သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု ဖောက်ပြန်မှုနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ဆက်နွယ်နိုင်ခြေ သိပ္ပံပညာရှင်တွေတွေ့ရှိ


(Zawgyi / Unicode)

ရာသီဥတုဖောက်ပြန်ရာက မကြာခဏကြုံရလေ့ရှိတဲ့ သဘာ၀ ဘေးဒဏ်တွေကြောင့် ကျား-မ ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ တိုးလာတတ်တယ်လို့ လေ့လာချက်သစ် တရပ်က ဖော်ပြပါတယ်။ ကမ္ဘာ့တိုက်ကြီး ၅ ခုက သုတေသနတွေကို ပြန်လည်ဆန်းစစ် သုံးသပ်မှုမှာ ကမ ္ဘာကြီး ပူနွေးမှုကြောင့် မကြာခဏ ဆိုသလို ပေါ်ပေါက်လာနေတဲ့ ရေကြီးမှု၊ မိုးခေါင်ရေရရှားမှု၊ ဟာရီကိန်း မုန်တိုင်းတွေနဲ့ တခြားသော ဆိုးရွား ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ အပြီးမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အပေါ် အကြမ်းဖက်မှုတွေ တိုးပွားလာတာကို တွေ့ရှိခဲ့ရတဲ့ လေ့လာချက်ကို Lancet Planetary Health ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

သဘာ၀ ဘေးဒဏ်တွေကို တုံ့ပြန် ဆောင်ရွက်နေတဲ့ လူသားချင်း စာနာထောက်ကူမှု ပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း လုပ်ငန်း အစီအစဉ် ရေးဆွဲတဲ့ အခါမှာ ဒီ ပဋိပက္ခ အခြေအနေ အလားအလာကို နားလည် သိရှိထားသင့်ကြောင်းလည်း လေ့လာချက်ကို ရေးသားသူတွေက ပြောဆိုထားပါတယ်။ ရာသီဥတု ပြောင်းလဲမှုရဲ့ ရိုက်ခတ် သက်ရောက်မှုတွေကို စဉ်းစားတဲ့ အခါမှာ မြင်သာ ထင်သာ ဖြစ်တဲ့ အခက်အခဲကြီး တချို့ကိုသာ စဉ်စားမိကြကြောင်း၊ ရေကြီးမှု ဘေးဒဏ်လို အခြေအနေမှာ မြို့ကြီးတွေမှာ အခက်အခဲတွေ ဖြစ်တာမျိုး၊ ကုန်စည် ထောက်ပို့မှုတွေမှာ အခက်အခဲတွေ ဖြစ်တာမျိုးလို ရာသီဥတု ပြောင်းလဲမှုရဲ့ အန္တရာယ်ကြီးတွေ ဖြစ်တယ်လို့ လေ့လာချက်ကို ရေးသားသူ ကနေဒါ နိုင်ငံ Simon Fraser တက္ကသိုလ်က အများပြည်သူ ကျန်းမာရေးဆိုင်ရာ သုတေသနမှူး Sarah Savić Kallesøe က ပြောပါတယ်။

ဒါပေမယ့်လည်း အလွယ်တကူ မမြင်နိုင်တဲ့ မလေ့လာနိုင်တဲ့ ထင်သာမြင်သာ မရှိတဲ့ အကျိုးသက်ရောက်မှု တချို့ရှိနေပြီး အဲဒီထဲက တခုဟာဆိုရင် ကျား-မ ကွဲပြားမှုအပေါ် အခြေခံ အကြမ်းဖက်မှု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဆိုးရွား ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ ပေါ်ပေါက်ပြီးနောက်မှာ မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု၊ အရွယ်မရောက်ခင် လက်ထပ် ထိမ်းမြားမှုနဲ့ တခြားသော ကျား-မ အခြေခံ အကြမ်းဖက်မှုတွေကို လေ့လာနိုင်ရေး အတွက် သုတေသနမှူးတွေက အွန်လိုင်းပေါ်က အချက်အလက်တွေမှာ ရှာဖွေ ဆန်းစစ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

(Unicode)





XS
SM
MD
LG