အမေရိကန်နိုင်ငံခြားရေးဌာန၊ International Visitor Leadership အစီအစဉ်နဲ့ မြန်မာနိုင်ငံ အတွက် သီးခြား ပြုလုပ်ပေးတဲ့ - အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းအဖွဲ့များ ပူးပေါင်း ပါဝင်ရေးနိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း နယ်ပယ်က ကိုယ်စားလှယ် ၄ ဦးကို ဖိတ်ကြားပြီး မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ လာရောက် လေ့လာခွင့် ပြုခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ကျောက်ဖြူလူမှုကွန်ယက်အဖွဲ့က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ ကိုယ်ပိုင် ဓါတ်ပုံ ဗွီဒီယိုရိုက်ကူးရေး လုပ်ငန်း လုပ်ကိုင်နေသူလည်းဖြစ်တဲ့ ကိုထွန်းထွန်းနိုင်ကို အမေရိကန်မှာ ရှိနေစဉ် ဆက်သွယ် မေးမြန်းထားတာကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။