သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

(၃) ရက္အတြင္း အေထာက္အထားမဲ့ ျမန္မာ ၁၀၀ ေက်ာ္ ထိုင္းရဲဖမ္းဆီး 


ထုိင္းနဲ႔မေလးရွားမွာအလုပ္လုပ္ဖို႔ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ၿပီး ဝင္ေရာက္လာၾကတဲ့ အေထာက္အထားမဲ့ျမန္မာေတြ ဖမ္းဆီးခံရစဥ္။ (ဓာတ္ပံု-ထုိင္းရဲတပ္ဖြဲ႔/ေဖေဖၚဝါရီ ၄၊ ၂၀၂၃)

[[Zawgyi/Unicode]]

ထိုင္းျမန္မာနယ္စပ္နဲ႔မေလးရွားနယ္စပ္ျပည္နယ္ေတြျဖစ္တဲ့ ကမ္ခ်ဘူရီျပည္နယ္၊ ဆုံခလာျပည္နယ္၊ ရေနာင္းျပည္နယ္နဲ႔ ထိုင္းႏိုင္ငံအလယ္ပိုင္း အယုဒၶယျပည္နယ္ေတြမွာ တရားမဝင္ ျမန္မာ ၁၀၀ ေက်ာ္ကို ၃ ရက္အတြင္းဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထိုင္း-မေလးနယ္စပ္နဲ႔ ထိုင္း-ျမန္မာနယ္စပ္ျပည္နယ္ေတြမွာ အေထာက္အထားမဲ့ျမန္မာေတြကို အစုလိုက္အၿပဳံလိုက္ ဒီရက္ထဲမွာ ဖမ္းမိေနတာပါ။ သူတို႔ေတြဟာ ထိုင္းႏိုင္ငံနဲ႔ မေလးရွားႏိုင္ငံေတြမွာအလုပ္လုပ္ဖို႔ လာၾကသူေတြျဖစ္ၿပီး သူတို႔ေတြကို လူေမွာင္ခိုပြဲစားေတြက အခေၾကးေငြယူၿပီး ပို႔ေဆာင္ေပးေနတာျဖစ္ပါတယ္။ ျပည္နယ္ ၄ ခုမွာဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔ပတ္သက္လို႔ျမန္မာျပည္သားမ်ားအေရးပူးတြဲလႈပ္ရွားမႈကာ္မတီဥကၠ႒ ဦးမိုးႀကိဳးက အခုလိုေျပာပါတယ္။

“ျပည္နယ္ေလးခုကေနၿပီးေတာ့ လူကုန္ကူးတဲ့ပြဲစားေတြနဲ႔ တရားမဝင္ ဝင္ေရာက္လာသူေတြ အခုရက္ပိုင္း ေဖေဖၚဝါရီလ ၁ ရက္၊ ၃ ရက္၊ ၄ ရက္- ၃ ရက္အတြင္းမွာ စုစုေပါင္း တရားမဝင္ျမန္မာ ၁၀၃ ဦးနဲ႔ လူေမွာင္ခိုပြဲစား ၄ ဦးကို သက္ဆိုင္ရာကဖမ္းမိတယ္။”

အမ်ားစုကေတာ့ မေလးရွားထိသြားဖို႔ရည္႐ြယ္ၾကသူေတြလည္းပါတယ္လို႔ ဆိုပါတယ္။

“ေဖေဖၚဝါရီလ ၄ ရက္မွာ ၂ ဖြဲ႕ဖမ္းမိတယ္။ တခုကေတာ့ အယုဒၶယျပည္နယ္ အာရွအေဝးေျပးလမ္းမႀကီးမွာ ယာဥ္ထိမ္းတပ္ဖြဲ႕က မသကၤာဖြယ္ရာကားအျဖဴတစီးကို တားဆီးစစ္ေဆးရာမွာ အဲဒီကားကေမာင္းေျပးေတာ့ တရားမဝင္ ျမန္မာ ၁၉ ဦးမိတယ္။ ေနာက္တဖြဲ႕က ျမန္မာ ၄၉ ဦးကေတာ့ မေလးရွားကိုသြားဖို႔ ရည္႐ြယ္တယ္၊ မိတယ္။ အမ်ိဳးသား ၃၅ ဦး၊ အမ်ိဳးသမီး ၁၄ ဦးကို ပရာကြၽတ္ ခီရီကန္ျပည္နယ္မွာ မိတယ္။ သူတို႔ကေတာာ့ မေလးရွားထိသြားဖို႔ အစီစဥ္ရွိတယ္။ ေဖေဖၚဝါရီလ ၃ ရက္ကေတာ့ ထိုင္းေတာင္ပိုင္း ဆုန္ခလာျပည္နယ္ အေဝးေျပးလမ္းမမွာ ျမန္မာ ၃၀ နဲ႔လူပြဲစား ၃ ဦးမိတယ္။ ထိုင္းေတာင္ပိုင္း ရေနာင္းျပည္နယ္ထဲမွာ တရားမဝင္ ျမန္မာ ၁၅ ေယာက္နဲ႔ လူပြဲစား ၁ ဦးကိုထိုင္းလုံၿခဳံေရးတပ္ဖြဲ႕ေတြက ဖမ္းမိပါတယ္။”

ျမန္မာျပည္က ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရးမတည္ၿငိမ္မႈေတြေၾကာင့္ အလုပ္အကိုင္ရွာေဖြဖို႔လာၾကသူေတြဟာ ေငြကုန္ေၾကးက်ခံၿပီး ထိုင္းႏိုင္ငံကိုလာၾကေပမဲ့ ခုလိုအဖမ္းဆီးေတြေၾကာင့္ နစ္နာၾကရတယ္လို႔လည္း ေအေအစီအလုပ္သမားကူညီေရးအဖြဲ႕ေခါင္းေဆာင္ ကိုရဲမင္းကလည္း ေျပာပါတယ္။

“လက္ရွိျမန္မာျပည္က အလုပ္အကိုင္အခြင့္အလမ္းေတြ ပိုၿပီးဆုတ္ယုတ္လာတယ္။ လူငယ္လူ႐ြယ္ေတြက အနီးစပ္ဆုံး ထိုင္းႏိုင္ငံကို ႀကဳံရာက်ဘမ္းလုပ္ဖို႔ အေပၚလမ္းေကာ ေအာက္လမ္းေကာ နီးစပ္ရာလမ္းေတြက တိုးဝင္လာေနၾကတယ္။ အဲဒီေတာ့ ထိုင္းႏိုင္ငံကလည္း သူရဲ႕လဝကဥပေဒအတိုင္း အေရးယူေဆာင္႐ြက္တဲ့အခါက်ေတာ့ အလုပ္ရွာဖို႔ ေငြကုန္ေၾကးက်ခံၿပီးလာၾကသူေတြပဲ နစ္နာၾကတာေပါ့။”

ထိုင္း-ျမန္မာနယ္စပ္နဲ႔ ထိုင္း-မေလးနယ္စပ္ေတြမွာ ေန႔စဥ္ လူေမွာင္ခိုသမားေတြေခၚလာတဲ့ျမန္မာေတြ အစုလိုက္အၿပဳံလိုက္ဖမ္းမိေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏွစ္ထဲမွာလည္း ျမန္မာေတြ ေသာင္းနဲ႔ခ်ီၿပီး ဖမ္းဆီးခံခဲ့ရပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=====================

[[Unicode]]

(၃) ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် ထိုင်းရဲဖမ်းဆီး

ထိုင်းမြန်မာနယ်စပ်နဲ့မလေးရှားနယ်စပ်ပြည်နယ်တွေဖြစ်တဲ့ ကမ်ချဘူရီပြည်နယ်၊ ဆုံခလာပြည်နယ်၊ ရနောင်းပြည်နယ်နဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယပြည်နယ်တွေမှာ တရားမဝင် မြန်မာ ၁၀၀ ကျော်ကို ၃ ရက်အတွင်းဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မလေးနယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ်ပြည်နယ်တွေမှာ အထောက်အထားမဲ့မြန်မာတွေကို အစုလိုက်အပြုံလိုက် ဒီရက်ထဲမှာ ဖမ်းမိနေတာပါ။ သူတို့တွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာအလုပ်လုပ်ဖို့ လာကြသူတွေဖြစ်ပြီး သူတို့တွေကို လူမှောင်ခိုပွဲစားတွေက အခကြေးငွေယူပြီး ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ ပြည်နယ် ၄ ခုမှာဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်လို့မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကာ်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ပြည်နယ်လေးခုကနေပြီးတော့ လူကုန်ကူးတဲ့ပွဲစားတွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေ အခုရက်ပိုင်း ဖေဖေါ်ဝါရီလ ၁ ရက်၊ ၃ ရက်၊ ၄ ရက်- ၃ ရက်အတွင်းမှာ စုစုပေါင်း တရားမဝင်မြန်မာ ၁၀၃ ဦးနဲ့ လူမှောင်ခိုပွဲစား ၄ ဦးကို သက်ဆိုင်ရာကဖမ်းမိတယ်။”

အများစုကတော့ မလေးရှားထိသွားဖို့ရည်ရွယ်ကြသူတွေလည်းပါတယ်လို့ ဆိုပါတယ်။

“ဖေဖေါ်ဝါရီလ ၄ ရက်မှာ ၂ ဖွဲ့ဖမ်းမိတယ်။ တခုကတော့ အယုဒ္ဓယပြည်နယ် အာရှအဝေးပြေးလမ်းမကြီးမှာ ယာဉ်ထိမ်းတပ်ဖွဲ့က မသင်္ကာဖွယ်ရာကားအဖြူတစီးကို တားဆီးစစ်ဆေးရာမှာ အဲဒီကားကမောင်းပြေးတော့ တရားမဝင် မြန်မာ ၁၉ ဦးမိတယ်။ နောက်တဖွဲ့က မြန်မာ ၄၉ ဦးကတော့ မလေးရှားကိုသွားဖို့ ရည်ရွယ်တယ်၊ မိတယ်။ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၁၄ ဦးကို ပရာကျွတ် ခီရီကန်ပြည်နယ်မှာ မိတယ်။ သူတို့ကတောာ့ မလေးရှားထိသွားဖို့ အစီစဉ်ရှိတယ်။ ဖေဖေါ်ဝါရီလ ၃ ရက်ကတော့ ထိုင်းတောင်ပိုင်း ဆုန်ခလာပြည်နယ် အဝေးပြေးလမ်းမမှာ မြန်မာ ၃၀ နဲ့လူပွဲစား ၃ ဦးမိတယ်။ ထိုင်းတောင်ပိုင်း ရနောင်းပြည်နယ်ထဲမှာ တရားမဝင် မြန်မာ ၁၅ ယောက်နဲ့ လူပွဲစား ၁ ဦးကိုထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိပါတယ်။”

မြန်မာပြည်က နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရှာဖွေဖို့လာကြသူတွေဟာ ငွေကုန်ကြေးကျခံပြီး ထိုင်းနိုင်ငံကိုလာကြပေမဲ့ ခုလိုအဖမ်းဆီးတွေကြောင့် နစ်နာကြရတယ်လို့လည်း အေအေစီအလုပ်သမားကူညီရေးအဖွဲ့ခေါင်းဆောင် ကိုရဲမင်းကလည်း ပြောပါတယ်။

“လက်ရှိမြန်မာပြည်က အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးဆုတ်ယုတ်လာတယ်။ လူငယ်လူရွယ်တွေက အနီးစပ်ဆုံး ထိုင်းနိုင်ငံကို ကြုံရာကျဘမ်းလုပ်ဖို့ အပေါ်လမ်းကော အောက်လမ်းကော နီးစပ်ရာလမ်းတွေက တိုးဝင်လာနေကြတယ်။ အဲဒီတော့ ထိုင်းနိုင်ငံကလည်း သူရဲ့လဝကဥပဒေအတိုင်း အရေးယူဆောင်ရွက်တဲ့အခါကျတော့ အလုပ်ရှာဖို့ ငွေကုန်ကြေးကျခံပြီးလာကြသူတွေပဲ နစ်နာကြတာပေါ့။”

ထိုင်း-မြန်မာနယ်စပ်နဲ့ ထိုင်း-မလေးနယ်စပ်တွေမှာ နေ့စဉ် လူမှောင်ခိုသမားတွေခေါ်လာတဲ့မြန်မာတွေ အစုလိုက်အပြုံလိုက်ဖမ်းမိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ထဲမှာလည်း မြန်မာတွေ သောင်းနဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်ရှင်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG