သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး အစိုးရကိုင်တွယ်ပုံ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး ဝေဖန်


ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid Ra’ad al Hussein
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid Ra’ad al Hussein

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေအပေါ် မြန်မာအစိုးရရဲ့ ချဉ်းကပ် ကိုင်တွယ် ဆောင်ရွက်ပုံတွေဟာ တန်ပြန်အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid Ra’ad al Hussein က ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက ထိခိုက်မှုတွေအဆိုးဆုံးဖြစ်သွားတဲ့နေရာတွေကို သီးခြားလွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို သွားရောက်ဖို့ခွင့်မပြုတာ အပါအဝင်၊ ဒီပြဿနာအပေါ် မြန်မာအစိုးရရဲ့ ချဉ်းကပ်ဖြေရှင်းမှုတွေဟာ မြန်မာနိုင်ငံ နဲ့ ဒေသတွင်းမှာပါ စိုးရိမ်စရာကောင်းတဲ့ တန်ပြန် အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့” လူ့အခွင့်အရေးကော်မရှင် နာရုံး ပြောခွင့်ရက ပြောသွားတာပါ။

ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လုပ်ကြံဖန်တီးတာတွေဖြစ်တယ်ဆိုပြီ ထပ်တလဲလဲပယ်ချနေတာ၊နဲ့ သီခြားလွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို ခွင့်မပြုတာက နိုင်ငံတကာလူ့အခွငံအရေးဥပဒေအောက်မှာ အစိုးရတရပ်လိုက်နာရမယ့် တာဝန်တွေကို လစ်လျှူရှုလိုက်တာဖြစ်သလို၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေကို စော်ကားလိုက်တာဖြစ်တယ်လို့ သူကက ပြောပါတယ်။

တစပ်တည်းမှာပဲ - လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ရဲကင်စခန်းကို အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်တာအပါအမဝင်၊ နိုဝင်ဘာ ၁၂ ရက်နေ့က မြန်မာစစ်တပ်က အရာရှိတဦး သတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီးတော့ သူက ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချတယ် လို့ ပြောပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တရားဥပဒေနဲ့ အညီ ဆောင်ရွက်နေတယ်လို့ တောက်လျှောက် တုံ့ပြန်ပြောဆို လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်ရက်တွေအတွင်းမှာ ပြည်တွင်းပြည်ပက သတင်းမီဒီယာတချို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရရဲ့ လုံခြုံရေးစောင့်ရှောက်မှု အစီအစဉ်တွေ သတင်းယူခွင့်ပေး သွားမှာဖြစ်တယ်လို့ မြန်မာအစိုးရက ဒီကနေ့ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG