သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ SME အဖွဲ့ အမေရိကန်မှာ လာရောက် လေ့လာ


SME Deparment
SME Deparment

အမေရိကန်နိုင်ငံခြားရေးဌာန၊ International Visitor Leadership အစီအစဉ်နဲ့ မြန်မာ နိုင်ငံအတွက် သီးခြား ပြုလုပ်ပေးတဲ့ - အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းအဖွဲ့များ ပူးပေါင်း ပါဝင်ရေးနိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း နယ်ပယ်က ကိုယ်စားလှယ် ၄ ဦးကို ဖိတ်ကြားပြီး မတ်လ ၃၁ ရက် နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ လာရောက် လေ့လာခွင့် ပြုခဲ့ ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ စက်မှုဝန်ကြီးဌာန လက်အောက်ခံ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာန၊ နည်းပညာနှင့် ဈေးကွက်မြင့်တင်ရေးဌာနက ညွန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်ထွန်းကို အမေရိကန်မှာ ရှိနေစဉ် ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာ SME အဖွဲ့ အမေရိကန်မှာ လာရောက် လေ့လာ
please wait

No media source currently available

0:00 0:07:27 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG