သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နှင်ထုတ်သင့်-မသင့် ဆုံးဖြတ်ချက်ချရေး အိန္ဒိယတရားရုံး ရက်ရွှေ့ဆိုင်း


အိန္ဒိယတရားရုံးရှေ့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံနေတဲ့ အကျိုးဆောင်ရှေ့နေ Prashant Bhushan (အောက်တိုဘာ ၁၃-၂၀၁၇)
အိန္ဒိယတရားရုံးရှေ့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံနေတဲ့ အကျိုးဆောင်ရှေ့နေ Prashant Bhushan (အောက်တိုဘာ ၁၃-၂၀၁၇)

အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မွတ်စလင် ၄၀၀၀၀ ကို အိန္ဒိယအစိုးရအနေနဲ့ တိုင်းပြည်ကနေ နှင်ထုတ်နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး၊ အမိန့်ချမှတ်မယ့်နေ့ကို အိန္ဒိယတရားရုံးချုပ်က ရွှေ့ဆိုင်းလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ Prashant Bhushan က သောကြာနေ့မှာ ပြောပါတယ်။

တရားရုံးချုပ်က ဒီကိစ္စကို အလွန်အရေးကြီးတဲ့ကိစ္စအဖြစ်နဲ့ ရှုမြင်ထားပါတယ်။ တဘက်မှာက အမျိုးသားလုံခြုံရေးကိစ္စဖြစ်ပြီး၊ တဘက်မှာကလည်း ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကိစ္စဖြစ်နေပါတယ်။ ဒါကြောင့် တရားရုံးချုပ်အနေဲ့ ဒီကိစ္စကို သေချာကြားနာဖို့ လိုမှာဖြစ်ပါတယ်။ ဒါကြောင့် သူတို့က လာမယ့် နိုဝင်ဘ ၂၁ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ အဲဒီရုံးချိန်းမတိုင်ခင်အတွင်း ဘယ်သူကိုမှ မနှင်ထုတ်သင့်ဘူးလို့ ရှုမြင်ကြောင်း ရှေ့နေ Prashant Bhushant က ပြောသွားတာဖြစ်ပါတယ်။

အိန္ဒိယတရားရုံးချုပ်က မူလက ဒီကနေ့ သောကြာနေ့မှာ အမိန့်ချမှတ်ဖို့စီစဉ် ထားတာဖြစ်ပေမယ့်၊ တရားရုံးချုပ်အနေနဲ့ သူအမှုသည် ၂ ဦးရဲ့ အသနားခံလွှာကို ကြားချင်တာကြောင့် ဒီအမိန့်ကို လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့မှာ ချမှတ်ဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ ရှေ့နေ Prashant Bhushan က ပြောပါတယ်။ အဲဒီအသနားခံ လွှာထဲမှာတော့ ရိုဟင်ဂျာတွေကို တိုင်းပြည်ကနေ နှင်ထုတ်တာက လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့ ချေပထားပါတယ်။

အိန္ဒိယနိုင်ငံတဝှမ်းကမြို့တွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာစုစုပေါင်း ၄ သောင်းလောက်ရှိတယ်လို့ ခန့်မှန်းရပြီး၊ အဲဒီထဲကအများအပြားဟာ မြန်မာနိုင်ငံကနေ ၂၀၁၂ မှာ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရကတော့ - အဲဒီရိုဟင်ဂျာတွေထဲက တချို့တွေဟာအစွန်းရောက်တွေဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG