သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အခြေအနေ


မြန်မာပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကျော်ဆွေ နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အဆာဒူဇမန်ခန်းတို့ ဒါကာမြို့မှာ တွေ့ဆုံစဉ် (ဓါတ်ပုံ-အေပီ)
မြန်မာပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကျော်ဆွေ နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အဆာဒူဇမန်ခန်းတို့ ဒါကာမြို့မှာ တွေ့ဆုံစဉ် (ဓါတ်ပုံ-အေပီ)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေး လုပ်ငန်းစဉ် စတင်နိုင်ဖို့ ဒုက္ခသည် ၈၀၀၀ ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာဘက်ကို ပေးအပ်လိုက်ပါပြီ။ ဘင်္ဂလားဒေ့ရှ် ကို သုံးရက်တာခရီးရောက်ရှိနေတဲ့ မြန်မာပြည်ထဲရေးဝန်ကြီးကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက သူတို့စိစစ်ထားတဲ့ ဒုက္ခသည်စာရင်း ပေးအပ်လိုက်တာပါ။ မြန်မာအစိုးရဘက်က ဒုက္ခသည်တွေပြန်လည်စိစစ်လက်ခံမယ့်အခြေအနေ ဘယ်လိုရှိပါသလဲဆိုတာကို မဆုမွန်က ဆက်ပြောပြပါမယ်။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတဲ့ မြန်မာပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ ဒက္ကားမြို.တော်မှာ တွေ့ဆုံဆွေးနွေးအပြီးမှာ ဒီ ပြန်ပို့မယ့် ဒုက္ခသည် စာရင်းကို တရားဝင် ပေးအပ်လိုက်တာပါ။ ရိုဟင်ဂျာ အများစုပါဝင်တဲ့ ဒီ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်ကို နှစ်နိုင်ငံ အရင်သဘောတူခဲ့ပေမဲ့ ပြင်ဆင်မှုအားနည်းခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ရက်သတ္တပတ်တွေ့နဲချီ ရပ်ဆိုင်းခဲ့အပြီး၊ မြန်မာပြည်ထဲရေးဝန်ကြီးရောက်လာအပြီးမှာ ခုလို စတင်ဖို့ ပြင်ဆင်လာတာပါ။

ပြည်ထဲရေးဝန်ကြီး Khan က မြန်မာနိုင်ငံအစိုးရဘက်ခြမ်းကို ဒုက္ခသည်စာရင်းတွေ ပေးအပ်ခဲ့တာနဲ့ပတ်သက်လို့ သတင်းထောက်တွေကို အခုလိုရှင်းပြပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်လာတဲ့ ဒုက္ခသည်မိသားစုပေါင်း ၁၆၇၃ စုထဲက လူပေါင်း ၈၀၃၂ ဦး စာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပေးအပ်ခဲ့ရာမှာ မြန်မာဖက်က လိုလိုလားလားလက်ခံခဲ့ပြီး ဒီ လူတွေပြန်လက်ခံရေး စတင် စီစစ်လုပ်ဆောင်တော့မယ်လို့ ကျနော်တို့ကိုပြောပါတယ်။”

တကယ်တော့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး နယ်စပ်ကျော် ထွက်ပြေးလာခဲ့တဲ့ ရခိုင်ပြည်နယ်က ဒီ ဒုက္ခသည်ပေါင်း (၇) သိန်းနီးပါးကို ပြန်လည်ပို့ဆောင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှိ အစိုးရတွေအကြား ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ကတည်းက သဘောတူထားခဲ့ပြီးဖြစ်ပါတယ်။ ဒီအစီအစဉ်အရ ပြီးခဲ့တဲလမှာ ဒီပြန်ပို့ရေးအစီအစဉ် စတင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ပြင်ဆင်မှုအားနည်းခဲ့တာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဖက်က လုံခြုံရေးအာမခံချက်မရှိဘဲ မပြန်ချင်ဘူးလို့ ဆန့်ကျင်ခဲ့တာကြောင့် ဒီ အရင် အစီအစဉ်ကို ဆိုင်းငံထားခဲ့တာပါ။

မြန်မာအစိုးရဘက်က သူတို့ပေးအပ်လိုက်တဲ့ ဒုက္ခသည်စာရင်းတွေကို ပြန်လည်စိစစ်မယ့်ကိစ္စကိုလည်း ပြည်ထဲရေးဝန်ကြီး Khan က အခုလိုပြောပါတယ်။

“ မြန်မာဘက်က သူတို့နိုင်ငံသားတွေ ဟုတ်မဟုတ် အရင်ဆုံး စိစစ်စစ်ဆေးမှာပါ ပြီးတော့မှဆုံးဖြတ်အတည်ပြုပါမယ် ပြီးရင်တော့ ပြန်လည်လက်ခံရေးလုပ်ငန်းအစီစဉ်ကို ဘယ်လိုစတင်ကြမလဲဆိုတာကို ဒီကိုယ်စားလှယ်အဖွဲ့က ဆုံးဖြတ်ကြမှာပါ။

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကြားမှာ တိမ်းရှောင်နေကြတဲ ဒုက္ခသည်တွေအရေးလည်း ပြည်ထဲရေးဝန်ကြီး Khan က အခုလိုပြောပါတယ်။

“ အခုလောလောဆယ် နှစ်နိုင်ငံကြား -နယ်စပ်မှာ လူခြောက်ထောင်လောက်ရှိနေပါတယ် သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မဝင်လာသေးပါဘူး မြန်မာဘက်ခြမ်းမှာပဲ ရှိနေသေးတာပါ။ ဒီလူတွေရှိနေတာနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ကိုယ်စားလှယ် အဖွဲ့ဘက်က ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပြီလို့ ပြောပါတယ်။

လာမယ့် ၂၀ရက်နေ့ကျရင် မြန်မာဘက်ခြမ်းမှာ လုပ်မယ့် အစည်းအဝေးကို တက်ရောက်ဖို့ကိုလည်း မြန်မာပြည်ထဲရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေ နောက် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနဲ့ နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံး (Border Liaison Office) ဖွင့်လှစ်မည့်ကိစ္စရပ်တွေကို အဓိက ဆွေးနွေးု ဆွေးညှိနှိုင်းကြဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၅ရက်နေ့က စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သုံးရက်တာ ခရီးသွားရောက်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

အခုလို မြန်မာပြည်ထဲရေးဝန်ကြီးကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ဒုက္ခသည်စာရင်းတွေ ပေးအပ်လိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားအနီး ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကို ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးအပေါ် ဘယ်လိုဆန္ဒရှိကြပါသလဲဆိုတာ ဆက်သွယ်မေးမြန်းကြည့်ထားပါတယ်။ အပြည့်အစုံကို အောက်ပါအသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

XS
SM
MD
LG