သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရဦးၿမိဳ႕နယ္မွာ လက္နက္ႀကီးထိမွန္မႈေၾကာင့္ ႐ြာသား ၂ ဦးေသ


စစ္ကိုင္းတိုင္း တန္႔ဆည္၊ ခင္ဦး၊ ပခုကၠဴ၊ ေရဦး ျမဳိ႕ေတြမွာ စစ္တပ္က ေက်း႐ြာ ၈ ႐ြာကို မီးရႈိ႕ဖ်က္ဆီးေန။/ယခင္မွတ္တမ္းဓာတ္ပံု (Photo: Citizen Journalist )

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕နယ္ ဇီးကန္ေက်း႐ြာကို လက္နက္ႀကီးထိမွန္ခဲ့လို႔ ႐ြာသား ၂ ဦး ေသဆုံးၿပီး ေနာက္ထပ္ ၂ ဦး ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ဝင္ေတြက ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ ဒီပဲယင္းၿမိဳ႕နယ္မွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ပြားေနတာပါ။ စစ္ကိုင္းတိုင္းအတြင္းက စစ္ေရးတင္းမာမႈ ေနာက္ဆုံးအေျခအေနေတြ ရန္ကုန္က ေပးပု႔ိတဲ့သတင္းကိုေတာ့ ကိုေဇာ္မိုးေက်ာ္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕နယ္၊ ဇီးကန္ေက်း႐ြာကို ေဖေဖာ္ဝါရီ ၈ ရက္ညပိုင္းမွာ လက္နက္ႀကီးက်ေရာက္ခဲ့ရာက ေဒသခံတခ်ိဳ႕ ထိခိုက္ေသေၾကခဲ့ပါတယ္။ အမ်ိဳးသမီး ၂ ဦး ေသဆုံးၿပီး ေနာက္ထပ္ အမ်ိဳးသား ၂ ဦး ဒဏ္ရာရခဲ့တဲ့ လက္နက္ႀကီးပစ္ခတ္မႈဟာ ေရဦး တိုင္းရင္းေဆး႐ုံမွာတပ္စြဲထားတဲ့ စစ္တပ္လက္ခ်က္ ျဖစ္တယ္လို႔လည္း ေဒသခံကာကြယ္ေရးအဖြဲ႕တာဝန္ခံကေျပာပါတယ္။

“ေက်း႐ြာထဲကို ၄ လုံးက်တာ ၂ လုံးကြဲတယ္။ ၂ လုံးမကြဲဘူး။ ကြဲတဲ့ ၂ လုံးက ၁ လုံးက သရက္ပင္ကိုမွန္ၿပီးေတာ့ သရက္ပင္ကေန ၃ ေယာက္ထိတာမွာ ၁ ေယာက္ေသတယ္ေပါ့။ အေမေသတယ္။ ေယာက္က်ားက ဒဏ္ရာနည္းနည္းရတယ္။ သားက စိုးရိမ္ရတယ္။ ၁ လုံးက အိမ္ကိုတည့္တည့္က်တာ။ အဲ့တည့္တည့္က်တာကေတာ့ အမ်ိဳးသမီး ၁ ေယာက္ေသသြားတယ္။ အမ်ိဳးသမီး ၂ ေယာက္ေသ၊ အမ်ိဳးသား ၂ ေယာက္ ဒဏ္ရာရတာေပါ့။”

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက နယ္ေျမရွင္းလင္း စစ္ေၾကာင္းထိုးလာတဲ့ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ ၃ ရက္ ဆက္တိုက္ ဇီးကန္ေက်း႐ြာအနီးတဝိုက္မွာ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ အခုလို ညဘက္ လက္နက္ႀကီးနဲ႔ ပစ္ခတ္ခ်ိန္မွာေတာ့ တိုက္ပြဲမရွိဘဲျမန္မာစစ္တပ္ဘက္က ပစ္ခတ္ခဲ့တာျဖစ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒါ့ျပင္ ယင္းမာပင္ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာဆိုရင္လည္း ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔တို႔ၾကား တိုက္ပြဲေတြရွိေနပါတယ္။ ျမန္မာစစ္တပ္ဘက္က ေဖေဖာ္ဝါရီ ၈ ရက္ ညေနပိုင္းမွာ ေျပာင္းျပာေက်း႐ြာနဲ႔ ၿမိဳ႕ေပၚေက်း႐ြာကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ရာကေနတဆင့္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲစတင္ျဖစ္ပြားၾကတာပါ။

တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေျမာက္ယမား ကာကြယ္ေရးအဖြဲ႕တာဝန္ရွိသူ ကိုခန႔္က အခုလို ေျပာျပပါတယ္။

“ယင္းမာပင္ၿမိဳ႕ရဲ႕ အေနာက္ဘက္ေပါ့ေနာ္၊ အဲ့မွာ ၂ ဘက္ထိေတြ႔တိုက္ပြဲျဖစ္ေနတာ။ ဒီေန႔ညကေနစၿပီး အခုခ်ိန္ထိေအာင္ တိုက္ပြဲျဖစ္ေနတာ။ ညေနေလာက္က ယင္းမာပင္ၿမိဳ႕ရဲ႕အေနာက္ဘက္က ေျပာင္းျပာ၊ ၿမိဳ႕ေပၚကိုလက္နက္ႀကီးနဲ႔ပစ္တယ္။ အဲ့မွာက အရပ္သား ျပည္သူေတြရဲ႕ေနအိမ္ေတြ လက္နက္ႀကီးစမွန္ၿပီး ပ်က္စီးသြားတဲ့ အေနအထားရွိပါတယ္။ ဒါေတြနဲ႔ပတ္သက္ၿပီး ေလာေလာဆယ္ အခုလက္ရွိ ၂ ဘက္တိုက္ပြဲျဖစ္တဲ့အေျခအေနကေတာ့ စစ္ေကာင္စီဘက္က က်ေနာ္တို႔ကို ရန္ျပဳလာတဲ့အတြက္ ထိေတြ႔တိုက္ပြဲျဖစ္တာလို႔ ေျပာလို႔ရတယ္။ တိုက္ပြဲျဖစ္ေနတဲ့အတြက္ေၾကာင့္ ထိခိုက္မႈေတြ၊ က်ဆုံးမႈေတြ ဘာမွ ေျပာလို႔မရေသးဘူး။”

လတ္တေလာ တိုက္ပြဲေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမ်ိဳးေတာ့ မရွိေသးပါဘူး။

အခုႏွစ္ ၂၀၂၃ ခုႏွစ္ထဲကစလို႔ ယင္းမာပင္ခ႐ိုင္ထဲမွာ တိုက္ပြဲေတြ မၾကာခဏျဖစ္ပြားေနၿပီး ယင္းမာပင္ခ႐ိုင္ထဲမွာပါဝင္တဲ့ ပုလဲၿမိဳ႕နယ္ကို စစ္ေကာင္စီက ေဖေဖာ္ဝါရီ ၂ ရက္ကစလို႔ စစ္အုပ္ခ်ဳပ္ေရး ေၾကညာခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[Unicode]]

ရေဦးမြို့နယ်မှာ လက်နက်ကြီးထိမှန်မှုကြောင့် ရွာသား ၂ ဦးသေ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဇီးကန်ကျေးရွာကို လက်နက်ကြီးထိမှန်ခဲ့လို့ ရွာသား ၂ ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီပဲယင်းမြို့နယ်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ စစ်ကိုင်းတိုင်းအတွင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေတွေ ရန်ကုန်က ပေးပု့ိတဲ့သတင်းကိုတော့ ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ဇီးကန်ကျေးရွာကို ဖေဖော်ဝါရီ ၈ ရက်ညပိုင်းမှာ လက်နက်ကြီးကျရောက်ခဲ့ရာက ဒေသခံတချို့ ထိခိုက်သေကြေခဲ့ပါတယ်။ အမျိုးသမီး ၂ ဦး သေဆုံးပြီး နောက်ထပ် အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ ရေဦး တိုင်းရင်းဆေးရုံမှာတပ်စွဲထားတဲ့ စစ်တပ်လက်ချက် ဖြစ်တယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ခံကပြောပါတယ်။

“ကျေးရွာထဲကို ၄ လုံးကျတာ ၂ လုံးကွဲတယ်။ ၂ လုံးမကွဲဘူး။ ကွဲတဲ့ ၂ လုံးက ၁ လုံးက သရက်ပင်ကိုမှန်ပြီးတော့ သရက်ပင်ကနေ ၃ ယောက်ထိတာမှာ ၁ ယောက်သေတယ်ပေါ့။ အမေသေတယ်။ ယောက်ကျားက ဒဏ်ရာနည်းနည်းရတယ်။ သားက စိုးရိမ်ရတယ်။ ၁ လုံးက အိမ်ကိုတည့်တည့်ကျတာ။ အဲ့တည့်တည့်ကျတာကတော့ အမျိုးသမီး ၁ ယောက်သေသွားတယ်။ အမျိုးသမီး ၂ ယောက်သေ၊ အမျိုးသား ၂ ယောက် ဒဏ်ရာရတာပေါ့။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နယ်မြေရှင်းလင်း စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ၃ ရက် ဆက်တိုက် ဇီးကန်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အခုလို ညဘက် လက်နက်ကြီးနဲ့ ပစ်ခတ်ချိန်မှာတော့ တိုက်ပွဲမရှိဘဲမြန်မာစစ်တပ်ဘက်က ပစ်ခတ်ခဲ့တာဖြစ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့ပြင် ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင်လည်း မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေရှိနေပါတယ်။ မြန်မာစစ်တပ်ဘက်က ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းမှာ ပြောင်းပြာကျေးရွာနဲ့ မြို့ပေါ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာကနေတဆင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲစတင်ဖြစ်ပွားကြတာပါ။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မြောက်ယမား ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုခန့်က အခုလို ပြောပြပါတယ်။

“ယင်းမာပင်မြို့ရဲ့ အနောက်ဘက်ပေါ့နော်၊ အဲ့မှာ ၂ ဘက်ထိတွေ့တိုက်ပွဲဖြစ်နေတာ။ ဒီနေ့ညကနေစပြီး အခုချိန်ထိအောင် တိုက်ပွဲဖြစ်နေတာ။ ညနေလောက်က ယင်းမာပင်မြို့ရဲ့အနောက်ဘက်က ပြောင်းပြာ၊ မြို့ပေါ်ကိုလက်နက်ကြီးနဲ့ပစ်တယ်။ အဲ့မှာက အရပ်သား ပြည်သူတွေရဲ့နေအိမ်တွေ လက်နက်ကြီးစမှန်ပြီး ပျက်စီးသွားတဲ့ အနေအထားရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လောလောဆယ် အခုလက်ရှိ ၂ ဘက်တိုက်ပွဲဖြစ်တဲ့အခြေအနေကတော့ စစ်ကောင်စီဘက်က ကျနော်တို့ကို ရန်ပြုလာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်တာလို့ ပြောလို့ရတယ်။ တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့် ထိခိုက်မှုတွေ၊ ကျဆုံးမှုတွေ ဘာမှ ပြောလို့မရသေးဘူး။”

လတ်တလော တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

အခုနှစ် ၂၀၂၃ ခုနှစ်ထဲကစလို့ ယင်းမာပင်ခရိုင်ထဲမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး ယင်းမာပင်ခရိုင်ထဲမှာပါဝင်တဲ့ ပုလဲမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်ကစလို့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါသေးတယ်။

XS
SM
MD
LG