သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကြေးစားတပ် လူသစ် ၃၀,၀၀၀ စုဆောင်းဖို့ စီစဉ်


ယူကရိန်းနိုင်ငံ၊ အဗ်ဒီကာမြို့မှာ  ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေတဲ့အဆောက်အဦးဘေးက ယူကရိန်းစစ်သည်တဦး (မတ် ၁၇၊ ၂၀၂၃) 
ယူကရိန်းနိုင်ငံ၊ အဗ်ဒီကာမြို့မှာ  ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေတဲ့အဆောက်အဦးဘေးက ယူကရိန်းစစ်သည်တဦး (မတ် ၁၇၊ ၂၀၂၃) 

{{Zawgyi/Unicode}}

ယူကရိန်းကျူးကျော်စစ်အတွင်း ဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှားကြေးစားတပ် Wagner အနေနဲ့ လာမယ့် မေလလယ်လောက်မှာ နောက်ထပ် စစ်သားသစ် ၃၀,၀၀၀ လောက် ထပ်မံစုဆောင်းသွားမယ်လို့ ဒီတပ်ဖွဲ့ထူထောင်သူ Yevgeny Prigozhin က စနေနေ့မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲတုန်းက ရုရှားမြို့ကြီး ၄၂ မြို့မှာ သူတို့အဖွဲရဲ့ စစ်သားစုဆောင်းရေးဌာနခွဲတွေ ဖွင့်လှစ်ခဲ့တယ်လို့ အဖွဲ့ရဲ့အကြီးအကဲက တယ်လီဂရမ်လူမှုကွန်ယက်မှာ ပြောထားပါတယ်။

ဒီဌာနခွဲတွေကနေ တရက်ကို ပျမ်းမျှ လူ ၅၀၀ ကနေ ၈၀၀ အကြားစုဆောင်းနေတယ်လို့လည်း ပြောဆိုပါတယ်။

ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားတပ်ဖွဲ့တွေကို ကူညီတိုက်ခိုက်ပေးနေတဲ့ ဒီ Wagner Group ကြေးစားတပ်ဖွဲ့ကို အမေရိကန်အစိုးရကတော့ ဒဏ်ခတ် အရေးယူမှုတွေပြုလုပ်ထားပြီး မြောက်ကိုရီးယားကနေ တရားမဝင်လက်နက်တွေ ဝယ်ယူရရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

ရုရှားကြေးစားတပ် လူသစ် ၃၀,၀၀၀ စုဆောင်းဖို့ စီစဉ်.mp3
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

===========

{{Unicode}}






ဆက်စပ်သတင်းများ ...

XS
SM
MD
LG