[[Zawgyi/Unicode]]
မနှစ်က နှစ်လယ်လောက်မှာ အမေရိကန်နိုင်ငံရဲ့ စားသောက်ကုန်ဈေးနှုန်းတွေဟာ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံး ရောက်သွားခဲ့ပြီးတဲ့နောက် ဈေးတွေပြန်ကျလာတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာဆို ၆ လဆက်တိုက်ရှိပြီလို့ အလုပ်စစ်တမ်း ကောက်ယူရေးဌာန BLS က ကြာသပတေးနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
စားသောက်ကုန်ဈေးနှုန်း နှစ်စဉ် အညွှန်းကိန်းကတော့ ပြီးခဲ့တဲ့လ ဒီဇင်ဘာမှာ ၆.၅ % ရှိပါတယ်။ မနှစ်က ဇွန်လမှာ ၉.၁ % ရှိရာကနေ နိုဝင်ဘာလမှာ ၇.၁ % ကျသွားတာ ဖြစ်ပါတယ်။ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းဈေးတွေ ကျလာချိန်မှာပဲ ငွေဖေါင်းပွမှုနှုန်းကတော့ ပုံမှန်ထက် ၂ % များနေသေးတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ဒီနှစ်နှောင်းပိုင်းလောက်မှာ စီးပွါးရေးကပ်ဆိုက်နိုင်တယ်လို့ အမေရိကန်စီးပွါးရေးပညာရှင်တချို့က သုံးသပ်နေကြပေမယ့် အလုပ်အကိုင်ရရှိမှုတွေ အားကောင်းလာနေပြီး ဒီဇင်ဘာလထဲမှာပဲ အလုပ်အကိုင်သစ် ၂၃၀,၀၀၀ ကျော် ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားမှုကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာဆိုရင် သီတင်း ၁၅ ပတ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ၂ သိန်းကျော်ပဲရှိတော့တယ်လို့ အလုပ်သမားဝန်ကြီးဌာနကလည်း ကြာသပတေးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
===============
[[Unicode]]