[[Zawgyi/Unicode]]
အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen နဲ႔တ႐ုတ္ဒုဝန္ႀကီးခ်ဳပ္ Liu He (လ်ိဳဟာ့) တို႔ဟာ ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ၿမိဳ႕မွာ ဗုဒၶဟူးေန႔က ေတြ႕ဆုံကာ ရာသီဥတုထိန္းသိမ္းေရးဆိုင္ရာအသုံးစရိတ္ ဘ႑ာေငြေၾကးျပႆနာကို အတူအကြ ေျဖရွင္းသြားဖို႔ကတိျပဳခဲ့ၾကၿပီး ကမာၻ႔စီးပြားေရးအင္အားႀကီး ၂ ႏိုင္ငံၾကား ပြင့္လင္းတဲ့ ဆက္ဆံေရးလမ္းေၾကာင္း ဆက္ဖြင့္ထားဖို႔ကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။
သူတို႔ႏွစ္ဦး သီးသန႔္ေဆြးေႏြးမႈမတိုင္ခင္ ဝန္ႀကီး Yellen က သတင္းေထာက္ေတြကို ေျပာၾကားရာမွာေတာ့ - ႏွစ္ႏိုင္ငံၾကား သေဘာထားကြဲျပားမႈေတြ ရွိေပမဲ့ ပဋိပကၡေတြျဖစ္လာတဲ့အထိ ႏွစ္ဖက္ၿပိဳင္ဆက္မႈမ်ိဳးကို တားဆီးကာကြယ္သြားဖို႔ ႏွစ္ႏိုင္ငံစလုံးမွာတာဝန္ရွိတယ္လို႔ သတင္းေထာက္ေတြကိုေျပာၾကားခဲ့ပါတယ္။
ေဆြးေႏြးမႈေတြနဲ႔ သေဘာထားအျမင္ အျပန္လွန္ဖလွယ္ေရးကိုဆက္ထိန္းထားႏိုင္ဖို႔ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ ပူးေပါင္းလုပ္ေဆာင္သြားမွာျဖစ္ၿပီး ဘုံသေဘာတူညီခ်က္ေတြရဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း Liu (လ်ိဳ)က ေျပာၾကားပါတယ္။
Yellen နဲ႔ Liu တို႔ အခုလို မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးမႈဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာ အေမရိကန္သမၼတ Joe Biden နဲ႔ တ႐ုတ္သမၼတ Xi Jinping တို႔ ေတြ႕ဆုံမႈအၿပီး ႏွစ္ႏိုင္ငံၾကား အဆင့္ျမင့္ပုဂၢိဳလ္ေတြရဲ႕ ေတြ႕ဆုံမႈလည္း ျဖစ္ပါတယ္။
သူတို႔ႏွစ္ဦးေတြ႕ဆုံမႈအတြင္း ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာလုပ္ေနတဲ့ သန႔္ရွင္းေလာင္စာသုံးစြဲမႈေျပာင္းလဲေရးက႑အတြက္ ေငြေၾကးေထာက္ပံ့ေရးကိစၥမွာ တ႐ုတ္နဲ႔အေမရိကန္တို႔ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ သေဘာတူခဲ့တယ္လို႔ ဇူးရစ္စည္းေဝးပြဲတက္ခဲ့တဲ့ အေမရိကန္ဘ႑ာေရးဌာနက ေျပာပါတယ္။
==============
[[Unicode]]
ရာသီဥတုဆိုင်ရာ ဘဏ္ဍာရေးပြဿနာ ပူးပေါင်းဖြေရှင်းရေး အမေရိကန်နဲ့တရုတ် ကတိပေး
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen နဲ့တရုတ်ဒုဝန်ကြီးချုပ် Liu He (လျိုဟာ့) တို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံကာ ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာအသုံးစရိတ် ဘဏ္ဍာငွေကြေးပြဿနာကို အတူအကွ ဖြေရှင်းသွားဖို့ကတိပြုခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီး ၂ နိုင်ငံကြား ပွင့်လင်းတဲ့ ဆက်ဆံရေးလမ်းကြောင်း ဆက်ဖွင့်ထားဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
သူတို့နှစ်ဦး သီးသန့်ဆွေးနွေးမှုမတိုင်ခင် ဝန်ကြီး Yellen က သတင်းထောက်တွေကို ပြောကြားရာမှာတော့ - နှစ်နိုင်ငံကြား သဘောထားကွဲပြားမှုတွေ ရှိပေမဲ့ ပဋိပက္ခတွေဖြစ်လာတဲ့အထိ နှစ်ဖက်ပြိုင်ဆက်မှုမျိုးကို တားဆီးကာကွယ်သွားဖို့ နှစ်နိုင်ငံစလုံးမှာတာဝန်ရှိတယ်လို့ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
ဆွေးနွေးမှုတွေနဲ့ သဘောထားအမြင် အပြန်လှန်ဖလှယ်ရေးကိုဆက်ထိန်းထားနိုင်ဖို့ တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ဘုံသဘောတူညီချက်တွေရဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း Liu (လျို)က ပြောကြားပါတယ်။
Yellen နဲ့ Liu တို့ အခုလို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုဟာ ပြီးခဲ့တဲ့နိုဝင်ဘာ အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ တွေ့ဆုံမှုအပြီး နှစ်နိုင်ငံကြား အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
သူတို့နှစ်ဦးတွေ့ဆုံမှုအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလုပ်နေတဲ့ သန့်ရှင်းလောင်စာသုံးစွဲမှုပြောင်းလဲရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ရေးကိစ္စမှာ တရုတ်နဲ့အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့တယ်လို့ ဇူးရစ်စည်းဝေးပွဲတက်ခဲ့တဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက ပြောပါတယ်။