သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး ကန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေ ဖုန်းဆက်ဆွေးနွေး


အမေရိကန်သမ္မတ Donald Trump နဲ့ တောင်ကိုရီးယား သမ္မတ Moon Jae-in တို့ သောကြာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြ။
အမေရိကန်သမ္မတ Donald Trump နဲ့ တောင်ကိုရီးယား သမ္မတ Moon Jae-in တို့ သောကြာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြ။

မြောက်ကိုရီးယားနိုင်ငံအပေါ် အပြင်းထန်ဆုံး အရေးယူဒဏ်ခတ်မှုတွေ ဖိအားတွေပေးပြီး မြောက်ကိုရီးယားအစိုးရ တေ့ွဆုံဆွေးနွေးရေးစားပွဲဆီ ရောက်လာအောင် လုပ်ရမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေ ထပ်မံအခိုင်အမာပြောကြားခဲ့ကြကြောင်း တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။ အမေရိကန်သမ္မတ Donald Trump နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ သောကြာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြတယ်လို့ အစိုးရ ၂ ခုလုံးက တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ရန်ကို ကာကွယ်နိုင်ဖို့ တောင်ကိုရီးယားရဲ့ ဒုံးလက်နက်ရန် ကာကွယ်ရေးကို တိုးမြှင့်ဖို့အတွက်လည်း ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယားသမ္မတရုံးကပြောပါတယ်။

မြောက်ကိုရီးယားက ဒီသီတင်းပါတ်ထဲ နောက်ထပ် ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်ခဲ့ပြီးနောက် ဆွေးနွေးမှုဟာ အဖြေမဟုတ်ဘူးလို့ သမ္မတ Trump က Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါသေးတယ်။ မြောက်ကိုရီးယားအရေးနဲ့ပါတ်သက်လို့ သမ္မတရဲ့ ရပ်တည်ချက်ကို အိမ်ဖြူတော် သတင်းစာရှင်းပွဲမှာ မေးခဲ့တာမှာ စစ်ရေးနည်းလမ်းအပါအဝင် ဖြေရှင်းနိုင်မယ့် နည်းလမ်းအားလုံးကို စဉ်းစားထားတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sarah Huckabee Sanders ကဖြေကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG