သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးရုပ်အလောင်း ရန်ကင်းဆေးရုံက မှားပေး


ရန်ကင်းကလေးဆေးရုံ
ရန်ကင်းကလေးဆေးရုံ

ရန်ကုန်မြို့က ရန်ကင်းကလေးဆေးရုံမှာ သွေးရောဂါတမျိုးနဲ့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အလောင်းကို ဆေးရုံးဝန်ထမ်းတွေက လူမှားပေးလိုက်တဲ့အတွက် ကလေးမိဘတွေ သင်္ဂြိုလ်ခွင့်မရလိုက်တဲ့ ဖြစ်ရပ်အတွက် ရန်ကင်းဆေးရုံကို ဥပဒကြောင်းအရ အရေးယူပေးဖို့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဆေးရုံဝန်ထမ်းတချို့ရဲ့ ပေါ့ဆမှုကြောင့် တခြားမိသားစုတွေ သူတို့လို နောင်မှာ မခံစားရအောင် သက်ဆိုင်သူ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူပေးဖို့ ရဲစခန်းမှာ တိုက်ချက်ဖွင့်တာဖြစ်ကြောင်း အဒေါ်ဖြစ်သူက ရှင်းပြပါတယ်။

" ကျမတို့က ရဲစခန်းထဲမှာ တရားသွားစွဲခဲ့ပါတယ်။ ရဲဘက်ကနေ ဥပဒေအကြံပေးနဲ့ ဘယ်လို လုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ကျမတို့ တရားစွဲတယ် ဆိုတာကလည်း အများပြည်သူ နစ်နာတဲ့အတွက် ပြီးရင် နောက်လူတွေလဲ ဒီလို မခံစား ရအောင်ဆိုတဲ့ သဘောမျိုးနဲ့ပါ။ ကျမတို့ကတော့ ဘယ်ကလေးကိုပဲ ဖြစ်ဖြစ် ချစ်တယ်။ ဒါပေမယ့်ဒီလို ပစ်ထားရက်တဲ့အထဲ ဆွေမျိုးမဲ့ ဆိုတဲ့အထဲ မပါဘူးကွာ။ ဘယ်သူမဆို သားသမီးချင်း ကိုယ်ချင်းစာကြတယ်၊ အဲလိုသဘောပါပဲ "

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က အသက် (၄) လသားအရွယ် ကလေးငယ်ဟာ ရန်ကင်း ကလေးဆေးရုံမှာ ဆေးကုသမှုခံယူရင်း ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၀ နာရီ လောက်မှာ ကွယ်လွန်သွားတာပါ။ ကလေးငယ်ရဲ့ အလောင်းကို ရန်ကင်းဆေးရုံ ရေခဲတိုက်မှာ အပ်ထားခဲ့ပြီး သင်္ဂြိုလ်ဖို့အတွက် နောက်တနေ့ ၂၆ ရက်နေ့မှာ ပြင်ဆင် မှုတွေ လုပ်ဆောင်ပြီး ၂၇ ရက်နေ့မှာ သင်္ဂြိုလ်ဖို့အတွက် အလောင်းကို သွားတောင်းတဲ့ အချိန်မှာ သူတို့ကလေးအလောင်း မရှိတော့တာကို သိရှိခဲ့တာလို့ အဒေါ်ဖြစ်သူက ပြောပါတယ်။

ကွယ်လွန်သွားတဲ့ ကလေးငယ်ဟာ မိသားစုအတွက် သားဦး၊ မြေးဦးလေးဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ မိခင်ဖြစ်သူဟာလည်း ကလေးရဲ့စိတ်နဲ့ အခုချိန်ထိ စကားကောင်းကောင်း ပြောနိုင်ခြင်းမရှိသေးကြောင်းလည်း အဒေါ်ဖြစ်သူက ရှင်းပြပါတယ်။ ကလေးမိသားစုဟာ ခရစ်ယာန် ဘာသာဝင်တွေဖြစ်တဲ့အတွက် ကလေးငယ်ကို ခရစ်ယာန် ထုံးစံအရ သင်္ဂြိုလ်ခွင့်မရလိုက်တဲ့အတွက်လည်း သူတို့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

ကလေးရုပ်အလောင်း ဆေးရုံက မှားပေး
please wait

No media source currently available

0:00 0:01:50 0:00
တိုက်ရိုက် လင့်ခ်


မန

XS
SM
MD
LG