သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်ရေကာတာ စားနပ်ရိက္ခာ ဖူလုံရေးကိုခြိမ်းခြောက်


မဲခေါင်ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားနေသူများ။
မဲခေါင်ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားနေသူများ။

လာအိုနိုင်ငံ အစိုးရဟာ မဲခေါင်မြစ်အောက်ပိုင်းက ရေကာတာတည်ဆောက်ရေးကို လုပ်ဆောင်ဖို့ ရှေ့တိုးဆောင်ရွက်နေတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေး အတွက် ငြိမ်းခြောက်မှုတွေ ကြီးထွားလာနေတယ်လို့ သိပ္ပံပညာရှင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။

လာအိုနိုင်ငံ မြောက်ပိုင်း Oudomxay ပြည်နယ်အတွင်းမှာတည်ဆောက်မယ့် ၉၁၂ မီကာဝပ် ရှိတဲ့ Pak Beng ရေကာတာအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီးလို့ လေးနိုင်ငံအဖွဲ့ပါတဲ့ မဲခေါင်မြစ်ဝှမ်းကော်မရှင် (MRC) အဖွဲ့ကို လာအိုအစိုးရက ယခုလ အစောပိုင်းမှာ အသိပေးခဲ့ပါတယ်။

Pak Beng ရေကာတာဟာ လာအို အစိုးရ ထိန်းချုပ်မှုအောက်မှာရှိတဲ့ တတိယမြောက် မဲခေါင်မြစ်အောက်ပိုင်း ရေကာတာတခုဖြစ်လာမှာဖြစ်ပါတယ်။

ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ Xayaburi - ရေကာတာနဲ့ Don Sahong ရေကာတာတွေဟာ မဲခေါင်မြစ်အောက်ပိုင်း ကမ္ဘောဒီးယားနယ်စပ်အနီးမှာ တည်ဆောက်မယ့် ရေကာတာ ၁၁ ခုထဲကနှစ်ဖြစ်ပါတယ်။

Pak Beng ရေကာတာ တည်ဆောက်ရေးလုပ်ငန်းတွေဟာ ဒေသတွင်းမှာရှိတဲ့ လူပေါင်း သန်း ၆၀ မှီခိုအားထားရတဲ့ မြစ်ချောင်းဂေဟစနစ်အတွက် အန္တရာယ် တိုးစေတယ်လို့ နိုင်ငံတကာမြစ်ချောင်းများအဖွဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး Maureen Harris က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG