သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထင်ရှားတဲ့ ဆော်ဒီအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံရ


 ဆော်ဒီအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Loujain al-Hathloul
ဆော်ဒီအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Loujain al-Hathloul

(Zawgyi/Unicode)

ဆော်ဒီအာရေဗျနိုင်ငံက ထင်ရှားတဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူ Loujain al-Hathloul ကို ဆော်ဒီတရားရုံးတခုက ထောင်ဒဏ် ၆ နှစ်နီးပါး ချမှတ်လိုက်ပါတယ်။

Al-Hathloul ဟာ အပြောင်းအလဲတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသလို၊ နိုင်ငံခြားလုပ်ငန်းစဉ်တခုကို လုပ်ဆောင်နေပြီး လူထုမငြိမ်မသက်ဖြစ်အောင် အင်တာနက်ကို သုံးနေတာ အတွက် အပြစ်ရှိကြောင်း ဆော်ဒီနိုင်ငံရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး တရားရုံးက တွေ့ခဲ့ရတယ်လို့ Sabq သတင်းဌာနက ပြောပါတယ်။

အခု ဆော်ဒီနိုင်ငံမှာ ခွင့်ပြုလိုက်ပြီဖြစ်တဲ့ အမျိုးသမီးတွေ ကားမောင်းခွင့်အပြင် အမျိုးသားတွေ အုပ်ထိန်းရတဲ့ဥပဒေတွေ အဆုံးသတ်ရေးလို နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့သူမက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မနှစ်ကတော့ အုပ်ထိန်းခွင့်ဆိုင်ရာ ဥပဒေတွေကို အစိုးရက သိပ်မတင်းကြပ်တော့သလို အမျိုးသမီးတွေ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်နဲ့ ခရီးသွားခွင့်တွေ အတွက် ခွင့်ပြုခဲ့တာပါ။

Al-Hathloul နဲ့ တခြား အမျိုးသမီး ရပိုင်ခွင့် လှုပ်ရှားသူ အနည်းဆုံးတဒါဇင်လောက်ကို အစိုးရက ၂၀၁၈ ခုနှစ်ကတည်းက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ထောင်ကျနေပေမယ့် သူမဟာ လူ့အခွင့်ရေးကိစ္စရပ်တွေကို ထောင်ထဲကနေ ဆက်ပြီးလုပ်နေတာ ဖြစ်ပါတယ်။

သူမကို ထောင်ဒဏ် ၅ နှစ်နဲ့ ၈ လ ချမှတ်တာအတွက် စိတ်အနှောက်အယှက်ကြီးစွာဖြစ်ရကြောင်း ကုလသမဂ္ဂ လု့အခွင့်ရေးဆိုင်ရာရုံးက တွစ်တာကနေ ရေးသားခဲ့ပါတယ်။ဒီပြစ်ဒဏ်အတွက် သူမဘက်က ရက် ၃၀ အတွင်း အယူခံတင်သွင်းခွင့်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)






XS
SM
MD
LG