္တင္ဖို႔မလိုဘူးေလ။ သူတို႔ထုတ္ျပန္တဲ့ဒီဥပေဒထဲမွာေပါ့။ ေငြေၾကးကိစၥ၊ ပါတီအင္အားကိစၥ၊ ၿမိဳ႕နယ္ကန႔္သတ္တာေတြေတာ့ ထူးျခားမႈရွိတာေပါ့ေနာ္။ က်ေနာ္တို႔ထင္တာကေတာ့ တိုင္းရင္းသားလူနည္းစုပါတီငယ္ေတြ ေပ်ာက္ေအာင္လုပ္တဲ့သေဘာလားလို႔ ထင္ရပါတယ္။ စိတ္လည္း မေကာင္းဘူးေပါ့။ ဘာေခၚမလဲ၊ ရည္႐ြယ္ခ်က္ရွိရွိလုပ္တာျဖစ္ႏိုင္တယ္။ တႏိုင္ငံလုံးလႊမ္းၿခဳံႏိုင္တာ ႀကံ့ခိုင္ေရးပဲရွိေတာ့မယ္ေလ။”

ျမန္မာႏိုင္ငံမွာတည္ဆဲပါတီ ၉၁ ပါတီရွိေနၿပီး အဲဒီပါတီေတြအေနနဲ႔ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ဖို႔ ဥပေဒထုတ္ျပန္ၿပီးေနာက္ ရက္ေပါင္း ၆၀ အတြင္း ေကာ္မရွင္ထံ မွတ္ပုံတင္အသစ္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ျပန္မေလွ်ာက္ေတာ့တဲ့ပါတီေတြကေတာ့ အလိုအေလ်ာက္ဖ်က္သိမ္းၿပီးျဖစ္တယ္လို႔ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒသစ္မွာ ေဖာ္ျပထားပါတယ္။

ရခိုင့္ဦးေဆာင္ပါတီရဲ႕ဥကၠ႒ ေဒါက္တာေအးေမာင္ကေတာ့ ထုတ္ျပန္ထားတဲ့ဥပေဒသစ္နဲ႔ နည္းဥပေဒတို႔ေၾကာင့္ ပါတီေတြနည္းပါးသြားႏိုင္ဖြယ္ရွိတယ္လို႔ ေျပာပါတယ္။ ရခိုင့္ဦးေဆာင္ပါတီရဲ႕ရပ္တည္မႈနဲ႔ပတ္သက္လို႔ေတာ့ သူက ခုလိုေျပာပါတယ္။

“ရည္မွန္းခ်က္ေၾကာင့္ပါတီေထာင္ၾကတယ္။ ေ႐ြးေကာက္ပြဲမွာ ႏိုင္ျခင္းမႏိုင္ျခင္းက ဒုတိယပဲျဖစ္တယ္ဆိုတဲ့ စုဖြဲ႕မႈတခုေပါ့ဗ်ာ- ႏိုင္ငံေရးရည္သန္မႈေၾကာင့္ပါတီေထာင္ၾကသူေတြကေတာ့ျဖင့္ အက်ပ္အတည္းၾကားက ႐ုန္းကန္လာမယ္ထင္တယ္။ ဖ်က္သိမ္းျခင္းခံရႏိုင္တဲ့ပါတီေတြလည္းမ်ားလာႏိုင္ပါတယ္။ က်ေနာ္တို႔ပါတီကေတာ့ျဖင့္ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံေရးထြက္ေပါက္အျဖစ္ က်ေနာ္တို႔လက္ခံလာႏိုင္တယ္။ အဲဒီထြက္ေပါက္အရ ၂၀၀၈ ဖြဲ႕စည္းပုံေအာက္မွာ ႏိုင္ငံေရးပါတီအေနနဲ႔ မွတ္ပုံတင္လာတဲ့ ပါတီတခုအရ အာဏာပိုင္ရဲ႕တင္းက်ပ္တယ္ဆိုတာပဲ ေျပာေျပာ၊ ေပ်ာ့ေျပာင္းတယ္ပဲေျပာေျပာ၊ ႏိုင္ငံေရးပါတီမွတ္ပုံတင္အရ မွတ္ပုံမတင္ရင္ ႏိုင္ငံေရးစင္ျမင့္ပ်က္သြားမွာကို က်ေနာ္တို႔လက္မခံႏိုင္ဘူး။ ေ႐ြးေကာက္ပြဲသည္ ထြက္ေပါက္လို႔ယုံၾကည္လို႔ ေ႐ြးေကာက္ပြဲမွာ အတတ္ႏိုင္ဆုံး ေနရာမလပ္ ျပည္နယ္ထဲမွာ ၿပိဳင္ဖို႔ ရည္မွန္းထားတယ္။”

ထုတ္ျပန္ထားတဲ့ဥပေဒအသစ္အရ ပါတီေတြမွတ္ပုံတင္ေလွ်ာက္ထားတဲ့အခါ ျပည္ေထာင္စု တဝန္းလုံးမွာစည္း႐ုံးမယ့္ပါတီနဲ႔ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္တခုအတြင္းမွာသာ စည္း႐ုံး ေဆာင္႐ြက္မယ့္ပါတီေတြဆိုၿပီး ႏွစ္မ်ိဳးသတ္မွတ္ထားပါတယ္။

ျပည္ေထာင္စုတဝန္းလုံးမွာ စည္း႐ုံးမယ့္ပါတီေတြဟာ ေကာ္မရွင္ကႏိုင္ငံေရးပါတီအျဖစ္ အသိ အမွတ္ျပဳၿပီးေနာက္ ရက္ေပါင္း ၉၀ အတြင္း ပါတီဝင္ လူတသိန္းစည္း႐ုံးရမွာျဖစ္ၿပီး တိုင္းေဒသ ႀကီးသို႔မဟုတ္ျပည္နယ္တခုအတြင္းမွာသာ စည္း႐ုံးေဆာင္႐ြက္တဲ့ပါတီေတြကေတာ့ ရက္ေပါင္း ၉၀ အတြင္း ပါတီဝင္ဦးေရ အနည္းဆုံး ၁,၀၀၀ စုစည္းရမွာပါ။

ဒါ့ျပင္ ျပည္ေထာင္စုတဝန္းလုံးမွာ စည္း႐ုံးမယ့္ပါတီေတြဟာ ပါတီရန္ပုံေငြက်ပ္သိန္း တေထာင္ကို ျမန္မာ့စီးပြားေရးဘဏ္မွာ ေငြစာရင္းဖြင့္ရမွာျဖစ္ၿပီး တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ တခုအတြင္းမွာသာ စည္း႐ုံးေဆာင္႐ြက္တဲ့ပါတီေတြကေတာ့ ေငြက်ပ္သိန္းတရာ ဖြင့္ရမွာပါ။

စစ္ေကာင္စီက ထုတ္ျပန္ထားတဲ့ဥပေဒသစ္နဲ႔ နည္းဥပေဒသစ္နဲ႔ပတ္သက္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းကေတာ့ အခုလိုမွတ္ခ်က္ျပဳလာပါတယ္။

“ရည္႐ြယ္ခ်က္ကေတာ့ ပါတီေတြေဖာင္းပြေနတာကို က်စ္က်စ္လ်စ္လ်စ္လုပ္လိုတဲ့ ရည္႐ြယ္ခ်က္လို႔ ထင္တယ္။ တဘက္ကက်ေတာ့လည္း ျပည္ခိုင္ၿဖိဳးပါတီ ၿပိဳင္ဘက္ေတြနည္းသြားေအာင္လုပ္တဲ့သေဘာေပါ့။ အဲဒီေပးထားတဲ့အေျခအေနအရ ကိုယ္ေတြကလည္း စည္းလုံးညီၫႊတ္ဖို႔လိုၿပီလို႔ေျပာခ်င္တယ္။ ရည္႐ြယ္ခ်က္တူတဲ့ႏိုင္ငံေရးပါတီေတြက စုစည္းတင္ပင္ၿပီးေတာ့ တိုင္းေဒသႀကီးနဲ႔ျပည္နယ္အႏွံ႔မွာ ဘယ္ပါတီကေတာ့ မွတ္ပုံတင္မယ္၊ စသျဖင့္ေပါ့။ ကိုယ့္အခ်င္းခ်င္းမၿပိဳင္ဘဲနဲ႔ ျပည္ခိုင္ၿဖိဳးနဲ႔ပဲၿပိဳင္ဖို႔ မဟာမိတ္ဖြဲ႕ထားဖို႔ လိုတယ္။ စည္းလုံးညီၫြတ္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ ႏိုင္ငံေရးပါတီေတြကို ေျပာလိုပါတယ္။”

ဒီျပင္ဆင္ခ်က္အသစ္ေတြကို မလိုက္နာႏိုင္တဲ့ပါတီေတြကို ဖ်က္သိမ္းမယ္လို႔ ဥပေဒသစ္မွာ ေဖာ္ျပထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်အပေါ် ဝေဖန်မှုတွေထွက်ပေါ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လျှောက်ထားဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။ တင်းကြပ်မှုတွေများလာတဲ့ ဥပဒေသစ်အရ ပါတီတွေရဲ့သဘောထားဘယ်လို ရှိပါသလဲ၊ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုရဲမွန်ကတင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကို ပြီးခဲ့တဲ့ဇန်နဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲလိုထုတ်ပြန်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို မနေ့က ထပ်မံထုတ်ပြန်ပါတယ်။ ဒီနောက် နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားဖို့ ကော်မရှင်က ဖိတ်ခေါ်လိုက်တာပါ။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ် ထုတ်ပြန်လိုက်ပြီးချိန်မှာ နိုင်ငံရေးပါတီတွေနဲ့သုံးသပ်သူတွေကြားမှာ ဝေဖန်မှုတွေကျယ်ကျယ်‌လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။

ထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ပတ်သက်ပြီးတော့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ပူးဂင်ကမ်းလျံကတော့ ဥပဒေကမရှင်းလင်းသလို လူနည်းစုတိုင်းရင်းသားပါတီတွေရပ်တည်ဖို့ ခက်ခဲသွားတယ်လို့ ဝေဖန်လိုက်ပါတယ်။

“မရှင်းလင်းတာက ပြည်နယ်ပါတီတိုင်းပါတီတွေက ပြည်ထောင်စုမှာရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ ဝင်ရွေးမခံရဘူးလားဆိုတာ မသဲကွဲဘူး။ သူတို့နည်းဥပဒေကလေ။ ဒါကသူတို့ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့သဘောဆိုတော့ လက်ရှိရပ်တည်နေတဲ့ပါတီတွေက ထပ်တင်ဖို့မလိုဘူးလေ။ သူတို့ထုတ်ပြန်တဲ့ဒီဥပဒေထဲမှာပေါ့။ ငွေကြေးကိစ္စ၊ ပါတီအင်အားကိစ္စ၊ မြို့နယ်ကန့်သတ်တာတွေတော့ ထူးခြားမှုရှိတာပေါ့နော်။ ကျနော်တို့ထင်တာကတော့ တိုင်းရင်းသားလူနည်းစုပါတီငယ်တွေ ပျောက်အောင်လုပ်တဲ့သဘောလားလို့ ထင်ရပါတယ်။ စိတ်လည်း မကောင်းဘူးပေါ့။ ဘာခေါ်မလဲ၊ ရည်ရွယ်ချက်ရှိရှိလုပ်တာဖြစ်နိုင်တယ်။ တနိုင်ငံလုံးလွှမ်းခြုံနိုင်တာ ကြံ့ခိုင်ရေးပဲရှိတော့မယ်လေ။”

မြန်မာနိုင်ငံမှာတည်ဆဲပါတီ ၉၁ ပါတီရှိနေပြီး အဲဒီပါတီတွေအနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ ဥပဒေထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ထံ မှတ်ပုံတင်အသစ် လျှောက်ထားရမှာဖြစ်ပါတယ်။ ပြန်မလျှောက်တော့တဲ့ပါတီတွေကတော့ အလိုအလျောက်ဖျက်သိမ်းပြီးဖြစ်တယ်လို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။

ရခိုင့်ဦးဆောင်ပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ထုတ်ပြန်ထားတဲ့ဥပဒေသစ်နဲ့ နည်းဥပဒေတို့ကြောင့် ပါတီတွေနည်းပါးသွားနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။ ရခိုင့်ဦးဆောင်ပါတီရဲ့ရပ်တည်မှုနဲ့ပတ်သက်လို့တော့ သူက ခုလိုပြောပါတယ်။

“ရည်မှန်းချက်ကြောင့်ပါတီထောင်ကြတယ်။ ရွေးကောက်ပွဲမှာ နိုင်ခြင်းမနိုင်ခြင်းက ဒုတိယပဲဖြစ်တယ်ဆိုတဲ့ စုဖွဲ့မှုတခုပေါ့ဗျာ- နိုင်ငံရေးရည်သန်မှုကြောင့်ပါတီထောင်ကြသူတွေကတော့ဖြင့် အကျပ်အတည်းကြားက ရုန်းကန်လာမယ်ထင်တယ်။ ဖျက်သိမ်းခြင်းခံရနိုင်တဲ့ပါတီတွေလည်းများလာနိုင်ပါတယ်။ ကျနော်တို့ပါတီကတော့ဖြင့် ရွေးကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက်အဖြစ် ကျနော်တို့လက်ခံလာနိုင်တယ်။ အဲဒီထွက်ပေါက်အရ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ နိုင်ငံရေးပါတီအနေနဲ့ မှတ်ပုံတင်လာတဲ့ ပါတီတခုအရ အာဏာပိုင်ရဲ့တင်းကျပ်တယ်ဆိုတာပဲ ပြောပြော၊ ပျော့ပြောင်းတယ်ပဲပြောပြော၊ နိုင်ငံရေးပါတီမှတ်ပုံတင်အရ မှတ်ပုံမတင်ရင် နိုင်ငံရေးစင်မြင့်ပျက်သွားမှာကို ကျနော်တို့လက်မခံနိုင်ဘူး။ ရွေးကောက်ပွဲသည် ထွက်ပေါက်လို့ယုံကြည်လို့ ရွေးကောက်ပွဲမှာ အတတ်နိုင်ဆုံး နေရာမလပ် ပြည်နယ်ထဲမှာ ပြိုင်ဖို့ ရည်မှန်းထားတယ်။”

ထုတ်ပြန်ထားတဲ့ဥပဒေအသစ်အရ ပါတီတွေမှတ်ပုံတင်လျှောက်ထားတဲ့အခါ ပြည်ထောင်စု တဝန်းလုံးမှာစည်းရုံးမယ့်ပါတီနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုအတွင်းမှာသာ စည်းရုံး ဆောင်ရွက်မယ့်ပါတီတွေဆိုပြီး နှစ်မျိုးသတ်မှတ်ထားပါတယ်။

ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီတွေဟာ ကော်မရှင်ကနိုင်ငံရေးပါတီအဖြစ် အသိ အမှတ်ပြုပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် လူတသိန်းစည်းရုံးရမှာဖြစ်ပြီး တိုင်းဒေသ ကြီးသို့မဟုတ်ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်တဲ့ပါတီတွေကတော့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ စုစည်းရမှာပါ။

ဒါ့ပြင် ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီတွေဟာ ပါတီရန်ပုံငွေကျပ်သိန်း တထောင်ကို မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစာရင်းဖွင့်ရမှာဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်တဲ့ပါတီတွေကတော့ ငွေကျပ်သိန်းတရာ ဖွင့်ရမှာပါ။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ဥပဒေသစ်နဲ့ နည်းဥပဒေသစ်နဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အခုလိုမှတ်ချက်ပြုလာပါတယ်။

“ရည်ရွယ်ချက်ကတော့ ပါတီတွေဖောင်းပွနေတာကို ကျစ်ကျစ်လျစ်လျစ်လုပ်လိုတဲ့ ရည်ရွယ်ချက်လို့ ထင်တယ်။ တဘက်ကကျတော့လည်း ပြည်ခိုင်ဖြိုးပါတီ ပြိုင်ဘက်တွေနည်းသွားအောင်လုပ်တဲ့သဘောပေါ့။ အဲဒီပေးထားတဲ့အခြေအနေအရ ကိုယ်တွေကလည်း စည်းလုံးညီညွှတ်ဖို့လိုပြီလို့ပြောချင်တယ်။ ရည်ရွယ်ချက်တူတဲ့နိုင်ငံရေးပါတီတွေက စုစည်းတင်ပင်ပြီးတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အနှံ့မှာ ဘယ်ပါတီကတော့ မှတ်ပုံတင်မယ်၊ စသဖြင့်ပေါ့။ ကိုယ့်အချင်းချင်းမပြိုင်ဘဲနဲ့ ပြည်ခိုင်ဖြိုးနဲ့ပဲပြိုင်ဖို့ မဟာမိတ်ဖွဲ့ထားဖို့ လိုတယ်။ စည်းလုံးညီညွတ်ဖို့ အချိန်ရောက်ပြီလို့ နိုင်ငံရေးပါတီတွေကို ပြောလိုပါတယ်။”

ဒီ‌ပြင်ဆင်ချက်အသစ်တွေကို မလိုက်နာနိုင်တဲ့ပါတီတွေကို ဖျက်သိမ်းမယ်လို့ ဥပဒေသစ်မှာ ဖော်ပြထားပါတယ်ရှင်။

XS
SM
MD
LG