သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတချို့က အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှု ကုလသတိပေး


Afghanistan Afghan women protest تظاهرات زنان، زنان افغان شهر کابل مظاهره
Afghanistan Afghan women protest تظاهرات زنان، زنان افغان شهر کابل مظاهره

{{Zawgyi/Unicode}}
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံတချို့မှာ အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။ မြန်မာ၊ အာဖဂန်နစ္စတန်၊ အီသီယိုပီးယား ၊ ယီမင် စတဲ့နိုင်ငံတွေမှာ အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ပယ်ဖျက်ခံရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်း ကြာသပတေးနေ့က ပြောဆိုလိုက်တာပါ။

အမျိုးသမီးအခွင့်အရေးတွေကို ငြင်းပယ်နေတာတွေ မလုပ်ဖို့လည်း အာဖဂန်နစ္စတန်နိုင်ငံမှာ အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ အပါအဝင် ကမ္ဘာနိုင်ငံတချို့က အစိုးရတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ အမျိုးသမီးတွေ အားလုံးအတွက် တိုက်ပွဲဝင်ရပါလိမ့်မယ်လို့လည်း ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက ရရှိခဲ့တဲ့ ပညာသင်ကြားခွင့် အပါအဝင် အမျိုးသမီးအခွင့်အရေးတွေအားလုံးဟာ ကန့်သတ်တာခံခဲ့ရတယ်လို့လည်း သူကပြောပါတယ်။ အဲဒီအတွက် ကျနော်တို့အနေနဲ့ အမျိုးသမီးတွေ စာသင်ကျောင်းတွေမှာ ပညာသင်ကြားရေး ၊ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ခွင့်ရှိရေး နဲ့ အများပြည်သူတွေရဲ့ ဘဝတွေမှာလည်း ပါဝင်နိုင်ရေးတို့အတွက် မရပ်မနားလုပ်ဆောင်ပေးသွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးတွေ အနေနဲ့ သူတို့အခွင့်အရေး ရုပ်သိမ်းခံရပြီး ခေတ်နောက်ပြန်ဆွဲတာမျိုး လက်မခံကြတော့ဘူးလို့လည်း ပြောဆိုခဲ့တာပါ။

အာဖရိကတိုက် မာလီနိုင်ငံမှာဆိုရင် ၉ လအတွင်း အာဏာသိမ်းမှု ၂ ကြိမ်ဖြစ်ခဲ့ပြီးနောက် အမျိုးသမီးအခွင့်အရေးတွေ တဖြည်းဖြည်း ဆုံးရှုံးလာနေရတာကိုလည်း ထောက်ပြခဲ့ပါတယ်။

...............................

တိုက်ရိုက် လင့်ခ်


{{Unicode}}





XS
SM
MD
LG