သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ ေကာ္မရွင္႐ုံးေတြ တုိက္ခုိက္ခံရေၾကာင္း စစ္ေကာင္စီသတင္းထုတ္ျပန္ 


စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ဒီႏွစ္ထဲက်င္းပဖို႔စီစဥ္ထားတဲ့ ေ႐ြးေကာက္ပြဲေတြ လက္ေတြ႕ျဖစ္မျဖစ္မေသခ်ာဘူးလို႔ ျမန္မာစစ္ေကာင္စီက ေျပာလိုက္ပါတယ္။ ေ႐ြးေကာက္ပြဲလုပ္ငန္းေတြကို တိုက္ခိုက္မႈေတြရွိတယ္ဆိုၿပီး စစ္ေကာင္စီကသတင္းထုတ္ျပန္ၿပီး ရက္အနည္းငယ္အၾကာမွာပဲ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာလိုက္တာပါ။

“က်င္းပႏိုင္ဖြယ္ရွိမရွိဆိုတာကေတာ့ ဒါသည္ အေျခအေနေပၚမွာပဲ မူတည္လိမ့္မယ္။ က်ေနာ္တို႔ကေတာ့ ျဖစ္ႏိုင္တာကို အၿမဲတမ္းႀကိဳးစားလုပ္ေဆာင္လ်က္ရွိတယ္။ ျဖစ္ႏိုင္တဲ့အခင္းအက်င္းေတြကိုလည္း ေဆာင္႐ြက္လ်က္ရွိတယ္။”

ျမန္မာႏိုင္ငံေဒသအေတာ္မ်ားမ်ားက ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးေတြကို မိုင္းေထာင္ေဖာက္ခြဲတာ၊ လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေနတာေၾကာင့္ ဇန္နဝါရီလအတြင္း အေဆာက္အဦး ၁၃ ခုနဲ႔ ႐ုံးသုံးပစၥည္းေတြ ပ်က္စီးဆုံးရႈံးခဲ့ရၿပီး အၾကမ္းဖက္သမားေတြ လက္ခ်က္ အျဖစ္နဲ႔လည္း စစ္ေကာင္စီရဲ႕ ဇန္နဝါရီလ ၂၂ ရက္ေန႔ထုတ္ေၾကညာခ်က္မွာ စြပ္စြဲထားပါတယ္။

အၾကမ္းဖက္အဖြဲ႕ေတြအျဖစ္ စစ္ေကာင္စီကေၾကညာထားတဲ့ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရနဲ႔ CRPH လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီတို႔ကိုလည္း PDF ဆိုတဲ့နာမည္နဲ႔ အၾကမ္းဖက္အဖြဲ႕ ဖြဲ႕စည္းၿပီးေတာ့ ျပည္သူေတြကို အေၾကာင္းျပခ်က္မ်ိဳးစုံနဲ႔ စြပ္စြဲသတ္ျဖတ္ေနတယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။ ဒီႏွစ္ထဲ ေ႐ြးေကာက္ပြဲေတြက်င္းပဖို႔စီစဥ္ထားတဲ့စစ္ေကာင္စီက ဇန္နဝါရီလ ၉ ရက္ေန႔ကစၿပီး လူဦးေရစာရင္းေတြေကာက္ယူေနေပမဲ့ လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ေဒသေတြမွာေတာ့ အခက္အခဲေတြလည္း ရွိေနပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ အရပ္သားအစိုးရကိုဖယ္ရွားၿပီး အာဏာသိမ္းထားတဲ့စစ္တပ္က ေ႐ြးေကာက္ပြဲ က်င္းပမယ့္အစီအစဥ္ကိုေတာ့ အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံေတြကလည္း လက္ခံမွာမဟုတ္ေၾကာင္း ေျပာဆိုထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ တိုက်ခိုက်ခံရကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေ လက်တွေ့ဖြစ်မဖြစ်မသေချာဘူးလို့ မြန်မာစစ်ကောင်စီက ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းတွေကို တိုက်ခိုက်မှုတွေရှိတယ်ဆိုပြီး စစ်ကောင်စီကသတင်းထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာမှာပဲ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောလိုက်တာပါ။

“ကျင်းပနိုင်ဖွယ်ရှိမရှိဆိုတာကတော့ ဒါသည် အခြေအနေပေါ်မှာပဲ မူတည်လိမ့်မယ်။ ကျနော်တို့ကတော့ ဖြစ်နိုင်တာကို အမြဲတမ်းကြိုးစားလုပ်ဆောင်လျက်ရှိတယ်။ ဖြစ်နိုင်တဲ့အခင်းအကျင်းတွေကိုလည်း ဆောင်ရွက်လျက်ရှိတယ်။”

မြန်မာနိုင်ငံဒေသအတော်များများက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေကို မိုင်းထောင်ဖောက်ခွဲတာ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဇန်နဝါရီလအတွင်း အဆောက်အဦး ၁၃ ခုနဲ့ ရုံးသုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး အကြမ်းဖက်သမားတွေ လက်ချက် အဖြစ်နဲ့လည်း စစ်ကောင်စီရဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ထုတ်ကြေညာချက်မှာ စွပ်စွဲထားပါတယ်။

အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီကကြေညာထားတဲ့ NUG အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ CRPH လွှတ်တော်ကိုယ်စားပြုကော်မတီတို့ကိုလည်း PDF ဆိုတဲ့နာမည်နဲ့ အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းပြီးတော့ ပြည်သူတွေကို အကြောင်းပြချက်မျိုးစုံနဲ့ စွပ်စွဲသတ်ဖြတ်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားတာပါ။ ဒီနှစ်ထဲ ရွေးကောက်ပွဲတွေကျင်းပဖို့စီစဉ်ထားတဲ့စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး လူဦးရေစာရင်းတွေကောက်ယူနေပေမဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာတော့ အခက်အခဲတွေလည်း ရှိနေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရကိုဖယ်ရှားပြီး အာဏာသိမ်းထားတဲ့စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်ကိုတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း လက်ခံမှာမဟုတ်ကြောင်း ပြောဆိုထားကြပါတယ်။

XS
SM
MD
LG