ဘိုးမင်းခေါင် ခြေရာကောက်သူ
- ဇော်ဝင်းလှိုင်
နိုင်ငံရေး၊ စီးပွားရေးဖက်ကို အာရုံစိုက်မှုများနေတဲ့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုပျောက်ကွယ်နိုင်တဲ့ လက္ခဏာတွေ တွေ့မြင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာကလေးများကျောင်း၊ ရန်ကုန်မြို့က မြန်မာမှုပညာဆရာ ဦးဝင်းထွဋ်ကျော်က ပြောပါတယ်။ ဦးဝင်းထွဋ်ကျော်ဟာ ဘိုးမင်းခေါင်ရဲ့အကြောင်း လေ့လာမှတ်တမ်းပြုစုပြီး အမေရိကန်ပြည်ထောင်စု မြောက် Illinois တက္ကသိုလ်မှာ စာတမ်းဖတ်ခဲ့သူဖြစ်ပါတယ်။ မြန်မာမှုပညာဆိုင်ရာအကြောင်းအရာတွေကို အမေရိကန်မှာ လာရောက်ပြောပြတဲ့အခါမှာရော နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲဆိုတာကို ကိုဇော်ဝင်းလှိုင်က ဦးဝင်းထွဋ်ကျော်ကို တွေ့ဆုံမေးမြန်းထားပါတယ်။