သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံရုံးတာဝန်ရှိသူတွေ ထိုင်းလိပ်ကျွန်းလူသတ်မှု သေဒဏ်ကျလူငယ် ၂ ဦးကို သွားရောက် တွေ့ဆုံ


ထောင်ဝင်စာ သွားတွေ့ကြတဲ့ သံဝန်ထမ်းများနဲ့ FED အဖွဲ့ဝင်များ (သတင်းဓာတ်ပုံ - FED)
ထောင်ဝင်စာ သွားတွေ့ကြတဲ့ သံဝန်ထမ်းများနဲ့ FED အဖွဲ့ဝင်များ (သတင်းဓာတ်ပုံ - FED)

ဗြိတိသျှလူငယ်၂ဦး ဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့အသတ်ခံရတဲ့ အမှုမှာ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့နောက်ဆုံးအယူခံနဲ့ပတ်သက်လို့ အစိုးရရှေနေ့ဘက်က လျောက်လဲချက်ပြန်တင်ဖို့ ရက်ပိုင်းပဲလိုတဲ့အချိန်မှာပဲ ဘန်ခွမ်အကျဉ်းထောင်မှာသေဒဏ်ပေးခံရတဲ့လူငယ် ၂ဦးကို ဘန်ကောက်မြန်မာသံရုံးက မြန်မာသံမှူးကြီး ဦးဆောင်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ဗြိတိသျှ လူငယ်၂ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ဦးရဲ့အယူခံအတွက် အစိုးရှေ့နေတွေဘက်က လျောက်လဲချက်ပေးရမယ့်ရက် နီးလာချိန်မှာ မြန်မာသံရုံးက သံမှူး ဦးချမ်းအေး ဦးဆောင်ပြီး ဘန်ခွမ်အကျဉ်းထောင်ထဲက မြန်မာလူငယ်၂ဦးကို သွားရောက်တေ့ွဆုံခဲ့ပါတယ်။

သံရုံးတာဝန်ရှိသူ သွားရောက်တေ့ွဆုံတာနဲ့ ပတ်သက်လို့ ထိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်း အဖွဲ့က အလုပ်သမားရေးရာနဲ့ မှတ်တမ်းဌာနတာဝန်ခံဦးမင်းဦးက အခုလိုပြောပြပါတယ်။
"သူတိုကိုအားပေးရင်းနဲ့အခု လာမယ့်၂၄ရက်နေ့မှာ တရားလိုဘက်က ဆွဲချတွေဘက်က ပြန်တင်တဲ့အယူခံစီစစ်တာပြည့်တော့မှာလေ။ ကလေးတွေကိုကျနော်တို့အားပေးရင်း အကျိုးအကြောင်းပြောရင်းနဲ့သွားတဲ့သဘောပေါ့လေ။ အမှုအခြေအနေ ဘယ်လိုရှိလဲ၊ အခက်အခဲဘာတွေရှိလဲ မေးတာတွေ ဘာတွေအကူညီပေးစေချင်လဲပေါ့ သူတိုပြောပြတဲ့ဟာတွေကို သံရုံးကအရာရှိတွေ သံရုံးက ထောင်အာဏာပိုင်တွေကိုတင်ပြပေးတာပေါ့လေ"
သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ယောက်ဖက်က နောက်ဆုံးအယူခံကို သြဂုတ်လ ၂၁ ရက်နေတုန်းက ကော့စမွေတရားရုံးကတဆင့် ထိုင်းဗဟို တရားရုံးချုပ်ကို တင်ထားခဲ့ပြီး စက်တင်ဘာလ ၁၈ရက်နေ့မှာတော့ တရားရုံးကနေ အယူခံကိုလက်ခံခဲ့တာပါ။

မြန်မာသံရုံး သံမှူးဦးချမ်းအေးသွားရောက်ခဲ့တဲ့ ဘန်ခွမ်အကျဉ်းထောင်ဟာ များသောအားဖြင့် သေဒဏ်ပေးခံထားရတဲ့သူတွေကိုထားတဲ့ ထောင်ဖြစ်တာကြောင့် တခြားအမူတွေနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေလည်းရှိနေတာပါ။ တဆောင်လုံးမှာ မြန်မာနိုင်ငံသားဘယ်လောက်ရှိသလဲဆိုတာကိုတော့စုံစမ်းနေဆဲဖြစ်ပြိး အခုလောလောဆယ် အဆောင် ၂ခုမှာတော့အကျဉ်းသား ၇ဦးလောက်ရှိတဲ့အတွက် သူတို့ကိုလည်းမြန်မာသံရုံးကလာတွေတဲ့အခါမှာ အကျဉ်းသားအားလုံးကို တချိန်တည်းမှာတွေခွင့်ရဖို့အတွက် ဆွေးနွေးမူတွေလုပ်ခဲ့တယ်လို့ကိုမင်းဦးကဆက်ပြောပြပါတယ်။
"ဘန်ခွမ်ထောင်ထဲမှာအကျဉ်းသားတွေ ရှိကြတယ် တချိန်တည်းမှာခေါ်တွေ့ဖို့ဖြစ်နိုင်မလားပေါ့ အားလုံးနဲ့တွေချင်တယ်ပေါ့ သူတိုက စာနဲ့တောင်းဆိုပါတဲ့အဆောင် (၂)မှာ ၃ယောက်ရှိတယ်။ အဆောင်(၅)မှာ ၄ယောက်ရှိတယ်။ အဲဒါတွေကိုတွေ့ခွင့်ရဖို့အတွက် သံရုံးကထောင်အရာရှိတွေကိုပြောခဲ့ပါတယ်"

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင်အပန်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဗြိတိသျှလူငယ် ၂ ဦးသတ်ခံခဲ့ရတာပါ။ ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ ၂ ယောက်ကို ၂၀၁၅ ခုနှစ်ကုန်မှာတော့ ထိုင်းနိုင်ငံ ကော့စမွေတရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ဆက်လက်ထိမ်းသိမ်းထားပါတယ်။ သေဒဏ်ပြစ်ဒဏ်အတွက် နောက်ဆုံးအယူခံကို တရားလိုဘက်က အစိုးရရှေနေတွေက မကြာခင် ရက်ပိုင်းမှာ လျှောက်လဲချက်ပေးတော့မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG