သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NLD ပါတီ ဖ်က္သိမ္းႏုိင္ေၾကာင္း ေကာ္မရွင္ေျပာဆိုမႈ EU သတိေပး


ဘရပ္ဆဲလ္စ္ၿမိဳ႕ရွိ အီးယူ႐ုံးခ်ဳပ္ အေဆာက္အဦ။

(Zawgyi / Unicode)

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က စီစဥ္ထားတဲ့အတုိင္း NLD ပါတီကုိ ဖ်က္သိမ္းပစ္မယ္ဆုိရင္ စစ္တပ္ဟာ ျမန္မာျပည္သူေတြရဲ႕ သေဘာဆႏၵေတြနဲ႔ ဥပေဒေၾကာင္းအရ လုပ္ထုံးလုပ္နည္းေတြကုိပါ ေျပာင္ေျပာင္းတင္းတင္း မ်က္ကြယ္ျပဳတဲ့ လုပ္ရပ္တခုကုိ ထပ္မံျပဳလုပ္လုိက္ျခင္းျဖစ္ေၾကာင္း ဥေရာပသမဂၢက ေမလ ၂၃ ရက္၊ ဒီကေန႔ရက္စြဲနဲ႔ သေဘာထား ထုတ္ျပန္လုိက္ပါတယ္။

ၿပီးခဲ့တဲ့ ႏုိဝင္ဘာလမွာ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ အျပတ္အသတ္ အႏုိင္ရခဲ့တဲ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီကုိ ဖ်က္သိမ္းေကာင္း ဖ်က္သိမ္းမယ္လုိ႔ စစ္တပ္ကခန္႔ထားတဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးသိန္းစုိးက ေသာၾကာေန႔မွာ ျပဳလုပ္တဲ့ ႏုိင္ငံေရးပါတီမ်ားနဲ႔ ေတြ႔ဆုံပြဲအတြင္း ေျပာၾကားလုိက္တဲ့အေပၚ အီးယူ ဥေရာပသမဂၢက တုံ႔ျပန္ ေျပာဆုိလုိက္တာ ျဖစ္ပါတယ္။

ႏုိဝင္ဘာလမွာ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲဟာ ျမန္မာျပည္သူေတြရဲ႕ သေဘာထားကုိ အျပည့္အဝ ထင္ဟပ္ေပၚလြင္ေစတဲ့ ေရြးေကာက္ပြဲ ျဖစ္ခဲ့တယ္ဆုိတာကုိ အီးယူအေနနဲ႔ ထပ္ေလာင္း ေျပာဆုိလုိေၾကာင္း၊ အဲဒီလုိျဖစ္ခဲ့တယ္ ဆုိတာကုိလည္း ျပည္တြင္း ျပည္ပမွာရွိတဲ့ သီးျခားလြတ္လပ္တဲ့ အဖြဲ႔အစည္းေတြက အတည္ျပဳထားၿပီးျဖစ္ေၾကာင္း အီးယူ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ စစ္တပ္ကခန္႔ထားတဲ့ ေရြးေကာက္ပြဲေကာ္မရွင္ အေနနဲ႔ ကုိယ့္သေဘာနဲ႔ကုိယ္ ဆုံးျဖတ္ခ်က္ခ်ၿပီး အဲဒီရလဒ္ကုိ ပယ္ဖ်က္ပစ္လုိ႔ မရႏုိင္ဘူးလုိ႔ ဆုိပါတယ္။

ျမန္မာျပည္သူေတြရဲ႕ သေဘာထားနဲ႔ ဆန္႔က်င္ေစမယ့္ လုပ္ရပ္ေတြနဲ႔ ေနာက္ဆုံးက်င္းပခဲ့တဲ့ ေရြးေကာက္ပြဲရလဒ္ေတြကုိ ေျပာင္းလဲပစ္မယ့္ လုပ္ရပ္မွန္သမွ်ကုိ အီးယူအေနနဲ႔ ျပစ္တင္႐ႈတ္ခ်သြားမွာျဖစ္ေၾကာင္း၊ ဘယ္လုိဖိႏွိပ္မႈပဲလုပ္လုပ္၊ ဘယ္လုိပဲ တရားနည္းလမ္းမက်တဲ့ လုပ္ရပ္ေတြနဲ႔ ႀကိဳးစားႀကိဳးစား စစ္တပ္က မတရားသိမ္းယူထားတဲ့ အာဏာဟာ တရားဝင္မွာ မဟုတ္ဘူးလုိ႔လည္း အီးယူရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ လူထုရဲ႕သေဘာဆႏၵကုိ ေလးစားလုိက္နာၿပီး ျမန္မာႏုိင္ငံ ဒီမုိကေရစီ လမ္းေၾကာင္းေပၚကုိ ျပန္ေရာက္လာေတာ့မွသာ တည္ၿငိမ္ၿပီး ေရရွည္တည္တံ့တဲ့ႏုိင္ငံ ျဖစ္လာမယ္လုိ႔ အီးယူ ဥေရာပသမဂၢရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

NLD ပါတီ ဖျက်သိမ်းနိုင်ကြောင်း ကော်မရှင်ပြောဆိုမှု EU သတိပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတဲ့အတိုင်း NLD ပါတီကို ဖျက်သိမ်းပစ်မယ်ဆိုရင် စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒတွေနဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေကိုပါ ပြောင်ပြောင်းတင်းတင်း မျက်ကွယ်ပြုတဲ့ လုပ်ရပ်တခုကို ထပ်မံပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂက မေလ ၂၃ ရက်၊ ဒီကနေ့ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းမယ်လို့ စစ်တပ်ကခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက သောကြာနေ့မှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲအတွင်း ပြောကြားလိုက်တဲ့အပေါ် အီးယူ ဥရောပသမဂ္ဂက တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ သဘောထားကို အပြည့်အဝ ထင်ဟပ်ပေါ်လွင်စေတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်ဆိုတာကို အီးယူအနေနဲ့ ထပ်လောင်း ပြောဆိုလိုကြောင်း၊ အဲဒီလိုဖြစ်ခဲ့တယ် ဆိုတာကိုလည်း ပြည်တွင်း ပြည်ပမှာရှိတဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေက အတည်ပြုထားပြီးဖြစ်ကြောင်း အီးယူ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် စစ်တပ်ကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချပြီး အဲဒီရလဒ်ကို ပယ်ဖျက်ပစ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်စေမယ့် လုပ်ရပ်တွေနဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းလဲပစ်မယ့် လုပ်ရပ်မှန်သမျှကို အီးယူအနေနဲ့ ပြစ်တင်ရှုတ်ချသွားမှာဖြစ်ကြောင်း၊ ဘယ်လိုဖိနှိပ်မှုပဲလုပ်လုပ်၊ ဘယ်လိုပဲ တရားနည်းလမ်းမကျတဲ့ လုပ်ရပ်တွေနဲ့ ကြိုးစားကြိုးစား စစ်တပ်က မတရားသိမ်းယူထားတဲ့ အာဏာဟာ တရားဝင်မှာ မဟုတ်ဘူးလို့လည်း အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူထုရဲ့သဘောဆန္ဒကို လေးစားလိုက်နာပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်ရောက်လာတော့မှသာ တည်ငြိမ်ပြီး ရေရှည်တည်တံ့တဲ့နိုင်ငံ ဖြစ်လာမယ်လို့ အီးယူ ဥရောပသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG